သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS ေၾကာင့္ ပ်က္စီးခဲ့တဲ့ ဘုရားေက်ာင္းေနရာမွာ ပုပ္ရဟန္းမင္းႀကီးဆုေတာင္းပဲြလုပ္


အီရတ္ေျမာက္ပိုင္း၊ မုိဆူးလ္ၿမိဳ႕မွာ IS စစ္ေသြးႂကြေတြ ဖ်က္စီးခဲ့တဲ့ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ သားေကာင္ျဖစ္ခဲ့သူေတြအတြက္ ပုပ္ရဟန္းမင္း ဝတ္ျပဳဆုေတာင္းျခင္း။ (မတ္လ ၇၊ ၂၀၂၁)

Zawgyi/Unicode

ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဒီကေန႔ တနဂၤေႏြေန႔မွာ အီရတ္ႏိုင္ငံေျမာက္ပိုင္းကို ေရာက္ရွိခဲ့ၿပီး IS အစြန္းေရာက္ေတြေၾကာင့္ပ်က္စီးခဲ့တဲ့ ခရစ္ယာန္ဘုရားေက်ာင္း အပ်က္အစီးေနရာေတြမွာ ဆုေတာင္းပြဲေတြျပဳလုပ္ခဲ့ပါတယ္။

ပုပ္ရဟန္းမင္းႀကီးက ဒီကေန႔ Mosul ၿမိဳ႕ကို အရင္ဆုံးေရာက္ရွိခဲ့တာပါ။ Mosul ၿမိဳ႕ဟာ အရင္က IS စစ္ေသြးႂကြေတြ အခိုင္အမာေနရာယူခဲ့တဲ့ ၿမိဳ႕လည္းျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးက ဘုရားေက်ာင္း အပ်က္အစီးပုံေတြၾကား ၿမိဳ႕ေတာ္ရင္ျပင္မွာ ဆုေတာင္းပြဲက်င္းပၿပီး စစ္အတြင္း ေသဆုံးထိခိုက္ခဲ့ရ သူေတြအတြက္ ဆုေတာင္းပြဲျပဳလုပ္ခဲ့တာပါ။

“စစ္ပြဲေတြနဲ႔ လက္နက္ကိုင္ပဋိပကၡေတြၾကား သားေကာင္ျဖစ္ခဲ့ရသူေတြအတြက္ ဒီကေန႔ က်ေနာ္တို႔ အသံေတြ ပိုက်ယ္က်ယ္ေလာင္ေလာင္ ဆုေတာင္းေပးရပါမယ္။ ေၾကကြဲဖြယ္ စစ္ရဲ႕ အက်ိဳးဆက္ေတြ ကို ဒီ Mosul ၿမိဳ႕မွာ သိသိသာသာျမင္ႏိုင္ပါတယ္။ ဒီလို ဘာသာယဥ္ေက်းမႈစုံထြန္းကားရာေျမ၊ ေရွးေဟာင္း ဝတ္ျပဳဆုေတာင္းရာေနရာေတြရွိတဲ့ ဒီေနရာကို အခုလို ရက္ရက္စက္စက္ ဖိႏွိပ္ဖ်က္ဆီးခံရတာဟာ သိပ္ကို ရက္စက္ရာက်တယ” လို႔ ပုပ္ရဟန္းမင္းႀကီးကေျပာပါတယ္။

ဒါ့အျပင္ မူဆလင္၊ ခရစ္ယာန္နဲ႔ Yazidi တိုင္းရင္းသားေတြအပါအဝင္ လူေထာင္ေပါင္းမ်ားစြာ အၾကမ္းဖက္ေတြရဲ႕ ရက္ရက္စက္စက္ သတ္ျဖတ္သုတ္သင္တာကိုခံရၿပီး ေနရပ္ေျပာင္းေျပးရတာ အသတ္ခံရတာေတြအတြက္လည္း သူက ႁမြက္ဟေျပာၾကားခဲ့တာပါ။ ပုပ္ရဟန္းမင္းႀကီး Francis ဟာ Mosul ၿမိဳ႕ကေန Qaraqosh ၿမိဳ႕ကို ဆက္သြားခဲ့ၿပီး အဲဒီမွာ ေဒသခံေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

Baghdad ၿမိဳ႕ကို မျပန္ခင္မွာ ပုပ္ရဟန္းမင္းႀကီးက Erbil ၿမိဳ႕က အားကစားကြင္းတခုမွာ လူထု စုေဝးပြဲ က်င္းပဖို႔ရွိပါတယ္။COVID-19 ကပ္ေရာဂါ ဆိုင္ရာတားျမစ္ခ်က္ေတြေၾကာင့္ ဒီလူထုစုေဝးပြဲကို လူ ၁၀,၀၀၀ ေလာက္ပဲတက္ေရာက္ခြင့္ကန္႔သတ္ထားပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ တနလၤာေန႔ မနက္ပိုင္းမွာ အီတလီႏိုင္ငံကို ျပန္ဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

IS ကြောင့် ပျက်စီးခဲ့တဲ့ ဘုရားကျောင်းနေရာမှာ ပုပ်ရဟန်းမင်းကြီးဆုတောင်းပွဲလုပ်

ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ အီရတ်နိုင်ငံမြောက်ပိုင်းကို ရောက်ရှိခဲ့ပြီး IS အစွန်းရောက်တွေကြောင့်ပျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်း အပျက်အစီးနေရာတွေမှာ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ Mosul မြို့ကို အရင်ဆုံးရောက်ရှိခဲ့တာပါ။ Mosul မြို့ဟာ အရင်က IS စစ်သွေးကြွတွေ အခိုင်အမာနေရာယူခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားကျောင်း အပျက်အစီးပုံတွေကြား မြို့တော်ရင်ပြင်မှာ ဆုတောင်းပွဲကျင်းပပြီး စစ်အတွင်း သေဆုံးထိခိုက်ခဲ့ရ သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တာပါ။

“စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား သားကောင်ဖြစ်ခဲ့ရသူတွေအတွက် ဒီကနေ့ ကျနော်တို့ အသံတွေ ပိုကျယ်ကျယ်လောင်လောင် ဆုတောင်းပေးရပါမယ်။ ကြေကွဲဖွယ် စစ်ရဲ့ အကျိုးဆက်တွေ ကို ဒီ Mosul မြို့မှာ သိသိသာသာမြင်နိုင်ပါတယ်။ ဒီလို ဘာသာယဉ်ကျေးမှုစုံထွန်းကားရာမြေ၊ ရှေးဟောင်း ဝတ်ပြုဆုတောင်းရာနေရာတွေရှိတဲ့ ဒီနေရာကို အခုလို ရက်ရက်စက်စက် ဖိနှိပ်ဖျက်ဆီးခံရတာဟာ သိပ်ကို ရက်စက်ရာကျတယ” လို့ ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။

ဒါ့အပြင် မူဆလင်၊ ခရစ်ယာန်နဲ့ Yazidi တိုင်းရင်းသားတွေအပါအဝင် လူထောင်ပေါင်းများစွာ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်သုတ်သင်တာကိုခံရပြီး နေရပ်ပြောင်းပြေးရတာ အသတ်ခံရတာတွေအတွက်လည်း သူက မြွက်ဟပြောကြားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီး Francis ဟာ Mosul မြို့ကနေ Qaraqosh မြို့ကို ဆက်သွားခဲ့ပြီး အဲဒီမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Baghdad မြို့ကို မပြန်ခင်မှာ ပုပ်ရဟန်းမင်းကြီးက Erbil မြို့က အားကစားကွင်းတခုမှာ လူထု စုဝေးပွဲ ကျင်းပဖို့ရှိပါတယ်။ COVID-19 ကပ်ရောဂါ ဆိုင်ရာတားမြစ်ချက်တွေကြောင့် ဒီလူထုစုဝေးပွဲကို လူ ၁၀,၀၀၀ လောက်ပဲတက်ရောက်ခွင့်ကန့်သတ်ထားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့ မနက်ပိုင်းမှာ အီတလီနိုင်ငံကို ပြန်ဖို့ စီစဉ်ထားပါတယ်။

#PopleVisitsIraq #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG