တောင်ကိုရီးယားနိုင်ငံမှာ ၅ ရက်ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အာရှက Bishops ဂိုဏ်းအုပ် ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ရှိသလို အာရှတလွှားက Catholic လူငယ်များနေ့ ဆုတောင်းဝတ်ပြုပွဲမှာ ဦးဆောင်ဝတ်ပြုမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ မြောက် Chungcheong ပြည်နယ်က Haemi သူရဲကောင်း သူတော်မြတ်များ ဂူဗိမ္မာန်ကိုအရင်သွားပြီး
အာရှလူငယ်များနေ့ ပွဲတော်တက်နေကြတဲ့ အာရှက Bishops ဘုန်းတော်ကြီး ၆၀ နဲ့တွေ့ဆုံပါလိမ့်မယ်။
အဲဒီနေရာဟာ Joseon မင်းဆက်လက်ထက် ၁၈၆၆ ကနေ ၁၈၈၂ ခုနှစ် ကာလအတွင်း Roman Catholic ဘာသာဝင် ၁ ထောင်ကျော်
အရှင်မြှုပ်နှံခံခဲ့ရတဲ့နေရာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နှောင်းပိုင်းကျရင်တော့ ဗုဒ္ဓဟူးနေ့ကတည်းကစတင်ခဲ့တဲ့ အာရှလူငယ်များပွဲတော် ပိတ်ပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis ကဦးဆောင် ဝတ်ပြုမှာဖြစ်ပါတယ်။
စနေနေ့တုန်းကတော့ Seoul မြို့တော်မှာ လူအများအပြားတက်ရောက်ကြတဲ့ ဝတ်ပြုပွဲဆုတောင်းပွဲမှာ ၁၈ ရာစုနဲ့ ၁၉ ရာစုတွေအတွင်း ဘာသာယုံကြည်မှုကြောင့် အသတ်ခံခဲ့ရသူ ကိုရီးယား ၁၂၄ ယောက်ကို သူတော်မြတ်တွေအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။