သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာတနင်္ဂနွေဝတ်ပြုပွဲတွေကျင်းပ


RELIGION-EASTER/POPE
RELIGION-EASTER/POPE

ဒီနေ့ဟာ သခင်ယေရှုရှင် ပြန်ထမြောက်တဲ့ Easter တနင်္ဂနွေနေ့ဖြစ်တာနဲ့အတူ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေကို ကျင်းပနေကြပါတယ်။ Jerusalem (ဂျေရူဆလင်) မှာ သခင်ယေရှု ကားစင်တင်ခံရပြီး သူရှင်ပြန်ထမြောက်ခဲ့တယ်လို့ ယုံကြည်ကြသလို သူ့ရဲ့ ဂူဗိမ္မာန်ရှိတဲ့နေရာမှာ တည်ဆောက်ထားတဲ့ Holy Sepulchre (ဆက်ပိုကာလ်) ဘုရားရှိခိုးကျောင်းမှာ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ဒီနေ့လာရောက် ဝတ်ပြုခဲ့ကြပါတယ်။ Vatican က Saint Peter's ရင်ပြင်မှာကျင်းပတဲ့ အီစတာဝတ်ပြုပွဲ အခမ်းအနားမှာလည်း Catholic အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis က ဦးဆောင်ဝတ်ပြုခဲ့ပါတယ်။

လေပြွန်ယောင်လို့ ဆေးရုံတက်ကုသခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မှာတော့ ကျန်းကျန်းမာမာ ရှိနေပုံရပါတယ်။ ဒီနေ့ Saint Peter's ရင်ပြင်မှာ ကျင်းပတဲ့ ဝတ်ပြုပွဲကိုလည်း ကမ္ဘာနိုင်ငံစုံက ခရစ်ယာန်ဘာသာဝင် ထောင်သောင်းချီ လာရောက်ဆုတောင်းဝတ်ပြုခဲ့ကြပါတယ်။

စနေနေ့ညက St. Peter's Basilica ဘုရားရှိခိုးကျောင်းထဲမှာ ပြုလုပ်တဲ့ ဝတ်ပြုပွဲမှာလည်း ပုပ်ရဟန်းမင်းကြီး တက်ရောက်ဆုတောင်းပေးခဲ့ပါတယ်။ ကမ္ဘာကြီးမှာ၊ စစ်ပွဲတွေ၊ မမျှတမှုတွေ၊ ဆိုးယုတ်မှုတွေ၊ အဂတိလိုက်စားမှုတွေကြောင့် ကူရာကယ်ရာမဲ့ စိတ်ပျက် လက်ပျက်ဖြစ်နိုင်ပေမဲ့ မျှော်လင့်ချက် မလျှော့လိုက်ဖို့ ပုပ်ရဟန်းမင်းကြီးက အားပေးစကားပြောခဲ့ပါတယ်။

အခုလို ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်တဲ့ အီစတာတနင်္ဂနွေနေ့ ပွဲတော်ကို ဆင်နွဲနေကြသလို ဒီနှစ်မှာ ဂျူးလူမျိုးတို့ရဲ့ Passover ဘာသာရေးပွဲတော်၊၊ မွတ်ဆလင်တွေရဲ့ Ramadan ဥပုပ်လပွဲတော်ချိန်တို့နဲ့ တိုက်ဆိုင်နေပါတယ်။

==== Unicode =====





XS
SM
MD
LG