သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးနဲ့ သမ္မတ အိုဘားမား ဗာတီကန်မှာ တွေ့ဆုံ


Popeရဟန်းမင်းကြီး Francis နဲ့ Barack Obama တွေ့ဆုံစဉ်။ ( Vatican, မတ်လ ၂၇၊ ၂၀၁၄)
Popeရဟန်းမင်းကြီး Francis နဲ့ Barack Obama တွေ့ဆုံစဉ်။ ( Vatican, မတ်လ ၂၇၊ ၂၀၁၄)
ရိုမန်ကက်သလစ် အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို
အမေရိကန်သမ္မတ Barack Obama က ဗာတီကန်က ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကြီးထွားလာနေတဲ့ မညီမျှမှုတွေ တိုက်ဖျက်ရေးအတွက် နှစ်ယောက်လုံးရဲ့ သိန္နိဌာန် ချဆောင်ရွက်မှုတွေကို ပုပ်ရဟန်းမင်းကြီး Francis နဲ့ သမ္မတ အိုဘားမားတို့ရဲ့ ပထမဆုံး အကြိမ်တွေ့ဆုံမှုမှာ အဓိကဆွေးနွေးကြတယ်လို့ အိမ်ဖြူတော် ကပြောပါတယ်။ သူလေးစားရတဲ့ ပုပ်ရဟန်းမင်းကြီးကို တွေ့ဆုံခွင့်ရတာ သူ့အနေနဲ့ အင်မတန် ဂုဏ်ယူတယ်လို့ သမ္မတ အိုဘားမားက တွေ့ဆုံစဉ် မှာ ပြောကြားခဲ့ပါတယ်။

မိနစ် ၅၀ လောက် ပုပ်ရဟန်းမင်းကြီးနဲ့ သမ္မတတို့ သီးသန့်တွေ့ဆုံခဲ့ပြီးနောက်
ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ တရားစာအုပ်တအုပ်နဲ့ အမှတ်တံဆိပ် ၂ ခုကို
လက်ဆောင်ပေးခဲ့ပါတယ်။ သမ္မတအိုဘားမားကလဲ အိမ်ဖြူတော်ပန်းခြံထဲက
မျိုးစေ့သေတ္တာတခုကို ပုပ်ရဟန်းမင်းကြီးအတွက် လက်ဆောင်ပေးခဲ့ပါတယ်၊
ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်ကို လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး John Kerry, အမျိုးသား အကြံပေး Susan Rice နဲ့
အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney တို့ပါဝင်တဲ့ သမ္မတနဲ့လိုက်ပါလာတဲ့
အမေရိကန်အစိုးရတာဝန်ရှိသူတွေလဲ နောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးကို
တွေ့ဆုံခွင့်ရခဲ့ပါတယ်၊ ယူကရိန်းနဲ့ ရုရှား ကြား ဖြစ်နေတဲ့ ပြဿနာ
အဓိကလွှမ်းမိုးနေတဲ့ သမ္မတအိုဘားမားရဲ့ ဥရောပခရီးစဉ်အတွင်း အီတလီမှာ အခုလို ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

အီတလီ ခရီးစဉ်အတွင်း အီတလီသမ္မတ Giorgio Napolitano၊ ဝန်ကြီးချုပ် Matteo Renzi တို့နဲ့ သမ္မတအိုဘားမား တွေ့ဆုံမှာဖြစ်ပါတယ်၊ ယူကရိန်းရဲ့ ခရိုင်မီးယား ဒေသကို ရုရှားတို့က အတင်း သူတို့ပိုင်နက်အဖြစ် လုပ်တဲ့ကိစ္စကို ခေါင်းဆောင်တွေ အဓိကထားဆွေးနွေးမယ် လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG