သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ် ဗီယက်နမ် လာခွင့် မပြု

ကက်သလစ် ဆရာတော် Cardinal Francois-Xavier Van Thuan
ကက်သလစ် ဆရာတော် Cardinal Francois-Xavier Van Thuan

ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းချုပ်ရှိရာ ဗာတီကန်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ လာရောက်မယ့် အစီအစဉ်ကို ဗီယက်နမ်နိုင်ငံက လက်မခံ ငြင်းဆန်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကွယ်လွန်သူ ကက်သလစ် ဆရာတော် Cardinal Francois-Xavier Van Thuan ကို မှီလိုက်တဲ့သူတွေနဲ့ တွေ့ဆုံ စကားပြောဆိုဖို့ ပြီးခဲ့တဲ့ တပတ်ထဲ ဗီယက်နမ်နိုင်ငံကို လာဖို့ စီစဉ်ထားတဲ့ ဗာတီကန် ကျောင်းတော်က ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်ဝင်ခွင့် ဗီဇာတွေကို ပြန်လည် ရုပ်သိမ်းလိုက်တာလို့ ကက်သလစ် သတင်းဌာနတခုဖြစ်တဲ့ အေရှားနယူး (AsiaNews) နဲ့ ပြင်သစ်သတင်း ဌာနတွေက ဖော်ပြလိုက်ကြတာပါ။

ဗာတီကန် အသင်းတော်ကနေ သူတော်စင် တဦးအဖြစ် ချီးမြှောက်ဖို့ ဆုံးဖြတ်ရာမှာ ဆောင်ရွက်ရတဲ့ လုပ်ထုံး လုပ်နည်းတွေထဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို သိတဲ့သူတွေနဲ့ လူတွေ့ မေးမြန်းမှုတွေဟာ နောက်ဆုံး အဆင့်တဆင့် အဖြစ်နဲ့ အရေးကြီးလေ့ ရှိပါတယ်။ ဗီယက်နမ် အစိုးရကတော့ ဗာတီကန် ကိုယ်စားလှယ် တွေ ဗီဇာပယ်ဖျက်ခံရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဘုန်းတော်ကြီး Van Thuan ဟာဆိုရင် ကွန်မြူနစ် တပ်ဖွဲ့တွေလက်ထဲ မကျခံ သီတင်းတပတ်အလို (၁၉၇၅) ခုနှစ်မှာပဲ တောင်ဗီယက်နမ် ရဲ့ မြို့တော် ဆိုင်ဂုံမြို့ လက်ထောက် ဂိုဏ်းချုပ် ဆရာတော် အဖြစ် တာဝန် ပေးခံခဲ့ရ သူပါ။ ဗီယက်နမ် စစ်ပွဲ အဆုံးသတ်ခဲ့တဲ့နောက် ဟိုချီမင်းစီတီးအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့တဲ့ ဆိုင်ဂုံမြို့မှာပဲ ဘုန်းတော်ကြီး ဖမ်းဆီးခံခဲ့ရပြီး တရားရုံးတင် စစ်ဆေးခြင်း မရှိပဲ ၁၃ နှစ်ကျော် ဖမ်းဆီးခံ ခဲ့ရတာ လည်း ဖြစ်ပါတယ်။

ထိန်းသိမ်းရေး စခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကာလအတွင်း ဘုန်းတော်ကြီး Van Thuan စာရွက် အတိုအစ လေးတွေပေါ်မှာ ရေးသားပြီး တိတ်တဆိတ် ပြင်ပကို ခိုးထုတ်ခဲ့တဲ့ စာတွေကိုတော့ နောက်ပိုင်းမှာ မျှော်လင့်ချက် လမ်း ဆိုတဲ့ အမည်နဲ့ စာအုပ်အဖြစ် ထုတ်ဝေခဲ့တာပါ။ ဆရာတော်ဟာ ထိန်းသိမ်းခံ ထားရာက (၁၉၈၉) ခုနှစ်မှာ ပြန်လွတ် လာခဲ့ပေမဲ့ ရောမမြို့မှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီး (၂၀၀၂) ခုနှစ်မှာ ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG