သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံရှိ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ပုပ်ရဟန်းမင်း တွေ့ဆုံမည်


ဂရိနိုင်ငံ၊ Lesbos ကျွန်းမှာ နေရာချပေး ထားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ( ဧပြီ ၆၊ ၂၀၁၆)
ဂရိနိုင်ငံ၊ Lesbos ကျွန်းမှာ နေရာချပေး ထားတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ( ဧပြီ ၆၊ ၂၀၁၆)

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ ဂရိနိုင်ငံ၊ Lesbos ကျွန်းမှာ နေရာချပေး ထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဧပြီလ ၁၆ ရက်နေ့ မှာ သွားတွေ့မယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။

ခရစ်ယာန်အော်အိုဒေါ့က်စ် ဘုရားကျောင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီး Bartholomew နဲ့ ဂရိသမ္မတ Prokopis Pavlopoulos တို့ရဲ့ ဖိတ်ကြားချက်ကိုလက်ခံပြီး သွားရောက်မှာဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ ဘုန်းတော်ကြီး Bartholomew, အေသင်နဲ့ ဂရိနိုင်ငံလုံးဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Jerome II တို့လည်း ပုပ်ရဟန်းမင်းနဲ့အတူ Lesbos ကျွန်းကို သွားကြမှာပါ။

အခုခရီးစဉ်ဟာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းအပေါ် နိုင်ငံတကာက အာရုံစိုက်လာစေဖို့ အထိမ်းအမှတ်ပြု ခရီးစဉ်တခုအဖြစ် မြင်ကြပါတယ်။ ဒုက္ခသည်အများစုဟာ ဆီးရီးယားက စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာကြသူတွေပါ။ ဆီးရီးယားဒုက္ခသည်တွေနဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို အပြန်အလှန် လဲလှယ် ပို့ဆောင်မယ့် အစီအစဉ်ကို ပြန်ချိန်ညှိဖို့ ဥရောပသမဂ္ဂ EU ကြိုးစားနေရချိန်တာနဲ့အမျှ ပုပ်ရဟန်းမင်းရဲ့ခရီးစဉ်ကိစ္စ ကြေညာချက် ထွက်လာတာပါ။

ဒီအတောအတွင်းမှာပဲ ဂရိနိုင်ငံ၊ Piraeus ဆိပ်ကမ်းက ဒုက္ခသည်စခန်းမှာ ရှိနေသူတွေကြား တင်းမာမှုတွေ တိုးလာနေပါတယ်။ အဲဒီစခန်းကနေ တခြားနေရာတွေကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ ဒုက္ခသည်တွေကို တိုက်တွန်းနေတာပါ။

ဂရိနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းမှာ ရွှေ့ပြောင်းဒုက္ခသည် ၄၇၀၀ လောက် စခန်းချနေထိုင်နေတယ်လို့ ခန့်မှန်းထားပြီး ဗုဒ္ဓဟူး နေ့ကတော့ အဲဒီမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG