သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကျုးဘားကို ဆိုက်ရောက်


ရိုမန် ကတ်သလစ် (Roman Catholic) ဘာသာဝင် တွေရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (Benedict) ဟာ ကျူးဘာနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ ရောက်ရှိ သွားပါပြီ။ ပုပ်ရဟန်း မင်းကြီး ရဲ့ ဒီ ခရီးစဉ် ဟာ တချိန်က ဘာသာ တရား ကိုးကွယ်မှု မရှိတဲ့ ကွန်မြူနစ် ကျုးဘား နိုင်ငံမှာ ရိုမန် ကတ်သလစ် ဘာသာ သြဇာ လွှမ်းမိုးမှု အရှိန် မြင့်လာတဲ့ သဘော ဖြစ်ပါတယ်။ ကျူးဘားအစိုးရဆန့်ကျင်ရေးအဖွဲ့တွေ ကလည်း သူတို့ရဲ့ ကွန်မြူနစ်အစိုးရအပေါ် သဘောထား အမြင် တွေကို ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ် အတွင်းမှာ ဆွေးနွေးနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကျူးဘားနိုင်ငံ အရှေ့ပိုင်းက ဒုတိယ အကြီးဆုံး ဆန်ဒီယေးဂိုး (Santiago) မြို့ကို အရင်ဆုံး သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ဆန်ဒီယေးဂိုး မြို့မှာ ကျုးဘား သမ္မတ ရားအူး ကက်စထရို (Raul Castro) ကနေ ပုပ်ရဟန်း မင်းကြီးကို ခရီးဦး ကြိုဆိုမှာ ဖြစ်ပါတယ်။ ကျုးဘား ပြည်သူတွေက အထွဋ်အမြတ်ထားတဲ့ Virgin of Charity of El Cobre မယ်တော် ရုပ်ပွားတော် ပူဇော်တဲ့ အနှစ် လေးရာ မြောက် နှစ်ပတ်လည်နေ့ နဲ့လည်း ပုပ်ရဟန်း မင်းကြီး ဘက်နဒစ် (Benedict) ရဲ့ ခရီးစဉ်က တိုက်ဆိုင်နေပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မတိုင်မီ လေးရက် အလိုမှာဝန်းကျင်မှာ အစိုးရဆန့်ကျင်ရေးအဖွဲ့ဝင် (၇၀) အဖမ်းခံ ခဲ့ရတယ်လို့ အဖမ်းအဆီးတွေကို စောင့်ကြည့်တဲ့အဖွဲ့တွေကပြောပါတယ်။

အဲဒီ ဆန်ဒီယေးဂိုး မြို့မှာ ထင်ရှားကျော်ကြားတဲ့အတိုက်အခံ အဖြူရောင်ဝတ် အမျိုးသမီး (၁၅) ယောက် ထက်မနည်း အဖမ်းခံထားရတာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ကျူးဘားခေါင်းဆောင် ဖီးဒယ်လ် ကက်စထရို (Fidel Castro) ကို ဆန့်ကျင်မှုနဲ့ ၂၀၀၃ ခုနှစ်က အဖမ်းခံခဲ့ရသူ (၇၅) ယောက်ရဲ့ မိခင်တွေနဲ့ ဇနီးသည်တွေ ပါဝင်ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။

ဆန်ဒီယေးဂိုး (Santiago) မြို့ ကနေ ကျူးဘားနိုင်ငံရဲ့ မြို့တော် ဟာဗားနား (Havana) ကို ပုပ်ရဟန်းမင်းကြီး ခရီးဆက်ဖို့ ရှိပါတယ်။

XS
SM
MD
LG