သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်အန္တရာယ် တိုက်ဖျက်ဖို့ ပုပ်ရဟန်းမင်းကြီး မိန့်ကြား


ပုပ်ရဟန်းမင်းကြီး Francis ဟာ Mexico City မှာရှိတဲ့ Ecatepec ဆင်ခြေဖုန်းအရပ်မှာ ဝတ်ပြုဆုတောင်းပွဲကြီး ကျင်းပခဲ့။
ပုပ်ရဟန်းမင်းကြီး Francis ဟာ Mexico City မှာရှိတဲ့ Ecatepec ဆင်ခြေဖုန်းအရပ်မှာ ဝတ်ပြုဆုတောင်းပွဲကြီး ကျင်းပခဲ့။

မက္ကဆီကိုနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့က မြို့တော်၊ Mexico City မှာရှိတဲ့ Ecatepec ဆင်ခြေဖုန်းအရပ်မှာ ကက်သလစ်ဘာသာဝင်ပေါင်း ၃ သိန်းလောက် တက်ရောက်တဲ့ ဝတ်ပြုဆုတောင်းပွဲကြီး ကျင်းပခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ၅ ရက်ကြာ ခရီးစဉ်ရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ အကြမ်းဖက်မှုတွေ ဆန့်ကျင် ဟောပြောခဲ့ပါတယ်။

ဝင့်ဝါခြင်း၊ ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုတို့ကို လက်မခံ တွန်းလှန်ကြဖို့ ယုံကြည်သူတွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားရင်း မကောင်းဆိုးရွားတွေအတွက် ညှိနှိုင်းပြောဆိုမှုဆိုတာ ရှိမှာမဟုတ်ဘူးဆိုတာ ကျွနု်ပ်တို့ ခေါင်းထဲမှာ ထည့်ထားကြဖို့ လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။

ဝတ်ပြုပွဲအတွင်း နောက်ဆုံး ပြုလုပ်တဲ့ ဆုတောင်းမှုမှာတော့ တိုင်းပြည် ရှေ့ကို တိုးတက်ဖွံ့ဖြိုးရေးအတွက် မက္ကဆီကိုနိုင်ငံသားတွေအနေနဲ့ ထိပ်တန်းကနေ ရပ်တည် လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

XS
SM
MD
LG