သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး Francis ကို အမေရိကန်လှိုက်လှဲစွာကြိုဆို

President Barack Obama and first lady Michelle Obama greet Pope Francis upon his arrival at Andrews Air Force Base, Maryland, Sept. 22, 2015.
1/7 President Barack Obama and first lady Michelle Obama greet Pope Francis upon his arrival at Andrews Air Force Base, Maryland, Sept. 22, 2015.
President Barack Obama greets Pope Francis upon his arrival at Andrews Air Force Base, Md., Sept. 22, 2015.
2/7 President Barack Obama greets Pope Francis upon his arrival at Andrews Air Force Base, Md., Sept. 22, 2015.
U.S. President Barack Obama (R) welcomes Pope Francis upon his arrival at Joint Base Andrews outside Washington, D.C., Sept. 22, 2015.
3/7 U.S. President Barack Obama (R) welcomes Pope Francis upon his arrival at Joint Base Andrews outside Washington, D.C., Sept. 22, 2015.
Pope Francis, left, is greeted by U.S. President Barack Obama and first lady Michelle Obama upon his arrival at Joint Base Andrews outside Washington, Sept. 22, 2015.
4/7 Pope Francis, left, is greeted by U.S. President Barack Obama and first lady Michelle Obama upon his arrival at Joint Base Andrews outside Washington, Sept. 22, 2015.
Pope Francis talks with President Barack Obama, accompanied by first lady Michelle Obama, after arriving at Andrews Air Force Base in Maryland, Sept. 22, 2015.
5/7 Pope Francis talks with President Barack Obama, accompanied by first lady Michelle Obama, after arriving at Andrews Air Force Base in Maryland, Sept. 22, 2015.
Pope Francis waves from a Fiat 500 model after being driven from Joint Base Andrews outside Washington, Sept. 22, 2015.
6/7 Pope Francis waves from a Fiat 500 model after being driven from Joint Base Andrews outside Washington, Sept. 22, 2015.
Pope Francis is pictured abooard his aircraft while en route to the United States, Sept. 22, 2015
7/7 Pope Francis is pictured abooard his aircraft while en route to the United States, Sept. 22, 2015
Previous slide
Next slide

ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျူးဘားနိုင်ငံကတဆင့် ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မယ်ရီလန်းပြည်နယ် Andrew လေတပ် အခြေစိုက်စခန်း လေဆိပ်ကို ဆိုက်ရောက်လာပြီး သမ္မတ အိုဘားမားကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။

သူ့ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေအပြင် ဘာသာရေးလွတ်လပ်ခွင့်၊ ရွှေ့ပြောင်းအခြေချသူတွေ အရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းပြောဆိုဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်ကြီးရဲ့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင် က တင်ပြထားပါတယ်။

စက်တင်ဘာလ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ အမေရိကန်နိုင်ငံကို ကြွရောက်လာတဲ့ ပုပ်ရဟန်းမင်ကြီး Francis ကို သမ္မတ အိုဘားမားနဲ့ မိသားစုက လေဆိပ်မှာ ခရီးဦး ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တဦးကို လေဆိပ်မှာ လာကြိုတာဟာ အမေရိကန် သမ္မတတဦးအတွက် ရှားပါးတဲ့လုပ်ရပ် ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်ကြီးရဲ့ ၆ ရက်ကြာ အမေရိကန် ခရီးစဉ်အတွင်း ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ Philadelphia မြို့ ၃ မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပြီး နေ့လည်ပိုင်းမှာ ဝါရှင်တန်ဒီစီက Cathedral of St. Matthew ဘုရားကျောင်းမှာ ရိုမန်ကက်သလစ် ဘာသာဝင်တွေနဲ့အတူ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်မှာပါ။ အဲဒီဆုတောင်းပွဲကို တက်ရောက်မယ့် မယ်ရီလန်းပြည်နယ်က ဒေါ် Emily က ဝတ်ပြုပွဲ အစီအစဉ်ကို ပြောပြပါတယ်။

“သခင်ယေရှု ကာရနီတောင်ထိပ်မှာ လက်ဝါးကပ်တိုင်နဲ့ အသတ်ခံရတဲ့ပွဲကို တဖန်ပြန်လည်ပြီးမှ ခရစ်တော်ကို သတိရခြင်းအားဖြင့် အဲဒီပွဲကို ပြန်လည်ကျင်းပတာပေါ့နော်။ ပူဇော်ပွဲပေ့ါ။ လူသားအားလုံး အပြစ်ကို ကျွတ်ဖို့ ဘုရားက လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတာလေ။ အဲဒါ ခရစ်တော်က ဒီဥစ္စာကို သတိရခြင်းအားဖြင့် ဒီအမှုကိုပြုလော့လို့ မှာထားခဲ့တာလေ။ ဒါပေမဲ့ ရဟန်းတင်မြှောက်ပွဲလည်း ပါမယ်ဆိုတော့ နောက်ပြီး အခမ်းအနားတွေကလည်း အမျိုးစုံရှိမယ်လေ။ အဲတော့ ၂ နာရီလောက်ကြာမယ်လို့ ထင်ပါတယ်။”

အသက် ၇၈ နှစ်ရှိပြီး ရိုးဂုဏ်နဲ့ ကျော်ကြားသူ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်ကြီး Francis က သူ့ခရီးစဉ်အတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး စတဲ့ ကိစ္စတွေအပြင် ဘာသာရေး လွတ်လပ်ခွင့်နဲ့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချလာသူများ အရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်း ပြောဆိုဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်ကြီး Francis ရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ရိုမန်ကက်သလစ် အသင်းတော်က Father ဦးသန်းထွန်းက အခုလို မြင်ပါတယ်။

“အခု ဒီ ပုပ်ရဟန်းမင်းကြီး Francis နဲ့ အရင်တုန်းက လုပ်ခဲ့ကြတဲ့ ပုပ်ရဟန်းမင်းကြီးတွေနဲ့တော့ သူတို့ရဲ့ လက်ခံထားတဲ့ ကျောရိုးမာန်တိုင်ကတော့ အားလုံး အတူတူပဲလို့ ကျနော် မြင်ရတယ်။ ဒီပုပ်ရဟန်းမင်းကြီးကတော့ သူကတော့ အဓိကကတော့ ချစ်ခြင်းဆိုတဲ့ မေတ္တာတရားကို အဓိကထားပြီးတော့မှ လူတွေကို စာနာဖို့ တကယ် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးဖို့ပေါ့ ဒီ Homeless တွေ Refugee တွေ၊ Immigrants တွေကို အဲဒါတွေကို သူကနေ ပိုပြီးတော့မှ အဲလိုမျိုး အဓိကထားတယ်ပေါ့။ emphasize လုပ်တာတော့ ကျနော် တွေ့ရတယ်ဗျ။”

ပုပ်ရဟန်းမင်းကြီးဟာ စက်တာဘာလ ၂၄ ရက်ကျရင် အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး စက်တာဘာ ၂၅ ရက်နေ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားမှာပါ။ ပုပ်ရဟန်းမင်းကြီး ခုလို ရောက်လာချိန် အမေရိကန် နိုင်ငံတွင်းမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေး၊ လူဝင်မှုဥပဒေပြဿနာနဲ့ သန္ဓေသားဖျက်ချတဲ့ ကိစ္စတွေကို အပြန်အလှန် အငြင်းပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရွှေ့ပြောင်း အခြေချလာသူတွေနဲ့ဆိုင်တဲ့ အမေရိကန်လူဝင်မှုဥပဒေ ပြင်ဆင်ရေးကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ပြောဆိုမယ်လို့ မျှော်လင့်နေကြပါတယ်။ လိင်တူချစ်သူတွေ လက်ထပ်ခွင့်ရှိတဲ့ ဥပဒေကို အမေရိကန် ဗဟိုတရားရုံးက အတည်ပြုခဲ့ပြီး ၃ လ အကြာမှာ အမေရိကန်ပြည်ထောင်စုကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိလာတာဖြစ်ပြီး သူပထမဦးဆုံး ပြောမယ့်မိန့်ခွန်းကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

စက်တာဘာလ ၂၆ ရက်နေ့ Philadelphia မြို့မှာ ကျင်းပမယ့် “ကမ္ဘာတဝှမ်း မိသားစုများနဲ့ တွေ့ဆုံပွဲ”ကိုလည်း ပုပ်ရဟန်းမင်ကြီး တက်ရောက်ပါမယ်။ အဲဒီပွဲကို ကမ္ဘာတလွှားက ရိုမန်ကက်သလစ် ဘာသာဝင်တွေနဲ့အတူ မြန်မာ ရိုမန်ကက်သလစ် မိသားစုတွေလည်း တက်ရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံက ကက်သလစ်ဆရာတော် Bishop Felix Lain Khen Htane လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တာဘာ ၂၇ ရက် တနင်္ဂနွေ နေ့ကျရင် ပုပ်ရဟန်းမင်ကြီးဟာ ရောမမြို့ကို ပြန်လည်ကြွချီမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်ကြီး Francis ပေါ် လူကြိုက်များမှုနဲ့ ပတ်သက်လို့ New York Times သတင်းစာနဲ့ CBS သတင်းဌာနတွေက စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ ၆၃% က သူ့ကို နှစ်သက်ကြတယ်လို့ ဆိုပါတယ်ခင်ဗျာ။

This item is part of
XS
SM
MD
LG