သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ပထမဆုံး အာဖရိကခရီးစဉ်စတင်


ပုပ်ရဟန်းမင်းကြီး Francis ဟာ အာဖရိကဒေသ ပထမဆုံး တရားဝင်ခရီးစဉ်တခုကို ဒီကနေ့စတင်လိုက်ပြီး ကင်ညာ၊ ယူဂန်ဒါနဲ့ ဗဟို အာဖရိကသမ္မတနိုင်ငံတွေကို သွားဖို့ စီစဉ်ထားပါတယ်။

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ကို ဒီကနေ့ရောက်သွားပြီးတဲ့နောက် သမ္မတ Uhuru Kenyatta နဲ့ သံတမန်တွေကို နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံဖို့ရှိပါတယ်။

ကြာသပတေးနေ့မှာတော့ နိုင်ရိုဘီမြို့တော်က ဗာတီကန်နန်းတော်ရဲ့ သံရုံးမှာ ဘာသာပေါင်းစုံဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားပါ တယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ နိုင်ရိုဘီတက္ကသိုလ်မှာ ဝတ်ပြုပွဲတခု ကျင်းပမှာပါ။

သောကြာနေ့မှာတော့ နိုင်ရိုဘီမြို့တော်၊ Kangemi ဆင်းရဲသားရပ်ကွက်ကလူတွေကို သွားတွေ့ပြီး Kasarani အားကစားရုံမှာ လူငယ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

နောက်ပိုင်းခရီးထောက်တွေထဲမှာ ယူဂန်ဒါနိုင်ငံက ခရစ်ယာန်အာဇာနည်တွေရဲ့ ဘုရားကျောင်းကို သွားရောက်မှာဖြစ်သလို ဗဟို အာဖရိကသမ္မတနိုင်ငံက ပလီကျောင်းတခုနဲ့ ဒုက္ခသည်စခန်းတခုတို့ကိုလည်း သွားရောက်ပါမယ်။

အခုခရီးစဉ်အတွင်း ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်ချက်တွေ၊ နိမ့်ပါးသူတွေမှာ ရာသီဥတုပုံသဏ္ဍာန် အပြောင်းအလဲတွေ ကြောင့် ကြီးကြီးမားမား သက်ရောက်မှုဖြစ်ရတာတွေကို ပုပ်ရဟန်းမင်းက မီးမောင်းထိုးပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဘာသာကွဲအုပ်စုတွေအတွင်း ပဋိပက္ခဖြစ်တာတွေကိုလည်း ဒီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းက ဆွေးနွေးပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG