သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ပထမဆုံး အာဖရိကခရီးစဉ်စတင်

Pope Francis (L) stands next to Kenyan President Uhuru Kenyatta at the State House palace in Nairobi, Nov. 25, 2015.
1/5 Pope Francis (L) stands next to Kenyan President Uhuru Kenyatta at the State House palace in Nairobi, Nov. 25, 2015.
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ အာဖရိကခရီးစဉ် ပထမဆုံးခရီးထောက် ကင်ညာနိုင်ငံမှာ ရောက်နေပါပြီ။ ဒီခရီးစဉ်အတွင်း ယူဂန်ဒါနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။
Soldiers patrol as people wait for the arrival of Pope Francis, in Nairobi's State House, Nov. 25, 2015.
2/5 Soldiers patrol as people wait for the arrival of Pope Francis, in Nairobi's State House, Nov. 25, 2015.
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ အာဖရိကခရီးစဉ် ပထမဆုံးခရီးထောက် ကင်ညာနိုင်ငံမှာ ရောက်နေပါပြီ။ ဒီခရီးစဉ်အတွင်း ယူဂန်ဒါနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။
Pope Francis, center, waves to traditional dancers accompanied by Kenya's President Uhuru Kenyatta, left on his arrival at the airport in Nairobi, Nov. 25, 2015.
3/5 Pope Francis, center, waves to traditional dancers accompanied by Kenya's President Uhuru Kenyatta, left on his arrival at the airport in Nairobi, Nov. 25, 2015.
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ အာဖရိကခရီးစဉ် ပထမဆုံးခရီးထောက် ကင်ညာနိုင်ငံမှာ ရောက်နေပါပြီ။ ဒီခရီးစဉ်အတွင်း ယူဂန်ဒါနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။
Pope Francis smiles as he walks next to Kenyan President Uhuru Kenyatta (L) in Nairobi, Nov. 25, 2015.
4/5 Pope Francis smiles as he walks next to Kenyan President Uhuru Kenyatta (L) in Nairobi, Nov. 25, 2015.
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ အာဖရိကခရီးစဉ် ပထမဆုံးခရီးထောက် ကင်ညာနိုင်ငံမှာ ရောက်နေပါပြီ။ ဒီခရီးစဉ်အတွင်း ယူဂန်ဒါနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။
Kenyan daily newspapers' headlines show Pope Francis' visit, Nov. 25, 2015.
5/5 Kenyan daily newspapers' headlines show Pope Francis' visit, Nov. 25, 2015.
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ အာဖရိကခရီးစဉ် ပထမဆုံးခရီးထောက် ကင်ညာနိုင်ငံမှာ ရောက်နေပါပြီ။ ဒီခရီးစဉ်အတွင်း ယူဂန်ဒါနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။
Previous slide
Next slide

ပုပ်ရဟန်းမင်းကြီး Francis ဟာ အာဖရိကဒေသ ပထမဆုံး တရားဝင်ခရီးစဉ်တခုကို ဒီကနေ့စတင်လိုက်ပြီး ကင်ညာ၊ ယူဂန်ဒါနဲ့ ဗဟို အာဖရိကသမ္မတနိုင်ငံတွေကို သွားဖို့ စီစဉ်ထားပါတယ်။

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ကို ဒီကနေ့ရောက်သွားပြီးတဲ့နောက် သမ္မတ Uhuru Kenyatta နဲ့ သံတမန်တွေကို နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံဖို့ရှိပါတယ်။

ကြာသပတေးနေ့မှာတော့ နိုင်ရိုဘီမြို့တော်က ဗာတီကန်နန်းတော်ရဲ့ သံရုံးမှာ ဘာသာပေါင်းစုံဆုတောင်းပွဲလုပ်ဖို့ စီစဉ်ထားပါ တယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ နိုင်ရိုဘီတက္ကသိုလ်မှာ ဝတ်ပြုပွဲတခု ကျင်းပမှာပါ။

သောကြာနေ့မှာတော့ နိုင်ရိုဘီမြို့တော်၊ Kangemi ဆင်းရဲသားရပ်ကွက်ကလူတွေကို သွားတွေ့ပြီး Kasarani အားကစားရုံမှာ လူငယ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

နောက်ပိုင်းခရီးထောက်တွေထဲမှာ ယူဂန်ဒါနိုင်ငံက ခရစ်ယာန်အာဇာနည်တွေရဲ့ ဘုရားကျောင်းကို သွားရောက်မှာဖြစ်သလို ဗဟို အာဖရိကသမ္မတနိုင်ငံက ပလီကျောင်းတခုနဲ့ ဒုက္ခသည်စခန်းတခုတို့ကိုလည်း သွားရောက်ပါမယ်။

အခုခရီးစဉ်အတွင်း ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်ချက်တွေ၊ နိမ့်ပါးသူတွေမှာ ရာသီဥတုပုံသဏ္ဍာန် အပြောင်းအလဲတွေ ကြောင့် ကြီးကြီးမားမား သက်ရောက်မှုဖြစ်ရတာတွေကို ပုပ်ရဟန်းမင်းက မီးမောင်းထိုးပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဘာသာကွဲအုပ်စုတွေအတွင်း ပဋိပက္ခဖြစ်တာတွေကိုလည်း ဒီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းက ဆွေးနွေးပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG