သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အော့ဇ်ဝစ်ဇ် အကျဉ်းစခန်း သွားကြည့်


 အော့ဇ်ဝစ်ဇ် သေမင်းတမန် အကျဉ်းစခန်းဟောင်းကို ပုပ်ရဟန်းမင်းကြီး သွားရောက်ကြည့်ရှု။ (ဇူလိုင် ၂၉၊ ၂၀၁၆)
အော့ဇ်ဝစ်ဇ် သေမင်းတမန် အကျဉ်းစခန်းဟောင်းကို ပုပ်ရဟန်းမင်းကြီး သွားရောက်ကြည့်ရှု။ (ဇူလိုင် ၂၉၊ ၂၀၁၆)

ပိုလန်နိုင်ငံမှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ ဒီကနေ့ အော့ဇ်ဝစ်ဇ် သေမင်းတမန် အကျဉ်းစခန်းဟောင်းကို သွားရောက်ကြည့်ရှုပါတယ်။ အကျဉ်းစခန်းထဲက “အလုပ်လုပ်ရင် လွတ်မြောက်မယ်” လို့ အဓိပ္ပါယ်ရမယ့် Work Sets You Free ဆိုတဲ့စာသားကို ဂျာမန် ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်အောက်ကနေ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ပုပ်ရဟန်းမင်ကြီးက ခေါင်းငုံ့ပြီး ဆိတ်ငြိမ်စွာပဲ ဖြတ်လျှောက်ပါတယ်။

ဂျူးလူမျိုးအများစုဖြစ်တဲ့ လူပေါင်း ၁ သန်းလောက်ဟာ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း နာဇီတွေရဲ့ လက်ချက်နဲ့ ဒီအကျဉ်းစခန်း မှာ သေဆုံးခဲ့ကြရတာပါ။ ဒီစခန်းကနေ အသက်မသေဘဲ လွတ်မြောက်ခဲ့သူ သက်ကြီးရွယ်အို တဦးချင်းစီနဲ့လည်း နောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံပါတယ်။

အဲဒီနောက် အကျဉ်းသားတွေကို စီရင်တဲ့ သေမင်းတမန် နံရံမှာအဖြူရောင် ဖယောင်းတိုင်ကြီးကို ပုပ်ရဟန်းမင်းက ထွန်းညှိပါတယ်။ ပုပ်ရဟန်းမင်းရဲ့ ငါးရက်ကြာ ပိုလန်နိုင်ငံခရီးစဉ် သုံးရက်မြောက်နေ့မှာ ဒီ အော်ဇ်ဝစ်ဇ် အကျဉ်းစခန်းကို သွားတာပါ။

ကြာသပတေးနေ့တုန်းက Czestochowa မြို့က Black Madonna ဘုရားကျောင်းကို သွားရင်းနဲ့ ပုပ်ရဟန်းမင်းကြီး ချော်လဲ ခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ပိုလန်နိုင်ငံက နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သတင်းထောက်တွေ နဲ့ တွေ့ဆုံသလို သူ့ကိုတွေ့ဖို့ လာကြသူတွေကိုလည်း Krakow မြို့ ဘုန်းတော်ကြီးကျောင်း ပြူတင်းပေါက်ကနေ နှုတ်ဆက်ခဲ့ပါတယ်။ အခု ခရီးစဉ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ရဲ့ အရှေ့ဥရောပဒေသ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG