သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vatican တနင်္ဂနွေ ဝတ်ပြုပွဲ ပုပ်ရဟန်းမင်းကြီး ဦးဆောင်မှာမဟုတ်


ပုပ်ရဟန်းမင်းကြီး Francis (Photo by OSSERVATORE ROMANO / AFP)
ပုပ်ရဟန်းမင်းကြီး Francis (Photo by OSSERVATORE ROMANO / AFP)

Vatican မှာ တနင်္ဂနွေနေ့တိုင်း ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်မှာ မဟုတ်ဘူးလို့ Vatican တာဝန်ရှိသူတွေ ဒီနေ့ ပြောကြားလိုက်ပါတယ်။ အခုလို တနင်္ဂနွေ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီး Francis ဦးမဆောင်နိုင်တာ သီတင်း၂ ပတ်ဆက်တိုက် ရှိပါပြီ။

အသက်ရှုခက်ခဲလို့ ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထဲက ဆေးရုံတက်ခဲ့ရပြီး အဆုတ် ၂ ခုလုံး ယောင်ယမ်းမှုအတွက် ကုသခံနေရပါတယ်။ ညတုန်းက ပုပ်ရဟန်းမင်းကြီး ကောင်းကောင်းအနားယူနိုင်ခဲ့တယ်ဆိုတဲ့ ကြေညာချက်အတိုလေးပဲ ဒီနေ့ Vatican က ထုတ်ပြန်ပါတယ်။ အရင်နေ့တွေတုန်းကတော့ သူထပြီး မနက်စာ စားနိုင်တယ်ဆိုတာမျိုးပါ ဖော်ပြခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ အသက်အန္တရာယ် လက်ငင်းစိုးရိမ်စရာ မရှိပေမဲ့ အန္တရာယ်ကင်းတဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ သူကို ကုသပေးနေတဲ့ ဆရာဝန်တွေက သောကြာနေ့တုန်းက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်း ကက်သလစ်ဘာသာဝင် ၁.၄ ဘီလျံနီးပါးရှိတဲ့ ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး Francis ကျန်းမာရေးအတွက် စိုးရိမ်နေကြချိန်မှာပဲ သူ့အရိုက်အရာကို ဘယ်သူဆက်ခံမလဲဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ၂၀၁၃ ခုနှစ်ထဲက ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ယူနေခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG