သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict စ်ာပန ဗာတီကန္မွာက်င္းပ 


ပုပ္ရဟန္းမင္းႀကီး Francis ဦးေဆာင္ဝတ္ျပဳဆုေတာင္းေပးေနစဥ္

[[Zawgyi/Unicode]]

ဒီဇင္ဘာ ၃၁ ရက္က သက္ေတာ္ ၉၅ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားတဲ့ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ရဲ႕ စ်ာပနကို ဗာတီကန္မွာ ဒီေန႔ က်င္းပတာမွာ St. Peter's Square ရင္ျပင္မွာ ပရိတ္သတ္ ေထာင္ ေသာင္းခ်ီ လာေရာက္ ဝတ္ျပဳဆုေတာင္းခဲ့ၾကပါတယ္။

ပုပ္ရဟန္းမင္းႀကီး Benedict ေနရာကို ဆက္ခံခဲ့တဲ့ လက္ရွိပုပ္ရဟန္းမင္းႀကီး Francis က စ်ာပနအခမ္းအနားမွာ ဦးေဆာင္ဝတ္ျပဳခဲ့ပါတယ္။ Catholic အသင္းေတာ္ရဲ႕ကမာၻတဝန္းက အႀကီးအကဲေတြ၊ ဘယ္လ္ဂ်ီယံႏိုင္ငံနဲ႔ စပိန္ႏိုင္ငံေတြက ဘုရင္နဲ႔မိဖုရားေတြအျပင္ ပုပ္ရဟန္းမင္းႀကီးရဲ႕ေမြးရပ္ ဂ်ာမနီနဲ႔အီတလီတို႔ကေစလႊတ္တဲ့ အစိုးရကိုယ္စားလွယ္ေတြ စ်ာပနအခမ္းအနား တက္ေရာက္ၾကပါတယ္။

တျခားႏိုင္ငံေတြကလည္း ဗာတီကန္ဆိုင္ရာ သံတမန္ေတြကို ကိုယ္စားျပဳ ေစလႊတ္ခဲ့ၾကပါတယ္။ တနလၤာေန႔ကတည္းက ပုပ္ရဟန္းမင္းႀကီးရဲ႕႐ုပ္အေလာင္းကို St. Peter’s Basilica ဘုရားေက်ာင္းထဲမွာ အမ်ားျပည္သူ ၾကည့္ရႈဂါရဝျပဳႏိုင္ေအာင္ထားရွိခဲ့တာမွာ သုံးရက္အတြင္း လူ တသိန္းေျခာက္ေသာင္းေလာက္ လာေရာက္ ဂါရဝျပဳ ႏႈတ္ဆက္ၾကပါတယ္။

ပုပ္ရဟန္းမင္းႀကီး Benedict ရဲ႕ဆႏၵအတိုင္း Basilica ဘုရားေက်ာင္း ေျမေအာက္ခန္းထဲမွာ အေလာင္းကို ျမွဳပ္ႏွံသၿဂႋဳဟ္မွာျဖစ္ၿပီး အမ်ားျပည္သူေရွ႕မဟုတ္ဘဲ သီးသန႔္အခမ္းအနားနဲ႔ ျမွဳပ္ႏွံမွာ ျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းတာဝန္ကေန ၂၀၁၃ ခုႏွစ္မွာ အနားမယူခင္ ၈ ႏွစ္ၾကာ ပုပ္ရဟန္းမင္းတာဝန္ထမ္းေဆာင္ခဲ့သမွ်ကို လက္ေရးနဲ႔ေရးသားထားတဲ့မွတ္တမ္းကို သတၱဳနဲ႔လုပ္ထားတဲ့ စလင္ဒါထဲထည့္ၿပီး သူ႔ရဲအေခါင္းထဲမွာ အတူျမွဳပ္ႏွံမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

======================

[[Unicode]]

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဈာပန ဗာတီကန်မှာကျင်းပ

ဒီဇင်ဘာ ၃၁ ရက်က သက်တော် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ရဲ့ ဈာပနကို ဗာတီကန်မှာ ဒီနေ့ ကျင်းပတာမှာ St. Peter's Square ရင်ပြင်မှာ ပရိတ်သတ် ထောင် သောင်းချီ လာရောက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး Benedict နေရာကို ဆက်ခံခဲ့တဲ့ လက်ရှိပုပ်ရဟန်းမင်းကြီး Francis က ဈာပနအခမ်းအနားမှာ ဦးဆောင်ဝတ်ပြုခဲ့ပါတယ်။ Catholic အသင်းတော်ရဲ့ကမ္ဘာတဝန်းက အကြီးအကဲတွေ၊ ဘယ်လ်ဂျီယံနိုင်ငံနဲ့ စပိန်နိုင်ငံတွေက ဘုရင်နဲ့မိဖုရားတွေအပြင် ပုပ်ရဟန်းမင်းကြီးရဲ့မွေးရပ် ဂျာမနီနဲ့အီတလီတို့ကစေလွှတ်တဲ့ အစိုးရကိုယ်စားလှယ်တွေ ဈာပနအခမ်းအနား တက်ရောက်ကြပါတယ်။

တခြားနိုင်ငံတွေကလည်း ဗာတီကန်ဆိုင်ရာ သံတမန်တွေကို ကိုယ်စားပြု စေလွှတ်ခဲ့ကြပါတယ်။ တနင်္လာနေ့ကတည်းက ပုပ်ရဟန်းမင်းကြီးရဲ့ရုပ်အလောင်းကို St. Peter’s Basilica ဘုရားကျောင်းထဲမှာ အများပြည်သူ ကြည့်ရှုဂါရဝပြုနိုင်အောင်ထားရှိခဲ့တာမှာ သုံးရက်အတွင်း လူ တသိန်းခြောက်သောင်းလောက် လာရောက် ဂါရဝပြု နှုတ်ဆက်ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ဆန္ဒအတိုင်း Basilica ဘုရားကျောင်း မြေအောက်ခန်းထဲမှာ အလောင်းကို မြှုပ်နှံသြင်္ဂိုဟ်မှာဖြစ်ပြီး အများပြည်သူရှေ့မဟုတ်ဘဲ သီးသန့်အခမ်းအနားနဲ့ မြှုပ်နှံမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းတာဝန်ကနေ ၂၀၁၃ ခုနှစ်မှာ အနားမယူခင် ၈ နှစ်ကြာ ပုပ်ရဟန်းမင်းတာဝန်ထမ်းဆောင်ခဲ့သမျှကို လက်ရေးနဲ့ရေးသားထားတဲ့မှတ်တမ်းကို သတ္တုနဲ့လုပ်ထားတဲ့ စလင်ဒါထဲထည့်ပြီး သူ့ရဲအခေါင်းထဲမှာ အတူမြှုပ်နှံမှာဖြစ်ပါတယ်။

XS
SM
MD
LG