ဥရောပချန်ပီယံလိဂ်ဖလား ဖိုင်နယ်မှာ နာမည်ကြီး ရီးယဲလ်မက်ဒရစ်က အက်တလက်တီကို မက်ဒရစ်ကို အနိုင်ရပြီးတော့ ဥရောပဖလားကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲသွားခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ စနေနေ့က ကစားကြတာမှာ ရီးယဲလ်မက်ဒရစ်က မြို့ခံ ပြိုင်ဘက် အက်တလက်တီကို မက်ဒရစ်ကို အချိန်ပိုကစားပြီး ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီးတော့ ဥရောပချန်ပီယံ ဖြစ်သွားတာပါ။
အက်တလက်တီကိုက ဂိုဒင် ၃၆ မိနစ်မှာ ဂိုးအရင်သွင်းခဲ့လို့ အက်တလက်တီကို ဦးဆောင်ခဲ့ပြီး ရီးယဲလ်အတွက် ချေပဂိုးကိုတော့ ဒဏ်ရာရအချိန်ပို ၅ မိနစ်ပြည့်ဖို့ ၁ မိနစ်အလိုမှာ နောက်တန်းလူ ဆာဂျီယို ရားမို့စ်က ခေါင်းတိုက်ပြီးသွင်းပေးခဲ့တာပါ။ အချိန်ပိုမှာတော့ အက်တလက်တီကိုအသင်းဟာ ရီးယဲလ်တိုက်စစ်ကို တောင့်မခံနိုင်တော့ ရီးယဲလ်အတွက် ဒုတိယနဲ့ တတိယဂိုးကို Gareth Bale, Marcelo တို့ကသွင်းပေးခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ရိုနာလ်ဒို ပယ်နယ်တီကနေ တဆင့်သွင်းခဲ့တာပါ။
ရီးယဲလ်နည်းပြ အန်ချလော့တီကတော့ “အသင်းအတွက် အခုလို အနိုင်ရအောင် လုပ်ပေးနိုင်တဲ့အတွက် အလွန်ပဲဝမ်းမြောက်မိကြောင်း ဒီဖလားဟာ သိပ်ကိုအရေးကြီးတယ်” လို့ပြောပါတယ်။ အက်တလက်တီကိုနည်းပြ ဆီမီယိုနီကတော့ “ဒုတိယပိုင်းမှာ ရီးယဲလ် ပိုကောင်းကြောင်း၊ ဒဏ်ရာရနေတဲ့ ကော့စတာကို ထည့်တာ သူမှားသွားပြီး ဒီအရှုံးက ခါးသည်းကြောင်း ဒါပေမဲ့ သူတို့ အစွမ်းကုန်ကြိုးစားခဲ့တယ်” လို့ ပြောသွားပါတယ်။
ရီးယဲလ်အတွက် ဒါဟာ ဥရောပဖလားကို ၁၀ ကြိမ်ရတာဖြစ်ပြီး အများဆုံးစံချိန်တင်ထားတာ ဖြစ်ပါတယ်။
ဥရောဖလားကို အေစီမီလန်က ၇ ကြိမ်၊ ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်တို့က ၅ ကြိမ်စီရထားပါတယ်။ ဒီဖလားဟာ အန်ချလော့တီအတွက်တော့ နည်းပြအဖြစ်နဲ့ ၃ ကြိမ် ရတာဖြစ်ပြီး ရိုနာလ်ဒိုအတွက်တော့ ဒုတိယအကြိမ်ရတာပါ။