သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ်တူဂီ ပထမဆုံးအကြိမ် ယူရို ချန်ပီယံဖြစ်


ပေါ်တူဂီ ပထမဆုံးအကြိမ် ယူရို ချန်ပီယံဖြစ်
ပေါ်တူဂီ ပထမဆုံးအကြိမ် ယူရို ချန်ပီယံဖြစ်

ဥရောပဖလား ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတာမှာ ပေါ်တူဂီအသင်းက အိမ်ရှင် ပြင်သစ်အသင်းကို ၁ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ဥရောပချန်ပီယံဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

ဘောလုံးဝါသနာရှင် အများစုက အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တဲ့ အိမ်ရှင် ပြင်သစ်အသင်းဟာ ပွဲစဉ်တလျှောက် ခြေအသာနဲ့ ဖိကစားခဲ့ပြီး အကြိမ်ကြိမ် ဂိုးသွင်းခွင့် ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဘောလုံးပွဲစပြီး ၂၅ မိနစ်အကြာမှာ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး Cristiano Ronaldo ခြေထောက်ဒဏ်ရာရပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရတာကြောင့် ပေါ်တူဂီအသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပေမယ့် ပြင်သစ်အသင်းရဲ့ ထိုးစစ်ဆင်လာမှုတွေ စံနစ်တကျ ခုခံ ကာကွယ်နိုင်ခဲ့ပါတယ်။

သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ပဲ ဖြစ်နေရာက အချိန်ပို ကစားကြတာမှာ နောက်ပိုင်းမှာ လူစားထိုးဝင်လာတဲ့ Eder က ၁၀၉ မိနစ်မှာ ပေါ်တူဂီအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်း ကျန်နေတဲ့ ၁၁ မိနစ်မှာ ပြင်သစ်အသင်းက ဂိုးပြန်သွင်းနိုင်ဖို့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရှိပဲ ၁ ဂိုး ၊ ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒါဟာ ဥရောပဖလား ချန်ပီယံပြိုင်ပွဲမှာ ပေါ်တူဂီနိုင်ငံအသင်းအနေနဲ့ ပထမဆုံး အနိုင်ရခြင်းလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဥရောပဖလား ချံပီယံပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ဗိုလ်လုပွဲကို တက်ခဲ့ပေမယ့် ဂရိအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့တာပါ။

အကောင်းဆုံး အားကစားသမားအဖြစ် ပေါ်တူဂီအသင်းရဲ့ နောက်တန်း အလယ်လူ Pepe က ရရှိသွားပါတယ်။

ပေါ်တူဂီ ပထမဆုံးအကြိမ် ယူရို ချန်ပီယံဖြစ်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG