စစ္ေကာင္စီနဲ႔ ဝန္ႀကီးအဖြဲ႔မွာ အေျပာင္းအလဲတခ်ဳိ ႔လုပ္လာတာက၊ တည္ၿငိမ္လုံျခဳံေရး၊ ႏိုင္ငံျခားဆက္ဆံေရးနဲ႔ စီးပြားေရးေတြ မွန္းခဲ့သလို မျဖစ္လာတာကို ျပန္တည့္ႏိုင္ေရး ရည္႐ြယ္ပုံရတယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။ စစ္အာဏာသိမ္းအၿပီး ၂ ႏွစ္အၾကာ စစ္ေကာင္စီထဲ အရင္အရပ္ဘက္ပါတီထက္၊ အခုတပ္ဘက္က ပိုမ်ားသြားၿပီး၊ ဝန္ႀကီးအဖြဲ႔မွာလည္း လုံျခဳံေရးဆိုင္ရာဝန္ႀကီးဌာနတခ်ဳိ ႔ကို ဒုဝန္ႀကီးခ်ဳပ္အဆင့္ထိ ေပးလိုက္တာက ထူးျခားတယ္လို႔ ဒီသုံးသပ္သူေတြက ဆိုပါတယ္။ ေနာက္ ၆ လ သက္တမ္းတိုးၿပီး၊ ႏိုင္ငံျခားေရးဝန္ႀကီးသစ္ခန္႔ကာ၊ စီးပြားဆိုင္ရာဝန္ႀကီးကိုလည္း ဒုဝန္ႀကီးခ်ဳပ္အဆင့္ တင္ေပးတဲ့ စစ္ေကာင္စီက၊ စစ္အုပ္ခ်ဳပ္ေရးပါ ေဒသတခ်ဳိ ႔မွာ တိုးခ်လာရာမွာ၊ ဘယ္လို သက္ေရာက္လာႏိုင္ပါလဲ။ ကိုဝင္းမင္းက ေမးျမန္းတင္ျပေပးထားပါတယ္။
အခုလို စစ္ေကာင္စီအတြင္း လူအေျပာင္းအလဲတခ်ဳိ ႔ လုပ္လာတာရဲ ႔ ထူးျခားမႈအေပၚ ထိုင္းႏုိင္ငံ ခ်င္းမိုင္တကၠသိုလ္ လူမႈ႔သိပၸံဌာနက သုေတသီ ကိုမင္းေသ့က ...
"လူေျပာင္းလိုက္ျခင္းအားျဖင့္ လက္ရိွထိန္းခ်ဳပ္ေနတဲ့ လုပ္ေဆာင္ေနတဲ့ ကိစၥရပ္ေတြကို ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ပံုရတယ္။ သို႔ေသာ္ အဲဒီကိစၥက အခု စစ္အာဏာသိမ္းၿပီး (၂) နွစ္ျပည့္ကာလမွ - တကယ္တမ္းေျပာရရင္ စစ္အာဏာမသိမ္းခင္ကတည္းက စစ္ေကာင္စီဟာ အခုအခ်ိန္အထိ ေျမစမ္းခရမ္းပ်ဳိးလုပ္ေနဆဲပဲဆုိတာကို သိသာထင္ျခားတယ္။ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘူးဆိုတာလည္း သိသာထင္ရွားတဲ့ အခ်က္ ျဖစ္ပါတယ္။"
ဒီထူးျခားမႈအေပၚ သီေပါၿမိဳ ႔နယ္ လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္းကလည္း
"နစက စစ္ေကာင္စီကို အရင္က ပါဝင္ဖြဲ႔စည္းထားတဲ့ ပါတီစံုဆိုတာမွာလည္း အရင္ NLD နဲ႔ မတည့္ခဲ့တဲ့ ဦးသိန္းညႊန္႔၊ ဦးခင္ေမာင္ေဆြ၊ တုိင္းရင္းသားပါတီေတြက ပုဂၢိဳလ္မ်ားကိုေတာ့ ဒီတေခါက္မွာ စစ္ေကာင္စီထဲကေန ထုတ္ပစ္လိုက္ၿပီးေတာ့ တပ္က ပုဂၢိဳလ္မ်ားပဲ အဓိက ပါဝင္ၿပီးေတာ့၊ ေနာက္တခါ အစိုးရအဖြဲ႔မွာကေတာ့ ဒုဝန္ႀကီးခ်ဳပ္မွာ ငါးဦး ခန္႔ထားတာကို ေတြ႔ရတယ္။ အခုလို ထပ္ၿပီးေတာ့ သက္တမ္းေျခာက္လ တုိးလိုက္တဲ့ကာလ၊ နစက အုပ္ခ်ဳပ္ရမယ့္ကာလက ဒီထက္ပိုၾကာႏုိင္တယ္လို႔လည္း မွန္းဆထားတယ္လို႔လည္း ယူဆရတယ္။ ဒါေၾကာင့္မို႔ ဒီအစိုးရအဖြဲ႔ကိုလည္း ပိုၿပီိးေတာ့ တာဝန္ယူႏိုင္ေအာင္ တိုးခ်ဲ ႔ဖြဲ႔စည္းတယ္။"
အရင္ ဒုဝန္ႀကီးခ်ဳပ္တဦးအျဖစ္ ဒုဗိုလ္ခ်ဳပ္ႀကီးစိုးဝင္းပဲ ရိွခဲ့ရာကေန အခုေတာ့ ကာကြယ္ေရး၊ ျပည္ထဲေရး၊ ပို႔ေဆာင္ဆက္သြယ္ေရးအျဖစ္ စီမံဘ႑ာဝန္ႀကီးပါ၊ ဒုဝန္ႀကီးခ်ဳပ္သစ္ ေလးဦး ခန္႔လာတဲ့အေပၚ ကိုမင္းေသ့က ...
"ဒုဝန္ႀကီးခ်ဳပ္တပါးနဲ႔ပဲ မလံုေလာက္တဲ့ အေနအထား ရိွတယ္ထင္တယ္။ အဲဒါေၾကာင့္ပဲ က႑အလိုက္ ဦးစားေပးေတြမွာ ဒုဝန္ႀကီးခ်ဳပ္ အခြင့္အာဏာမ်ဳိးကို ျဖန္႔ၿပီးေပးၿပီးေတာ့ တည္ၿငိမ္ေရးနဲ႔ အထူးသျဖင့္ နယ္ေျမစိုးမိုးေရးနဲ႔ ပတ္သက္ၿပီးေတာ့ အဓိကဦးစားေပး ရည္ရြယ္တယ္လို႔ထင္တယ္။ ၿပီးေတာ့ ႏုိင္ငံျခားေရးဝန္ႀကီး အေျပာင္းအလဲနဲ႔ ပတ္သက္ၿပီးေတာ့ အမွန္က အာဆီယံမွာပဲၾကည့္ၾကည့္၊ လံုၿခံဳေရးေကာင္စီမွာပဲၾကည့္ၾကည့္ ကုလသမဂၢမွာပဲၾကည့္ၾကည့္ စစ္ေကာင္စီက (၂) ႏွစ္တာကာလအတြင္း သံခင္းတမန္ခင္းကိစၥမွာ အေတာ္အရွံဳးရတယ္ဆိုတာကို ေတြ႔ရတယ္။ အထူးသျဖင့္ သူအမာခံလို႔ ယူဆထားတဲ့ လံုၿခံဳေရးေကာင္စီလိုဟာမ်ဳိးမွာ တရုတ္ရဲ ႔ ၿငိဳျငင္မႈကို ခံရတယ္။"
ႏုိင္ငံျခားေရးဝန္ႀကီးေဟာင္း ဦးဝ႑ေမာင္လြင္ စစ္ေကာင္စီကို ေရာက္သြားၿပီး ကုလသမဂၢအပါအဝင္ အေနာက္ႏုိင္ငံေတြမွာ အဓိကတာဝန္က်ခဲ့တဲ့ ဦးသန္းေဆြကို အစားထိုးခန္႔အပ္လိုက္တဲ့အေပၚမွာလည္း ဦးရဲထြန္းက ...
"အထူးသျဖင့္ေတာ့ အာဆီယံတို႔လို အိမ္နီးခ်င္းႏုိင္ငံေတြအျပင္ အေမရိကန္တို႔လို အေနာက္အုပ္စု ႏုိင္ငံေတြနဲ႔လည္း ဆက္ဆံေရး ပိုၿပီးေတာ့ ေျပေျပလည္လည္ ျဖစ္ခ်င္ပံု ရပါတယ္။ ဆက္ဆံေရးမွာ နည္းနည္းတင္းမာတဲ့ သေဘာထားရိွတဲ့လူကို ေပ်ာ့ေပ်ာင္းတဲ့လူနဲ႔ အစားထိုးတာလို႔ မွတ္ယူရပါတယ္။"
တခ်ိန္တည္းမွာ ၾကာသပေတးေန႔တုန္းက စစ္အုပ္ခ်ဳပ္ေရးပါ ခ်င္း၊ စစ္ကိုင္း၊ မေကြး၊ ကယား၊ ကရင္၊ မြန္၊ တနသၤာရီက ၿမိဳ ႔တခ်ဳိ ႔မွာ ခ်လာတဲ့အေပၚ ဦးရဲထြန္းက ...
"သူတုိ႔ ထိန္းခ်ဳပ္မႈ ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါး ျဖစ္ေနတဲ့ ၿမိဳ ႔ေပါင္းေလးဆယ္နီးပါးကိုလည္း စစ္အုပ္ခ်ဳပ္ေရး ေၾကညာလိုက္တယ္။ အဲဒီဟာက ထိထိေရာက္ေရာက္၊ ဖိဖိစီးစီး လုပ္ဖို႔ဆိုရင္ စစ္ေရးသာမက၊ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ကိုပါ အာရံုစိုက္ၿပီး လုပ္ဖို႔လိုတယ္ဆိုတာကို နားလည္လာတဲ့အခါမွာ ဒီလိုျဖန္႔ခြဲၿပီးေတာ့ တာဝန္္ေပးအပ္တယ္လို႔ ထင္တယ္။ သူတေယာက္တည္း မႏုိင္ေတာ့ဘူးေပါ့။ ေျခာက္လအတြင္းမွာေတာ့ ႏုိင္ႏုိင္နင္းနင္း အေျခအေနကို ပံုမွန္ျပန္ေရာက္သြားေအာင္ လုပ္ဖို႔ေတာ့ မျဖစ္ႏုိင္ဘူးလို႔ ထင္ပါတယ္။"
စစ္အုပ္ခ်ဳပ္ေရးရဲ ႔ သက္ေရာက္လာတဲ့အေပၚကိုလည္း ကိုမင္းေသ့က ...
"စစ္အုပ္ခ်ဳပ္ေရး ေၾကညာတဲ့ဘက္ေတြမွာ နယ္ေျမလံုၿခံဳေရး၊ နယ္ေျမတည္ၿငိမ္ေရး ဖိဖိစီးစီးလုပ္ဖို႔ အထူးညႊန္ၾကားခ်က္ပံုသ႑ာန္မ်ဳိးနဲ႔ ဦးစားေပးလုပ္ဖုိ႔ ရည္ရြယ္တယ္လုိ႔ ထင္တယ္။ အထူးသျဖင့္ ေရြးေကာက္ပြဲကို တႏုိင္ငံလံုး အတိုင္းအတာအထိ တၿပိဳင္နက္တည္း တခ်ိန္တည္း က်င္းပဖို႔ လံုးဝမျဖစ္ႏုိင္္ေတာ့တဲ့ အေျခအေနျဖစ္ေၾကာင္းကို သူကိုယ္တုိင္လည္းသိတယ္။ ၿပီးေတာ့ လက္ေတြ႔မွာလည္း အဲဒီလို ျဖစ္ေနတယ္။ အဲဒီေတာ့ အထူးသျဖင့္ ဘာလဲဆိုေတာ့ အေရးေပၚကာလအေျခအေန ရိွေနသေရြ ႔ အေရးေပၚကာလကို ေျခာက္လ-ေျခာက္လ သက္တမ္းတုိးသြားၿပီးေတာ့ ဆက္လက္အာဏာကို ထိန္းသိမ္းသြားဖို႔ပဲ ရည္ရြယ္ဟန္တူတယ္။ ေရြးေကာက္ပြဲလုပ္မယ္ဆိုရင္ေတာင္မွ စစ္အုပ္ခ်ဳပ္ေရး ေၾကညာေသာ နယ္ေျမေဒသတို႔မွာ ဦးစားေပးၿပီး မက်င္းပါဘူး။ စစ္အုပ္ခ်ဳပ္ေရး မေၾကညာေသာနယ္ေျမေတြမွာ ပထမဦးစားေပးအေနနဲ႔ စီမံခ်က္ခ်မယ္လို႔ ေတြ႔ရတယ္။"
ေရွ ႔မွာ ဆက္ျဖစ္လာဖို႔ကိုလည္း ဦးရဲထြန္းက ...
"အခုလို တင္းတင္းၾကပ္ၾကပ္ လုပ္လိုက္တဲ့အတြက္ေၾကာင့္မို႔ တဘက္မွာလည္း နစကရဲ ႔ အုပ္ခ်ဳပ္ေရးကို ပိုၿပီးေတာ့ တိုးခ်ဲ ႔တုိက္ခိုက္လာတာမ်ဳိး ရိွႏုိင္ပါတယ္။ အဲဒီေတာ့ အခ်ိန္တိုအတြင္း ျပႆနာကို ၿငိမ္ဝပ္ပိျပားေအာင္ မေဆာင္ရြက္ႏုိင္ဘူးဆိုရင္ ေရြးေကာက္ပြဲကလည္း ျဖစ္ေပၚလာဖုိ႔ မလြယ္ဘူး။ ႏွစ္ဘက္စလံုးက အျပဳတ္တိုက္ေရးကိုပဲ ဆုပ္ကိုင္ထားၿပီးေတာ့ ေစ့စပ္ေဆြးေႏြးေရးကို ျငင္းပယ္ထားသမွ်ေတာ့ ျပည္သူလူထုပဲ ေသေၾကဒဏ္ရာရၿပီးေတာ့ အမ်ားႀကီးဒုကၡေရာက္ၾကပါလိမ့္မယ္။"
အခုလို အခ်ိန္မွာ အရင္တုန္းကလည္း စစ္အုပ္ခ်ဳပ္ေရးကို ရန္ကုန္က လိႈင္သာယာ၊ ေရႊျပည္သာ၊ ေတာင္ဒဂံု၊ ေျမာက္ဒဂံု၊ ဒဂံုဆိပ္ကမ္းနဲ႔ ေျမာက္ဥကၠလာစတဲ့ ေျခာက္ၿမိဳ ႔နယ္မွာ ၂၀၂၁ ခုႏွစ္ မတ္လကတည္းက ခ်ခဲ့တာကို ျပန္မရုတ္ေသးဘူးလို႔ ေစာင့္ၾကည့္အကဲခတ္သူေတြက ဆိုပါတယ္။
==== Unicode ====
စစ်ကောင်စီနဲ့ ဝန်ကြီးအဖွဲ့မှာ အပြောင်းအလဲတချို့လုပ်လာတာက၊ တည်ငြိမ်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေးနဲ့ စီးပွားရေးတွေ မှန်းခဲ့သလို မဖြစ်လာတာကို ပြန်တည့်နိုင်ရေး ရည်ရွယ်ပုံရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ စစ်အာဏာသိမ်းအပြီး ၂ နှစ်အကြာ စစ်ကောင်စီထဲ အရင်အရပ်ဘက်ပါတီထက်၊ အခုတပ်ဘက်က ပိုများသွားပြီး၊ ဝန်ကြီးအဖွဲ့မှာလည်း လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတချို့ကို ဒုဝန်ကြီးချုပ်အဆင့်ထိ ပေးလိုက်တာက ထူးခြားတယ်လို့ ဒီသုံးသပ်သူတွေက ဆိုပါတယ်။ နောက် ၆ လ သက်တမ်းတိုးပြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ်ခန့်ကာ၊ စီးပွားဆိုင်ရာဝန်ကြီးကိုလည်း ဒုဝန်ကြီးချုပ်အဆင့် တင်ပေးတဲ့ စစ်ကောင်စီက၊ စစ်အုပ်ချုပ်ရေးပါ ဒေသတချို့မှာ တိုးချလာရာမှာ၊ ဘယ်လို သက်ရောက်လာနိုင်ပါလဲ။ ကိုဝင်းမင်းက မေးမြန်းတင်ပြပေးထားပါတယ်။
အခုလို စစ်ကောင်စီအတွင်း လူအပြောင်းအလဲတချို့ လုပ်လာတာရဲ့ ထူးခြားမှုအပေါ် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် လူမှု့သိပ္ပံဌာနက သုတေသီ ကိုမင်းသေ့က ...
"လူပြောင်းလိုက်ခြင်းအားဖြင့် လက်ရှိထိန်းချုပ်နေတဲ့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်မယ်လို့ မျှော်လင့်ပုံရတယ်။ သို့သော် အဲဒီကိစ္စက အခု စစ်အာဏာသိမ်းပြီး (၂) နှစ်ပြည့်ကာလမှ - တကယ်တမ်းပြောရရင် စစ်အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီဟာ အခုအချိန်အထိ မြေစမ်းခရမ်းပျိုးလုပ်နေဆဲပဲဆိုတာကို သိသာထင်ခြားတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဆိုတာလည်း သိသာထင်ရှားတဲ့ အချက် ဖြစ်ပါတယ်။"
ဒီထူးခြားမှုအပေါ် သီပေါမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းကလည်း
"နစက စစ်ကောင်စီကို အရင်က ပါဝင်ဖွဲ့စည်းထားတဲ့ ပါတီစုံဆိုတာမှာလည်း အရင် NLD နဲ့ မတည့်ခဲ့တဲ့ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားပါတီတွေက ပုဂ္ဂိုလ်များကိုတော့ ဒီတခေါက်မှာ စစ်ကောင်စီထဲကနေ ထုတ်ပစ်လိုက်ပြီးတော့ တပ်က ပုဂ္ဂိုလ်များပဲ အဓိက ပါဝင်ပြီးတော့၊ နောက်တခါ အစိုးရအဖွဲ့မှာကတော့ ဒုဝန်ကြီးချုပ်မှာ ငါးဦး ခန့်ထားတာကို တွေ့ရတယ်။ အခုလို ထပ်ပြီးတော့ သက်တမ်းခြောက်လ တိုးလိုက်တဲ့ကာလ၊ နစက အုပ်ချုပ်ရမယ့်ကာလက ဒီထက်ပိုကြာနိုင်တယ်လို့လည်း မှန်းဆထားတယ်လို့လည်း ယူဆရတယ်။ ဒါကြောင့်မို့ ဒီအစိုးရအဖွဲ့ကိုလည်း ပိုပြီးတော့ တာဝန်ယူနိုင်အောင် တိုးချဲ့ဖွဲ့စည်းတယ်။"
အရင် ဒုဝန်ကြီးချုပ်တဦးအဖြစ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းပဲ ရှိခဲ့ရာကနေ အခုတော့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပို့ဆောင်ဆက်သွယ်ရေးအဖြစ် စီမံဘဏ္ဍာဝန်ကြီးပါ၊ ဒုဝန်ကြီးချုပ်သစ် လေးဦး ခန့်လာတဲ့အပေါ် ကိုမင်းသေ့က ...
"ဒုဝန်ကြီးချုပ်တပါးနဲ့ပဲ မလုံလောက်တဲ့ အနေအထား ရှိတယ်ထင်တယ်။ အဲဒါကြောင့်ပဲ ကဏ္ဍအလိုက် ဦးစားပေးတွေမှာ ဒုဝန်ကြီးချုပ် အခွင့်အာဏာမျိုးကို ဖြန့်ပြီးပေးပြီးတော့ တည်ငြိမ်ရေးနဲ့ အထူးသဖြင့် နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ အဓိကဦးစားပေး ရည်ရွယ်တယ်လို့ထင်တယ်။ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ အမှန်က အာဆီယံမှာပဲကြည့်ကြည့်၊ လုံခြုံရေးကောင်စီမှာပဲကြည့်ကြည့် ကုလသမဂ္ဂမှာပဲကြည့်ကြည့် စစ်ကောင်စီက (၂) နှစ်တာကာလအတွင်း သံခင်းတမန်ခင်းကိစ္စမှာ အတော်အရှုံးရတယ်ဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် သူအမာခံလို့ ယူဆထားတဲ့ လုံခြုံရေးကောင်စီလိုဟာမျိုးမှာ တရုတ်ရဲ့ ငြိုငြင်မှုကို ခံရတယ်။"
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဍမောင်လွင် စစ်ကောင်စီကို ရောက်သွားပြီး ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေမှာ အဓိကတာဝန်ကျခဲ့တဲ့ ဦးသန်းဆွေကို အစားထိုးခန့်အပ်လိုက်တဲ့အပေါ်မှာလည်း ဦးရဲထွန်းက ...
"အထူးသဖြင့်တော့ အာဆီယံတို့လို အိမ်နီးချင်းနိုင်ငံတွေအပြင် အမေရိကန်တို့လို အနောက်အုပ်စု နိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ပိုပြီးတော့ ပြေပြေလည်လည် ဖြစ်ချင်ပုံ ရပါတယ်။ ဆက်ဆံရေးမှာ နည်းနည်းတင်းမာတဲ့ သဘောထားရှိတဲ့လူကို ပျော့ပျောင်းတဲ့လူနဲ့ အစားထိုးတာလို့ မှတ်ယူရပါတယ်။"
တချိန်တည်းမှာ ကြာသပတေးနေ့တုန်းက စစ်အုပ်ချုပ်ရေးပါ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီက မြို့တချို့မှာ ချလာတဲ့အပေါ် ဦးရဲထွန်းက ...
"သူတို့ ထိန်းချုပ်မှု တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ မြို့ပေါင်းလေးဆယ်နီးပါးကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်။ အဲဒီဟာက ထိထိရောက်ရောက်၊ ဖိဖိစီးစီး လုပ်ဖို့ဆိုရင် စစ်ရေးသာမက၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပါ အာရုံစိုက်ပြီး လုပ်ဖို့လိုတယ်ဆိုတာကို နားလည်လာတဲ့အခါမှာ ဒီလိုဖြန့်ခွဲပြီးတော့ တာဝန်ပေးအပ်တယ်လို့ ထင်တယ်။ သူတယောက်တည်း မနိုင်တော့ဘူးပေါ့။ ခြောက်လအတွင်းမှာတော့ နိုင်နိုင်နင်းနင်း အခြေအနေကို ပုံမှန်ပြန်ရောက်သွားအောင် လုပ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။"
စစ်အုပ်ချုပ်ရေးရဲ့ သက်ရောက်လာတဲ့အပေါ်ကိုလည်း ကိုမင်းသေ့က ...
"စစ်အုပ်ချုပ်ရေး ကြေညာတဲ့ဘက်တွေမှာ နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေး ဖိဖိစီးစီးလုပ်ဖို့ အထူးညွှန်ကြားချက်ပုံသဏ္ဍာန်မျိုးနဲ့ ဦးစားပေးလုပ်ဖို့ ရည်ရွယ်တယ်လို့ ထင်တယ်။ အထူးသဖြင့် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာအထိ တပြိုင်နက်တည်း တချိန်တည်း ကျင်းပဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်ကြောင်းကို သူကိုယ်တိုင်လည်းသိတယ်။ ပြီးတော့ လက်တွေ့မှာလည်း အဲဒီလို ဖြစ်နေတယ်။ အဲဒီတော့ အထူးသဖြင့် ဘာလဲဆိုတော့ အရေးပေါ်ကာလအခြေအနေ ရှိနေသရွေ့ အရေးပေါ်ကာလကို ခြောက်လ-ခြောက်လ သက်တမ်းတိုးသွားပြီးတော့ ဆက်လက်အာဏာကို ထိန်းသိမ်းသွားဖို့ပဲ ရည်ရွယ်ဟန်တူတယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှ စစ်အုပ်ချုပ်ရေး ကြေညာသော နယ်မြေဒေသတို့မှာ ဦးစားပေးပြီး မကျင်းပါဘူး။ စစ်အုပ်ချုပ်ရေး မကြေညာသောနယ်မြေတွေမှာ ပထမဦးစားပေးအနေနဲ့ စီမံချက်ချမယ်လို့ တွေ့ရတယ်။"
ရှေ့မှာ ဆက်ဖြစ်လာဖို့ကိုလည်း ဦးရဲထွန်းက ...
"အခုလို တင်းတင်းကြပ်ကြပ် လုပ်လိုက်တဲ့အတွက်ကြောင့်မို့ တဘက်မှာလည်း နစကရဲ့ အုပ်ချုပ်ရေးကို ပိုပြီးတော့ တိုးချဲ့တိုက်ခိုက်လာတာမျိုး ရှိနိုင်ပါတယ်။ အဲဒီတော့ အချိန်တိုအတွင်း ပြဿနာကို ငြိမ်ဝပ်ပိပြားအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲကလည်း ဖြစ်ပေါ်လာဖို့ မလွယ်ဘူး။ နှစ်ဘက်စလုံးက အပြုတ်တိုက်ရေးကိုပဲ ဆုပ်ကိုင်ထားပြီးတော့ စေ့စပ်ဆွေးနွေးရေးကို ငြင်းပယ်ထားသမျှတော့ ပြည်သူလူထုပဲ သေကြေဒဏ်ရာရပြီးတော့ အများကြီးဒုက္ခရောက်ကြပါလိမ့်မယ်။"
အခုလို အချိန်မှာ အရင်တုန်းကလည်း စစ်အုပ်ချုပ်ရေးကို ရန်ကုန်က လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာစတဲ့ ခြောက်မြို့နယ်မှာ ၂၀၂၁ ခုနှစ် မတ်လကတည်းက ချခဲ့တာကို ပြန်မရုတ်သေးဘူးလို့ စောင့်ကြည့်အကဲခတ်သူတွေက ဆိုပါတယ်။