တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်သွားပါတယ်။
ဒီကိစ္စဟာ လက်တွေ့မှာ တကယ်ပဲ ဖြစ်နိုင်ခြေရှိပါသလား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ အလားအလာ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဇန်န၀ါရီလ ၁၆ ရက်၊ စနေနေ့ည တိုက်ရိုက် လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။