သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ပ္ေငြတန္ဖိုး က်ဆင္းမႈေၾကာင္႔ ျဖစ္လာႏိုင္တဲ႔႐ိုက္ခတ္မႈမ်ား


ဘဏ္လုပ္ငန္းတခုေတြ ေငြမ်ား ေရတြက္ေနသည့္ ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု- ဧၿပီ၊ ၀၂၊ ၂၀၁၂)

ျမန္မာႏိုင္ငံမွာ က်ပ္ေငြတန္ဖိုး ႀကီးႀကီးမားမား ႐ုတ္တရက္ က်ဆင္းသြားတာက၊ ေစ်းကြက္ထဲ ခိုင္မာတဲ့ေငြသားျပတ္လပ္မူျဖစ္ေပမဲ့ အရင္းခံကေတာ့ စစ္အုပ္စုအေပၚ ယံုၾကည္မူျပႆနာလို႔ သံုးသပ္သူေတြကဆိုပါတယ္။
ဘာေၾကာင့္ အခုလို ျဖစ္လာရတာပါလဲ၊ ဘယ္လိုသက္ေရာက္မူေတြ အဓိက ျဖစ္လာႏိုင္ပါလဲ။
အေရးႀကီးဆံုးကေတာ့ စစ္အုပ္စုအတြက္ စိုးရိမ္စရာျဖစ္လာေစလိမ့္မယ္လို႔ ICG ႏိုင္ငံတကာေလ့လာေရးအဖြဲ႔ ျမန္မာဆိုင္ရာ အႀကီးတန္းအၾကံေပး Richard Horsey က သံုးသပ္လိုက္ပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။


အခုလို က်ပ္ေငြ ႐ုတ္တရက္ ထိုးက်သြားတာရဲ႕ ထူးျခားမႈေတြကို Richard Horsey က-
“က်ပ္ေငြအေျပာင္းအလဲႀကီးမားသြားတာက ရွင္းပါတယ္၊ ၾကံဳဖူးခဲ့သမွ်ထဲ တစရက္အတြင္း က်ပ္ေငြတန္ဖိုး အၾကီးမားဆံုး က်ဆင္းသြားတာပါ။ ေနာက္ခံအေၾကာင္းရင္းက ေစ်းကြက္ထဲ ခိုင္မာတဲ့ ေငြသား ျပတ္သြားတာပါ။ ဒါေပမဲ့ ေအာက္ဆံုးအရင္းခံကေတာ့ ယံုၾကည္မူ ျပႆနာပါ။ ဒါက တကဲ့ ျပႆနာပါ။ ဘဏ္စနစ္အေပၚ၊ အစိုးရအေပၚ အုပ္ခ်ဳပ္ေနတဲ့ စစ္အုပ္စုအေပၚ မယံုေတာ့ဘူးေလ။ ဒါေၾကာင့္ က်ပ္ေငြကို သိမ္းမထားခ်င္ေတာ့ဘူး။ ရွိရင္ ေရႊဝယ္မယ္၊ ခိုင္တဲ့ ေဒၚလာဝယ္မယ္။ ေနာက္တစ္ခုက ဘဏ္ထဲမွာ က်ပ္ေငြ စီးဆင္းမူ ျပတ္လတ္တာကလဲ ျပႆနာတစ္ပိုင္းပါ။ ဘဏ္က ေငြထုတ္မရေတာ့၊ ထပ္မသြင္းခ်င္ၾကေတာ့ဘူး။ ေငြေတြ သိမ္းထားဖို႔ကလည္း လံုၿခံဳေရး အႏၱရာယ္ႀကီးတယ္ေလ၊ ဘဏ္အပ္ရင္လဲ ေငြလဲႏႈန္းက်လို႔ ရွႈံးရျပန္ေရာ။”


ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ အေရးႀကီးဆံုးသက္ေရာက္မႈဆိုရင္ဘာကို အဓိကေျပာမလဲ။


Richard Horsey။ ။ ဗိုလ္ခ်ဳပ္ႀကီးေတြအေနနဲ႔ က်ပ္ေငြလဲႏႈန္းကို တကယ့္ကို အနီးကပ္ ေစာင့္ၾကည့္ေနမွာပါ။ အခု ေငြလဲႏႈန္းကို သူတို႔ တကယ့္ကို စိုးရိမ္ႀကီးေနၾကမွာပါ။ ျမန္မာႏိုင္ငံမွာရွိခဲ့တဲ့ အရင္အစိုးရတိုင္းလည္း ဒီလိုပါပဲ။ ဒါကို စီးပြားေရး အလြန္ဆိုးဝါးလာတာကို ျပတဲ့လကၡဏာတစ္ခုအျဖစ္ သူတို႔ ျမင္မယ္လို႔ ထင္ပါတယ္။ ဒါကလည္း မွန္ေပမဲ့၊ ဗိုလ္ခ်ဳပ္ႀကီးေတြ လက္မခံခ်င္တာမ်ိဳးပါ။ အဲ့ဒိေတာ့ သူတို႔ အရမ္းကို စိုးရိမ္ႀကီးေနၾကမယ္လို႔ထင္ပါတယ္။


ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ ဒီႏိုင္ငံတကာ ဘက္က သက္ေရာက္လာႏိုင္မႈေပါ့ေနာ္။ ဒီႏိုင္ငံတကာကုန္သြယ္ေရး၊ သြင္းကုန္၊ ထုတ္ကုန္အျပင္ တျခားအေရးႀကီးတဲ့ သက္ေရာက္မႈဆိုရင္ေရာ။


Richard Horsey ။ ။ ႏိုင္ငံေရးအရေတာ့ ျပင္ပ ႏိုင္ငံေတြအေနနဲ႔ ဒီ ေငြလဲႏႈန္း အေသးစိတ္ကို အနီးကပ္ ေစာင့္ၾကည့္ေနဖို႔က မေသခ်ာပါဘူး။ ဒါေပမဲ့ သူတို႔ၾကည့္မွာက တျခားစီးပြားေရး အခ်က္ႀကီးေတြပါ။ ဥပမာ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ေတြ႔ခဲ့တဲ့ စီးပြားေရး ၁၈% က်မယ္လို႔ ADB အာရွဖြံ႔ၿဖိဳးေရးဘဏ္ ေဟာကိန္းထုတ္ထားတာေတြမ်ိဳး၊ ကမာၻ႔ဘဏ္လဲ ဒီႏွစ္ထဲ အရင္ အလားတူ ေျပာခဲ့ဖူးပါတယ္။ ဒါေတြက စီးပြားေရး ႀကီးႀကီးမာမားက်တာကို သိေစႏိုင္ပါတယ္။ အစကေတာ့ ကိုဗစ္ေၾကာင့္ က်တယ္၊ ေနာက္ေတာ့ အာဏာသိမ္းတာေၾကာင့္ အႀကီးအက်ယ္ကို က်လာရတာပါ။


ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ေနာက္အေရးႀကီးတဲ့ သက္ေရာက္မႈဆိုရင္ေရာ။


Richard Horsey ။ ။အခု က်ပ္ေငြလဲႏႈန္းအေျပာင္းအလဲက မေသခ်ာမူေတြနဲ႔ ခန္႔မွန္းလို႔မရႏိုင္မူေတြကို အမ်ားႀကီး ျဖစ္ေစပါတယ္။ ေငြလဲႏႈန္း တစ္ရက္တြင္း ႀကီးႀကီးမားမားေျပာင္းသြားတာေၾကာင့္ လူေတြလည္း အရမ္းကိုး လန္႔ျဖန္္႔သြားၾကပါတယ္။ ဒါက ေပါက္ကြဲလြယ္ေစႏိုင္တာမ်ိိဳးပါ။ လူေတြအဖို႔ ဒီေငြလဲႏႈန္းက ၂၅၀၀မွာ၊ ၂၇၀၀ မွာ ရပ္ေနမွာမဟုတ္ဘူး၊ ဘယ္ေလာက္ဆက္တက္ဦးမွာလဲ၊ ဒါက ဆံုးျဖတ္ခ်က္ေတြ စိီးပြားေရးဆံုးျဖတ္ခ်က္ေတြအေပၚ သက္ေရာက္မူရွိပါတယ္။ ဒါေၾကာင့္ စီးပြားေရးအရ ယံုၾကည္မူ၊ စီမံမူ၊ စီးပြားေရးနဲ႔ လူေတြရဲ့ ေန႔စဥ္ဘဝေတြအေပၚ ျပင္းျပင္းထန္ထန္ ထိခိုက္ေစမယ္လို႔ ထင္ပါတယ္။


ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ စစ္ေကာင္စီအေနနဲ႔ ဒီကိစၥအေပၚ ဘယ္လို တုန္႔ျပန္မယ္လို႔ ထင္လဲ။


Richard Horsey ။ ။သူတို႔အေနနဲ႔ တံု႔ျပန္တာ၊ အလြန္အကၽြံတံု႔ျပန္တာ မွားယြင္းတံု႔ျပန္တာေတြ ျဖစ္လာႏိုင္ပါတယ္။ သူတို႔မွာက အခုအေျခအေနအေပၚ အေျခခံ မူဝါဒ ထိန္းခ်ဳပ္မူမ်ိဳး မရွိပါဘူး။ ဗဟိုဘဏ္မွာလည္း ေဒၚလာေငြသား အနည္းငယ္ပဲ က်န္ပါေတာ့တယ္။ အဲ့ဒိေတာ့ က်ပ္ေငြတည္ျငိမ္ေအာင္ ေစ်းကြက္က လိုေနတဲ့ ေငြသားကို မထုတ္ေပးႏိုင္ေတာ့ဘူးေလ။ ေနာက္ဆံုးမွာေတာ့ ဒီျပႆနာကိုေျဖရွင္းဖို႔က စီးပြားေရးျပႆနာမ်ိဳး မဟုတ္ပါဘူး၊ ႏိုင္ငံေရးျပႆနာပါ။ ေျဖရွင္းဖို႔က၊ ယံုၾကည္မူ ေစ်းကြက္မွာ ျပည္သူအၾကားမွာ ျပန္တည္ေဆာက္ရမွာပါ။ ဒီအတြက္ စစ္အုပ္စုအေနအထားနဲ႔ လုပ္ဖို႔မလြယ္ပါဘူး။ လူအမ်ားစုက စစ္အုပ္စုကို ျပဳတ္က်ေစခ်င္တယ္ေလ။ ျပည္သူအေပၚ မတရားအၾကမ္းဖက္ေနေတာ့ မယံုၾကေတာ့ဘူးေပါ့။ အာဏာသိမ္းတာက ျပႆနာပါ။ ေျဖရွင္းဖို႔က အာဏာျပန္လႊတ္ေပးရမွာေလ၊ ဒါကိုသူတို႔သိပံုရေပမဲ့ လုပ္ခ်င္ပံုေတာ့ မေပၚပါဘူး။


ကို၀င္းမင္း။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ေရွ႕ဆက္ျဖစ္လာႏိုင္ေခ် အေပၚမွာေရာ ဘယ္လို သံုးသပ္ျပခ်င္လဲ။


Richard Horsey ။ ။ အဲ့ဒိေတာ့ အခုက စီးပြားေရး လိႈင္းတံပိုးထန္မူ ႀကီးႀကီးမားမားကို ဆက္ျဖစ္ေစလိမ့္မယ္လို႔ ထင္ပါတယ္။ ႏိုင္ငံေရးအရ ဘယ္လိုဆက္ျဖစ္မွာကိုေတာ့ ခန္႔မွန္းရခက္ပါတယ္။ ဒါေပမဲ့ ျပင္းထန္ႏိုင္ပါတယ္။ ဒီအခ်က္ေၾကာင့္ ဆႏၵျပပြဲေတြကို စျဖစ္ေစမွာေတာ့မဟုတ္ႏိုင္ဘူး၊ ဆႏၵျပပြဲေတြက ႀကီးႀကီးမားမား ျဖစ္ထားၿပီးသားပါ။ စစ္အုပ္စုကလည္း ႀကီးႀကီးမားမား အၾကမ္းဖက္ထားေတာ့ ဆႏၵျပပြဲေတြ ထိခိုက္ေနရတာပါ။ အဲ့ဒိေတာ့၊ ျဖစ္လာမွာက စစ္အုပ္စုအတြက္ ထိန္းရခက္မဲ့ ႏိုင္ငံေရးအင္အားစု အသစ္၊ ေနာက္တမ်ိဳးထြက္ေပၚလာမလားဆိုတာ တကယ့္ေတာ့ မေသခ်ာေပမဲ့၊ ျဖစ္ႏိုင္ေျခတစ္ခုအျဖစ္ေတာ့ ေသခ်ာႏိုင္ပါတယ္။

---------------------------------------------------

ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဖြစ်လာနိုင်တဲ့ရိုက်ခတ်မှုများ

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကြီးကြီးမားမား ရုတ်တရက် ကျဆင်းသွားတာက၊ ဈေးကွက်ထဲ ခိုင်မာတဲ့ငွေသားပြတ်လပ်မူဖြစ်ပေမဲ့ အရင်းခံကတော့ စစ်အုပ်စုအပေါ် ယုံကြည်မူပြဿနာလို့ သုံးသပ်သူတွေကဆိုပါတယ်။
ဘာကြောင့် အခုလို ဖြစ်လာရတာပါလဲ၊ ဘယ်လိုသက်ရောက်မူတွေ အဓိက ဖြစ်လာနိုင်ပါလဲ။
အရေးကြီးဆုံးကတော့ စစ်အုပ်စုအတွက် စိုးရိမ်စရာဖြစ်လာစေလိမ့်မယ်လို့ ICG နိုင်ငံတကာလေ့လာရေးအဖွဲ့ မြန်မာဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က သုံးသပ်လိုက်ပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
အခုလို ကျပ်ငွေ ရုတ်တရက် ထိုးကျသွားတာရဲ့ ထူးခြားမှုတွေကို Richard Horsey က-
“ကျပ်ငွေအပြောင်းအလဲကြီးမားသွားတာက ရှင်းပါတယ်၊ ကြုံဖူးခဲ့သမျှထဲ တစရက်အတွင်း ကျပ်ငွေတန်ဖိုး အကြီးမားဆုံး ကျဆင်းသွားတာပါ။ နောက်ခံအကြောင်းရင်းက ဈေးကွက်ထဲ ခိုင်မာတဲ့ ငွေသား ပြတ်သွားတာပါ။ ဒါပေမဲ့ အောက်ဆုံးအရင်းခံကတော့ ယုံကြည်မူ ပြဿနာပါ။ ဒါက တကဲ့ ပြဿနာပါ။ ဘဏ်စနစ်အပေါ်၊ အစိုးရအပေါ် အုပ်ချုပ်နေတဲ့ စစ်အုပ်စုအပေါ် မယုံတော့ဘူးလေ။ ဒါကြောင့် ကျပ်ငွေကို သိမ်းမထားချင်တော့ဘူး။ ရှိရင် ရွှေဝယ်မယ်၊ ခိုင်တဲ့ ဒေါ်လာဝယ်မယ်။ နောက်တစ်ခုက ဘဏ်ထဲမှာ ကျပ်ငွေ စီးဆင်းမူ ပြတ်လတ်တာကလဲ ပြဿနာတစ်ပိုင်းပါ။ ဘဏ်က ငွေထုတ်မရတော့၊ ထပ်မသွင်းချင်ကြတော့ဘူး။ ငွေတွေ သိမ်းထားဖို့ကလည်း လုံခြုံရေး အန္တရာယ်ကြီးတယ်လေ၊ ဘဏ်အပ်ရင်လဲ ငွေလဲနှုန်းကျလို့ ရှှုံးရပြန်ရော။”
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ အရေးကြီးဆုံးသက်ရောက်မှုဆိုရင်ဘာကို အဓိကပြောမလဲ။
Richard Horsey။ ။ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ကျပ်ငွေလဲနှုန်းကို တကယ့်ကို အနီးကပ် စောင့်ကြည့်နေမှာပါ။ အခု ငွေလဲနှုန်းကို သူတို့ တကယ့်ကို စိုးရိမ်ကြီးနေကြမှာပါ။ မြန်မာနိုင်ငံမှာရှိခဲ့တဲ့ အရင်အစိုးရတိုင်းလည်း ဒီလိုပါပဲ။ ဒါကို စီးပွားရေး အလွန်ဆိုးဝါးလာတာကို ပြတဲ့လက္ခဏာတစ်ခုအဖြစ် သူတို့ မြင်မယ်လို့ ထင်ပါတယ်။ ဒါကလည်း မှန်ပေမဲ့၊ ဗိုလ်ချုပ်ကြီးတွေ လက်မခံချင်တာမျိုးပါ။ အဲ့ဒိတော့ သူတို့ အရမ်းကို စိုးရိမ်ကြီးနေကြမယ်လို့ထင်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ဒီနိုင်ငံတကာ ဘက်က သက်ရောက်လာနိုင်မှုပေါ့နော်။ ဒီနိုင်ငံတကာကုန်သွယ်ရေး၊ သွင်းကုန်၊ ထုတ်ကုန်အပြင် တခြားအရေးကြီးတဲ့ သက်ရောက်မှုဆိုရင်ရော။


Richard Horsey ။ ။ နိုင်ငံရေးအရတော့ ပြင်ပ နိုင်ငံတွေအနေနဲ့ ဒီ ငွေလဲနှုန်း အသေးစိတ်ကို အနီးကပ် စောင့်ကြည့်နေဖို့က မသေချာပါဘူး။ ဒါပေမဲ့ သူတို့ကြည့်မှာက တခြားစီးပွားရေး အချက်ကြီးတွေပါ။ ဥပမာ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ခဲ့တဲ့ စီးပွားရေး ၁၈% ကျမယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ် ဟောကိန်းထုတ်ထားတာတွေမျိုး၊ ကမ္ဘာ့ဘဏ်လဲ ဒီနှစ်ထဲ အရင် အလားတူ ပြောခဲ့ဖူးပါတယ်။ ဒါတွေက စီးပွားရေး ကြီးကြီးမာမားကျတာကို သိစေနိုင်ပါတယ်။ အစကတော့ ကိုဗစ်ကြောင့် ကျတယ်၊ နောက်တော့ အာဏာသိမ်းတာကြောင့် အကြီးအကျယ်ကို ကျလာရတာပါ။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ နောက်အရေးကြီးတဲ့ သက်ရောက်မှုဆိုရင်ရော။
Richard Horsey ။ ။အခု ကျပ်ငွေလဲနှုန်းအပြောင်းအလဲက မသေချာမူတွေနဲ့ ခန့်မှန်းလို့မရနိုင်မူတွေကို အများကြီး ဖြစ်စေပါတယ်။ ငွေလဲနှုန်း တစ်ရက်တွင်း ကြီးကြီးမားမားပြောင်းသွားတာကြောင့် လူတွေလည်း အရမ်းကိုး လန့်ဖြန့််သွားကြပါတယ်။ ဒါက ပေါက်ကွဲလွယ်စေနိုင်တာမျိုးပါ။ လူတွေအဖို့ ဒီငွေလဲနှုန်းက ၂၅၀၀မှာ၊ ၂၇၀၀ မှာ ရပ်နေမှာမဟုတ်ဘူး၊ ဘယ်လောက်ဆက်တက်ဦးမှာလဲ၊ ဒါက ဆုံးဖြတ်ချက်တွေ စီးပွားရေးဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မူရှိပါတယ်။ ဒါကြောင့် စီးပွားရေးအရ ယုံကြည်မူ၊ စီမံမူ၊ စီးပွားရေးနဲ့ လူတွေရဲ့ နေ့စဉ်ဘဝတွေအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေမယ်လို့ ထင်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ စစ်ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုန့်ပြန်မယ်လို့ ထင်လဲ။
Richard Horsey ။ ။သူတို့အနေနဲ့ တုံ့ပြန်တာ၊ အလွန်အကျွံတုံ့ပြန်တာ မှားယွင်းတုံ့ပြန်တာတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့မှာက အခုအခြေအနေအပေါ် အခြေခံ မူဝါဒ ထိန်းချုပ်မူမျိုး မရှိပါဘူး။ ဗဟိုဘဏ်မှာလည်း ဒေါ်လာငွေသား အနည်းငယ်ပဲ ကျန်ပါတော့တယ်။ အဲ့ဒိတော့ ကျပ်ငွေတည်ငြိမ်အောင် ဈေးကွက်က လိုနေတဲ့ ငွေသားကို မထုတ်ပေးနိုင်တော့ဘူးလေ။ နောက်ဆုံးမှာတော့ ဒီပြဿနာကိုဖြေရှင်းဖို့က စီးပွားရေးပြဿနာမျိုး မဟုတ်ပါဘူး၊ နိုင်ငံရေးပြဿနာပါ။ ဖြေရှင်းဖို့က၊ ယုံကြည်မူ ဈေးကွက်မှာ ပြည်သူအကြားမှာ ပြန်တည်ဆောက်ရမှာပါ။ ဒီအတွက် စစ်အုပ်စုအနေအထားနဲ့ လုပ်ဖို့မလွယ်ပါဘူး။ လူအများစုက စစ်အုပ်စုကို ပြုတ်ကျစေချင်တယ်လေ။ ပြည်သူအပေါ် မတရားအကြမ်းဖက်နေတော့ မယုံကြတော့ဘူးပေါ့။ အာဏာသိမ်းတာက ပြဿနာပါ။ ဖြေရှင်းဖို့က အာဏာပြန်လွှတ်ပေးရမှာလေ၊ ဒါကိုသူတို့သိပုံရပေမဲ့ လုပ်ချင်ပုံတော့ မပေါ်ပါဘူး။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ ရှေ့ဆက်ဖြစ်လာနိုင်ချေ အပေါ်မှာရော ဘယ်လို သုံးသပ်ပြချင်လဲ။
Richard Horsey ။ ။ အဲ့ဒိတော့ အခုက စီးပွားရေး လှိုင်းတံပိုးထန်မူ ကြီးကြီးမားမားကို ဆက်ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအရ ဘယ်လိုဆက်ဖြစ်မှာကိုတော့ ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ ပြင်းထန်နိုင်ပါတယ်။ ဒီအချက်ကြောင့် ဆန္ဒပြပွဲတွေကို စဖြစ်စေမှာတော့မဟုတ်နိုင်ဘူး၊ ဆန္ဒပြပွဲတွေက ကြီးကြီးမားမား ဖြစ်ထားပြီးသားပါ။ စစ်အုပ်စုကလည်း ကြီးကြီးမားမား အကြမ်းဖက်ထားတော့ ဆန္ဒပြပွဲတွေ ထိခိုက်နေရတာပါ။ အဲ့ဒိတော့၊ ဖြစ်လာမှာက စစ်အုပ်စုအတွက် ထိန်းရခက်မဲ့ နိုင်ငံရေးအင်အားစု အသစ်၊ နောက်တမျိုးထွက်ပေါ်လာမလားဆိုတာ တကယ့်တော့ မသေချာပေမဲ့၊ ဖြစ်နိုင်ခြေတစ်ခုအဖြစ်တော့ သေချာနိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG