သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၅၀ အတွင်း အင်အားအပြင်းဆုံး Michael မုန်တိုင်း ဖလော်ရေဒါ ဝင်တိုက်

Palm trees bend during Hurricane Michael in Panama City Beach, Fla., Oct. 10, 2018.
Palm trees bend during Hurricane Michael in Panama City Beach, Fla., Oct. 10, 2018.

Michael လို့အမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်းကြီးဟာ နှစ်ပေါင်း ၅၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကြီးအဖြစ် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Panhandle ကမ်းရိုးတန်းဒေသကို ဗုဒ္ဓဟူးနေ့က တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းပြင်းအား အဆင့်(၅)ထက် နည်းနည်းလျော့ပြီး တနာရီ မိုင် ၁၅၅ နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ဖလော်ရီဒါ ပင်လယ်ကွေ့ ကမ်းရိုးတန်းမြို့တွေမှာ သစ်ပင်တွေ၊ ဝါယာကြိုးတွေ လဲပြိုကျနေပြီး အဆောက်အဦအများအပြား ခေါင်မိုးကင်းမဲ့နေပါတယ်။

လျှပ်စစ်ဓါတ်အားပေး ထရမ်ဖေါ်မာအသံတွေ ဆူဆူညံညံကြားနေရတယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောကြပါတယ်။ အထိအခိုက်သတင်းတွေ မကြားရသေးပေမဲ့ သစ်ပင်ပိလို့ လူတဦးသေဆုံးကြောင်း CNN ရုပ်မြင်သံကြား သတင်းဌာနက ပြောကြားသွားပါတယ်။

Michael ဟာရီကိန်းဟာ ပြင်းအား အဆင့်(၃)ထိလျော့ကျသွားပြီး အယ်လ်ဘားမားနဲ့ တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်တွေဘက်ကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညမှာ ဝင်ရောက်တိုက်ခတ်နေပါတယ်။

သမ္မတ Donald Trump က သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးဖို့အတွက် ပြည်ထောင်စုအရေးပေါ် တပ်ဖွဲ့ကို အဆင်သင့်လုပ်ခိုင်းထားပါတယ်။

နှစ် ၅၀ အတွင်း အင်အားအပြင်းဆုံး Michael မုန်တိုင်း Florida  ဝင်တိုက်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG