သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္သမၼတ အစၥေရးႏိုင္ငံ ေရာက္ရွိ


အစၥေရးသမၼတ President Isaac Herzog နဲ႔ အေမရိကန္သမၼတ Joe Biden (ဇူလိုင္ ၁၃၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အေရွ႕အလယ္ပိုင္းကို ခရီးထြက္ခြာသြားတဲ့ အေမရိကန္သမၼတ Joe Biden ဟာ ဒီကေန႔ အစၥေရးႏိုင္ငံကို ေရာက္ရွိပါတယ္။ အစၥေရးႏိုင္ငံအေနနဲ႔ ေဒသတြင္းမွာ တသားတည္းျဖစ္ေအာင္ ပိုလုပ္ဖို႔တိုက္တြန္းမယ္လို႔ ခန႔္မွန္းရပါတယ္။

ကမာၻတဝန္း ေလာင္စာဆီျပႆနာႀကဳံေနခ်ိန္ ေရနံထုတ္လုပ္ေရာင္းခ်တဲ့ အေရွ႕ အလယ္ပိုင္းႏိုင္ငံေတြအေနနဲ႔ ေရနံပိုထုတ္ဖို႔ သမၼတ Biden တိုက္တြန္းမယ္လို႔ လည္း ေမွ်ာ္လင့္ရပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ ယူကရိန္းစစ္ပြဲေၾကာင့္ ယူကရိန္းဘက္က အာ႐ုံစိုက္ေနသလို တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ခ်ိန္ခြင္လွ်ာညႇိႏိုင္ေရး အာရွ Pacific ေဒသဘက္ ႀကိဳးပမ္းေနခ်ိန္ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္သမၼတ ခရီးထြက္ခြာေနတာျဖစ္ပါတယ္။

သမၼတ Biden ရဲ႕ ၄ ရက္ၾကာ အေရွ႕အလယ္ပိုင္း ခရီးစဥ္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးဖို႔ အစီအစဥ္ရွိတယ္လို႔ အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ ညႇိႏႈိင္း ဆက္သြယ္ေရးမႉး John Kirby က VOA ေျပာၾကားပါတယ္။

ဒီခရီးစဥ္မွာ ေဆြးေႏြးဖို႔လိုတဲ့ကိစၥေတြအမ်ားႀကီးရွိတာေၾကာင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးမႈေတြ လုပ္သြားမွာျဖစ္ပါတယ္လို႔ ေျပာၾကားခဲ့တာပါ။

အစၥေရးနဲ႔အေမရိကန္ၾကား ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုလုပ္ႏိုင္ဖို႔၊ အေရွ႕အလယ္ပိုင္းမွာ အစၥေရးနဲ႔ပါလက္စတိုင္း ႏိုင္ငံ ၂ ခု အတူ ယွဥ္တြဲေပၚေပါက္လာေရး အေမရိကန္ရဲ႕သႏၷိဌာန္ကို ပါလက္စတိုင္းေခါင္းေဆာင္ Mahmoud Abbas ကို ထပ္မံကတိျပဳဖို႔၊ Saudi Arabia ႏိုင္ငံမွာ ဘုရင္ Salman အပါအဝင္ ေခါင္းေဆာင္ပိုင္းနဲ႔ေတြ႕ဆုံၿပီး ၂ ဘက္ေဆြးေႏြးမႈေတြလုပ္ဖို႔ အစီအစဥ္ေတြရွိတယ္လို႔ Mr. Kirby က VOA အိမ္ျဖဴေတာ္ သတင္းေထာက္ကို ေျပာၾကားခဲ့ပါတယ္။

သမၼတ Biden ဟာ Jeddah ၿမိဳ႕မွာက်င္းပမယ့္ ပင္လယ္ေကြ႕ေဒသ ၆ ႏိုင္ငံနဲ႔ အီဂ်စ္၊ အီရတ္နဲ႔ ေဂ်ာ္ဒန္ႏိုင္ငံက ေခါင္းေဆာင္ေတြ ပါဝင္တဲ့ GCC+3 ထိပ္သီး အစည္းအေဝးကို တက္ေရာက္ဖို႔လည္း အစီအစဥ္ရရွိပါတယ္။

ကန္သမၼတ အစၥေရးႏိုင္ငံ ေရာက္ရွိ.mp3
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကန်သမ္မတ အစ္စရေးနိုင်ငံ ရောက်ရှိ

အရှေ့အလယ်ပိုင်းကို ခရီးထွက်ခွာသွားတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ အစ္စရေးနိုင်ငံကို ရောက်ရှိပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ ဒေသတွင်းမှာ တသားတည်းဖြစ်အောင် ပိုလုပ်ဖို့တိုက်တွန်းမယ်လို့ ခန့်မှန်းရပါတယ်။

ကမ္ဘာတဝန်း လောင်စာဆီပြဿနာကြုံနေချိန် ရေနံထုတ်လုပ်ရောင်းချတဲ့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေအနေနဲ့ ရေနံပိုထုတ်ဖို့ သမ္မတ Biden တိုက်တွန်းမယ်လို့ လည်း မျှော်လင့်ရပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲကြောင့် ယူကရိန်းဘက်က အာရုံစိုက်နေသလို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိနိုင်ရေး အာရှ Pacific ဒေသဘက် ကြိုးပမ်းနေချိန် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်သမ္မတ ခရီးထွက်ခွာနေတာဖြစ်ပါတယ်။

သမ္မတ Biden ရဲ့ ၄ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်း ဆက်သွယ်ရေးမှူး John Kirby က VOA ပြောကြားပါတယ်။

ဒီခရီးစဉ်မှာ ဆွေးနွေးဖို့လိုတဲ့ကိစ္စတွေအများကြီးရှိတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာပါ။

အစ္စရေးနဲ့အမေရိကန်ကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်နိုင်ဖို့၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ပါလက်စတိုင်း နိုင်ငံ ၂ ခု အတူ ယှဉ်တွဲပေါ်ပေါက်လာရေး အမေရိကန်ရဲ့သန္နိဌာန်ကို ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ကို ထပ်မံကတိပြုဖို့၊ Saudi Arabia နိုင်ငံမှာ ဘုရင် Salman အပါအဝင် ခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံပြီး ၂ ဘက်ဆွေးနွေးမှုတွေလုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ Mr. Kirby က VOA အိမ်ဖြူတော် သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။

သမ္မတ Biden ဟာ Jeddah မြို့မှာကျင်းပမယ့် ပင်လယ်ကွေ့ဒေသ ၆ နိုင်ငံနဲ့ အီဂျစ်၊ အီရတ်နဲ့ ဂျော်ဒန်နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တဲ့ GCC+3 ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့လည်း အစီအစဉ်ရရှိပါတယ်။

XS
SM
MD
LG