သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးဘုရားကျောင်းပစ်ခတ်မှု သံသယရှိသူကို ရဲဖမ်းထား


ဂျူးဘုရားကျောင်းပစ်ခတ်မှု အာဏာပိုင်များ သတင်းစာရှင်းလင်း
ဂျူးဘုရားကျောင်းပစ်ခတ်မှု အာဏာပိုင်များ သတင်းစာရှင်းလင်း

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Poway မြို့က ဂျူးဘုရားကျောင်း ပစ်ခတ်မှုမှာ တဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့စေမှု စွပ်စွဲချက်နဲ့ အသက် ၁၉ နှစ် အရွယ် ကောလိပ်ကျောင်းသား တဦးကို ဖမ်းဆီးထားပါတယ်။

San Marcos ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်က ထူးချွန်ကျောင်းသားတဦးဖြစ်တဲ့ John Earnest က ပြီးခဲ့တဲ့ စနေနေ့တုန်းက ဂျူးဘုရားကျောင်းကို ဝင်ရောက် ပစ်ခတ်ပြီး ထွက်ပြေးခဲ့သူလို့ အာဏာပိုင်တို့က ပြောပါတယ်။

ဂျူးဘာသာဝင်တွေရဲ့ Passover အားလပ်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့က ဘုရားကျောင်းမှာ ပစ်ခတ်ခဲ့ပြီးနောက် John Earnest က အရေးပေါ် နံပတ် 911 ကို ခေါ်ပြီး ပစ်ခတ်မှုနဲ့ သူဘယ်မှာ ရှိနေတယ်ဆိုတာကို သတင်းပို့ခဲ့တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။ အဲဒီနောက် မိနစ်ပိုင်း အတွင်းမှာဘဲ ခုခံမှု မရှိဘဲ လက်နက်ချ အဖမ်းခံခဲ့ပါတယ်။

Chabad of Poway ဂျူးဘုရားကျောင်းကို ဝင်ပြီး သေနတ်နဲ့ မပစ်ခင် တနာရီလောက် အလိုမှာ သူ့ကိုသူ John Earnest လို့ ပြောဆိုထားသူက အွန်လိုင်းပေါ်မှာ ဂျူးဆန့်ကျင်ရေး ထိုးနှက်ဝေဖန်တာတွေ တင်ခဲ့ပါတယ်။ သူ့ကိုယ်သူ သူနာပြု ကျောင်းသားလို့ ပြောဆိုထားသူက ပြီးခဲ့တဲ့လက နယူးဇီလန်က မူဆလင် ဗလီတွေကို တိုက်ခိုက်ခဲ့သူတွေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အမေရိကန် ပြည်ထောင်စု Pittsburgh က Tree of Life ဂျူးဘုရားကျောင်း တိုက်ခိုက်သူတွေကို ဂုဏ်တင် ပြောဆိုထားပါတယ်။ Earnest ကို အမုန်းတရား အခြေခံတဲ့ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ စွဲဆိုဖို့ စဉ်းစား သုံးသပ်နေကြောင်း San Diego ခရိုင်ရဲမှူး William Gore က ပြောပါတယ်။

ဂျူးဘုရားကျောင်းပစ်ခတ်မှု သံသယရှိသူကို ရဲဖမ်းထား
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG