သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာ ဆန်ကာတင်စာရင်းမှာ The Power of the Dog ဦးဆောင်  


Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ
Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ


အော်စကာ ဆန်ကာတင်စာရင်းမှာ The Power of the Dog ဦးဆောင်

{{Zawgyi/Unicode}}
မကြာခင်ရွေးချယ်မယ့် အော်စကာ ရုပ်ရှင်ထူးချွန်ဆုတွေအတွက် ဆန်ကာတင်ရွေးချယ်ရာမှာ အမျိုးသမီး ဒါရိုက်တာ Jane Campion ရဲ့ "The Power of the Dog" ရုပ်ရှင်ဇာတ်ကားဟာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

အင်္ဂါနေ့က ကြေညာခဲ့တဲ့ ဆန်ကာတင် စာရင်းမှာ ဒါရိုက်တာ Campion ရဲ့ ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆုတွေအပါအဝင် ၁၂ နေရာနဲ့ ဦးဆောင်နေပါတယ်။

ဒီဇာတ်ကားမှာ ထိပ်တန်းသရုပ်ဆောင် တွေဖြစ်တဲ့ Benedict Cumberbatch၊ Kirsten Dunst၊ Jesse Plemons နဲ့ Kodi Smit-McPhee တို့အားလုံးဟာလည်း အကောင်းဆုံး သရုပ်ဆောင်ဆုတွေအတွက် ရွေးချယ်ခံထားရပါတယ်။

ဒါရိုက်တာ Denis Villeneuve ရဲ့ "Dune" ဇာတ်ကားကတော့ ထူးချွန်ဆု ၁၀ ဆု လျာထားခံရပြီး ဒုတိယ လိုက်နေပါတယ် ။ ဆန်ကာတင်စာရင်းမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအတွက် ရွေးချယ်ခံထားရတဲ့ အထဲမှာ “Belfast” “CODA” “on't Look Up” “Drive My Car" "King Richard" "Licorice Pizza" "Nightmare Alley" နဲ့ "West Side Story ဇာတ်ကားတွေလည်း ပါဝင်ပါတယ်။

၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲကိုတော့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အွန်လိုင်း ရုပ်သံလိုင်း တော်တော်များများက တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

.................................................................

တိုက်ရိုက် လင့်ခ်



{{Zawgyi/Unicode}}





XS
SM
MD
LG