သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွှဲပြောင်း နိုင်ရေးနှစ်ဘက်တို့နေပြည်တော်မှာဆွေးနွေး


သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်း အဝေး (နေပြည်တော်) MOI
သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်း အဝေး (နေပြည်တော်) MOI

၂၀၁၆ခုနှစ်မှာ သမ္မတအာဏာကို လွဲှပြောင်းတဲ့ အခမ်းအနားကျင်းပနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ သမ္မတဦးသိန်းစိန်အစိုး ရနှစ်ဘက် ကိုယ်စားလှယ်တွေ အင်္ဂါနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာဏာလွဲှပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်အစိုးရတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ် က တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလဒ်ကို အကောင်အထည်ဖေါ်တဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သမ္မတရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကဗွီအိုအေကိုပြောပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ဒီဇင်ဘာလ (၂၂)ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့နဲ့ လက်ရှိအစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီတို့ကြား ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာပါ။ အဲဒီမှာဆွေးနွေးတဲ့အဓိကအကြောင်းအရာတွေနဲ့ပတ်သက်လို့ သမ္မတရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“အစိုးရဘက်ကဆိုရင် ကျနော်တို့ နိုင်ငံတော်အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြုကော်မတီ၊ NLD ဘက်ကဆိုရင် ဒေါ်စုဖွဲ့ထားတဲ့ အသွင်ကူပြောင်းရေးအဖွဲ့ ဒီနှစ်ဖွဲ့တွေ့တာပါ။ ပြီးခဲ့တဲ့ တပတ်ကျော်က ကျနော်တို့ ဒေါ်စုနဲ့မိတ်ဆက်သဘောမျိုးတွေ့ပြီးပြီ။ အခုဟာကတော့ အဖွဲ့နှစ်ဖွဲ့အကြား officially နေပြည်တော်ရုံး မှာမနေ့ ကတွေ့ခဲ့ကြတာဖြစ်ပါ တယ်။ ဒါကလည်း ပထမဆုံးအကြိမ်ညှိုနှိုင်းဆွေးနွေးပွဲပါ။ အဓိကအားဖြင့် နှစ်ပိုင်းဆွေးနွေးဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ ကျနော်တို့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်း တဲ့အခမ်းအနားပေါ့၊ အဲဒါကို သမ္မတအိမ်တော်မှာ ကျင်းပနိုင်ဖို့လျာ ထားချက်ပါ။ ဒုတိယအပိုင်းကတော့ ဝန်ကြီးဌာနတွေ စနစ်တကျလွှဲပြောင်းနိုင်ဖို့ လုပ်ငန်းစဉ်အဲဒါတွေကိုဆွေးနွေးပါတယ်။”

ဒုတိယအကြိမ်အစည်းအဝေးကိုတော့ နှစ်ဘက်ညှိနှိုင်းပြီးဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။

နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမယ့် အခမ်းအနားကို ၂၀၁၆ခုနှစ် မတ်လအကုန်ပိုင်းမှာ ကျင်းပနိုင်မယ်လို့ ယူဆကြောင်းနဲ့ အာဏာလွှဲပြောင်းရာမှာ အဓိကကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကို မြန်မာ့နိုင်ငံရေးေ လ့လာသုံး သပ်နေ သူဒေါက်တာရန်မျိုးသိမ်းကအခုလိုပြောပါတယ်။

“အာဏာလွဲှပြောင်းတဲ့အခမ်းအနားက အရင်တကြိမ်ကလုပ်ခဲ့တဲ့ အစဉ်အလာအရ ကြည့်မယ်ဆိုရင် ၂၀၁၆ခုနှစ် မတ်လ (၃၁)ရက်မှာဖြစ်ဖို့အလားအလာများ တယ်လို့ထင်ပါတယ်။ ပထမဆုံးကတော့ ကျနော်တို့ ဝန်ကြီးဌာနအလိုက် လွဲှပြောင်းတဲ့နေရာမှာ ဝန်ကြီးဌာနတခုချင်းစီရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရော အဲဒါတွေနဲ့ပတ်သက်တဲ့ အသေးစိတ် စာရင်းဇယား၊ နောက်ပေးရန်ရှိ ရရန်ရှိမယ့် အသေးစိတ်စာရင်းဇယားတွေ ကိုလွဲှပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော့်အမြင်အရတော့ အတော့ကိုအချိန်ယူပြီးတော့ အချိန်ပေးပြီးတော့ စနစ်တကျလွှဲပြောင်းနိုင်မှသာ NLD အစိုးရအနေနဲ့ မျက်နှာကောင်းရနိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်ခင်ဗျ။”

အစိုးရသစ်ကိုလွဲှပြောင်းဖို့ ဝန်ကြီးဌာနအလိုက် ပိုင်ဆိုင်မှုတွေ၊ လက်ရှိဘတ်ဂျက်အရ သုံးထားတဲ့ ငွေတွေအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဌာနတွင်း စာရင်းစစ်တွေနဲ့ ပြန်စစ်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြောဆိုထားပါတယ်။ လက်ရှိအစိုးရရဲ့ (၅)နှစ်စီမံကိန်းတွေကို ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာကတော့ နောင်တက်လာမယ့် အစိုးရရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

မနေ့ကဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြပါတယ်။ အစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်ဖွဲ့စည်းထား တဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီရဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ကော်မတီဝင်တွေဖြစ်တဲ့ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက် လုပ်ရေးဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း နဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG