သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ Powerball ထီဆုေၾကး ေဒၚလာ ႏွစ္ဘီလီယံနီးပါးရွိလာ


အေမရိကန္ႏိုင္ငံက Powerball ထီလက္မွတ္မ်ား။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ Powerball လို႔ေခၚတဲ့ ထီဆုႀကီးဟာ၊ အခုဆိုရင္ အေမရိကန္ေဒၚလာ ႏွစ္ဘီလ်ံနီးပါးအထိ ျဖစ္သြားခဲ့ပါၿပီ။၊ မေန႔ စေနေန႔ Powerball ထီကို ဘယ္သူမွ မေပါက္ခဲ့တာေၾကာင့္ ဆုေၾကးေငြက အခုအခါမွာ ၁.၉ ဘီလ်ံအထိ ျမင့္တက္သြားခဲ့တာ ျဖစ္ပါတယ္။ မေန႔ကထြက္တဲ့ နံပါတ္ေတြကေတာ့ ၈ ၊ ၄၅၊ ၅၃၊ ၅၆၊ ၆၉ နဲ႔ ေနာက္ဆုံး Powerball နံပါတ္က ၂၀ ျဖစ္ပါတယ္။

Powerball ထီကို တပတ္မွာ ၃ ႀကိမ္ ထိုးႏိုင္ၿပီး၊ မနက္ျဖန္ တနလၤာေန႔မွာထြက္မယ့္ ထီကိုေပါက္ခဲ့လို႔ရွိလွ်င္၊ ေပါက္တဲ့သူအေနနဲ႔ ဆုေၾကးေငြအားလုံးကို တခါတည္းထုတ္မယ္ဆိုရင္ အခြန္ေပးၿပီးအၿပီးအစီး အေမရိကန္ေဒၚလာ သန္း ၈၀၀ ေလာက္အထိရမွာ ျဖစ္ပါတယ္။ အဲဒီလို တခါတည္း တလုံးတခဲတည္းမယူဘဲ ခြဲၿပီးယူမယ္ဆိုရင္ ႏွစ္ ၃၀ ခြဲၿပီး ယူလို႔ရမွာ ျဖစ္ပါတယ္။ ဒီဆုႀကီးကို ေပါက္ဖို႔အတြက္ေတာ့ ဂဏန္း ၆ လုံး စလုံး တူရမွာ ျဖစ္ပါတယ္။

Powerball ထီတေစာင္ကိုေတာ့ ႏွစ္ေဒၚလာ ေပးရၿပီးေတာ့ အခုဆိုရင္ လူအေတာ္မ်ားမ်ား ကံစမ္းေနၾကတဲ့အတြက္ ေနရာအေတာ္မ်ားမ်ားက ဆိုင္ေတြမွာဆိုရင္လည္း ထီထိုးဖို႔အတြက္ လူေတြတန္းစီတဲ့အထိ ျဖစ္လာေနပါတယ္။ Powerball ထီကိုေတာ့ ႏိုင္ငံတဝန္းက ျပည္နယ္ ၄၅ ျပည္နယ္အျပင္ ဝါရွင္တန္ဒီစီ Puerto Rico နဲ႔ Virgin Islands ကြၽန္းေတြမွာလည္း ထိုးႏိုင္တာ ျဖစ္ပါတယ္။

==== Unicode ====

အမေရိကန်ပြည်ထောင်စုမှာတော့ Powerball လို့ခေါ်တဲ့ ထီဆုကြီးဟာ၊ အခုဆိုရင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးအထိ ဖြစ်သွားခဲ့ပါပြီ။၊ မနေ့ စနေနေ့ Powerball ထီကို ဘယ်သူမှ မပေါက်ခဲ့တာကြောင့် ဆုကြေးငွေက အခုအခါမှာ ၁.၉ ဘီလျံအထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ မနေ့ကထွက်တဲ့ နံပါတ်တွေကတော့ ၈ ၊ ၄၅၊ ၅၃၊ ၅၆၊ ၆၉ နဲ့ နောက်ဆုံး Powerball နံပါတ်က ၂၀ ဖြစ်ပါတယ်။

Powerball ထီကို တပတ်မှာ ၃ ကြိမ် ထိုးနိုင်ပြီး၊ မနက်ဖြန် တနင်္လာနေ့မှာထွက်မယ့် ထီကိုပေါက်ခဲ့လို့ရှိလျှင်၊ ပေါက်တဲ့သူအနေနဲ့ ဆုကြေးငွေအားလုံးကို တခါတည်းထုတ်မယ်ဆိုရင် အခွန်ပေးပြီးအပြီးအစီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက်အထိရမှာ ဖြစ်ပါတယ်။ အဲဒီလို တခါတည်း တလုံးတခဲတည်းမယူဘဲ ခွဲပြီးယူမယ်ဆိုရင် နှစ် ၃၀ ခွဲပြီး ယူလို့ရမှာ ဖြစ်ပါတယ်။ ဒီဆုကြီးကို ပေါက်ဖို့အတွက်တော့ ဂဏန်း ၆ လုံး စလုံး တူရမှာ ဖြစ်ပါတယ်။

Powerball ထီတစောင်ကိုတော့ နှစ်ဒေါ်လာ ပေးရပြီးတော့ အခုဆိုရင် လူအတော်များများ ကံစမ်းနေကြတဲ့အတွက် နေရာအတော်များများက ဆိုင်တွေမှာဆိုရင်လည်း ထီထိုးဖို့အတွက် လူတွေတန်းစီတဲ့အထိ ဖြစ်လာနေပါတယ်။ Powerball ထီကိုတော့ နိုင်ငံတဝန်းက ပြည်နယ် ၄၅ ပြည်နယ်အပြင် ဝါရှင်တန်ဒီစီ Puerto Rico နဲ့ Virgin Islands ကျွန်းတွေမှာလည်း ထိုးနိုင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG