သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း ၇၈၅ သန်းထီဆု ဆေးရုံအလုပ်သမတဦးတည်း ဆွတ်ခူး


ဆေးရုံအလုပ်သမတဦးဖြစ်တဲ့ Mavis Wanczyk
ဆေးရုံအလုပ်သမတဦးဖြစ်တဲ့ Mavis Wanczyk

အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့ကဖွင့်တဲ့ Powerball အောင်ဘာလေထီ ဒေါ်လာ ၇၅၈ သန်း ပထမဆုကို သားသမီး နှစ်ယောက်တို့ရဲ့မိခင်၊ အသက် ၅၃ နှစ် အရယ် အမျိုးသမီးတဦး ပေါက်သွားပါတယ်။ ဒါဟာဖြင့် ဒီလောက်များတဲ့ ဆုကြေးကို လူတဦးထဲကပေါက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ထီပေါက်သွားတဲ့ မက်ဆာချူးဆက်ပြည်နယ်၊ Chicopee မြို့က ဆေးရုံအလုပ်သမ Mavis Wanczyk ဟာ ကြာသပတေးနေ့မှာပဲ အလုပ်ကို ဘယ်တော့မှပြန်မလာတော့ဘူးလို့ သူ့အလုပ်ရှင်ကိုပြောပြီး ချက်ခြင်းပဲ အလုပ်ကထွက်လိုက်ပါတယ်။

ထီဆုကို တလုံးတခဲထဲယူဖို့ Wanczyk က ဆုံးဖြတ်တာကြောင့် ရမယ့်ဆုကြေးငွေက ဒေါ်လာသန်း ၄၈၀ ဖြစ်ပြီး အခွန်ဆောင်ပြီး တဲ့နောက် အသားတင်အနေနဲ့ ဒေါ်လာ ၃၃၆ သန်း ရမှာပါ။ မူလထီဆုငွေ ဒေါ်လာ ၇၅၈ သန်းဆိုတာက တနှစ်ချင်းခွဲယူသွားမယ် ဆိုရင် နှစ်ပေါင်းများစွာအတွင်း စုစုပေါင်းရမယ့် ခန့်မှန်းဆုငွေဖြစ်တယ်လို့ ထီလုပ်ငန်းတာဝန်ရှိသူတွေကပြောပါတယ်။

မိသားစုဝင်တွေရဲ့ မွေးနေ့တွေကို ထီနံပါတ်တွေအဖြစ် Wanczyk က ရွေးထိုးခဲ့တာဖြစ်ပြီး Chicopee မြို့လေးမှာရှိတဲ့ ကုန်စုံဆိုင် တခုကနေ ၂ ဒေါ်လာတန် ထီလက်မှတ်ကို ဝယ်ခဲ့တာပါ။ Chicopee မြို့လေးဟာ ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘော်စတွန်ကနေ မိုင် ၁၀၀ လောက်ဝေးပါတယ်။ တပတ်ကိုနှစ်ကြိမ်ဖွင့်တဲ့ Powerball ထီ ပထမဆုကို အရင်အကြိမ်တွေမှာ ပေါက်တဲ့လူမရှိတာကြောင့် ထပ်ထပ်ပေါင်းထည့်လာရင်းနဲ့ အခုလောက်ထိ များလာတာဖြစ်ပါတယ်။ ဒါကတော့ ကျမအတွက် ကံစမ်းရမယ့်ကိစ္စပဲလို့ ကံထူးရှင် Wanczyk ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ထီမဖွင့်ခင်မှာ Wanczyk က သူ ၃၂ နှစ်ကြာ အလုပ်လုပ်လာတဲ့ Mercy Medical Center ဆေးရုံကနေ အလုပ် ထွက်တော့မယ်လို့ ပြောခဲ့ပါသေးတယ်။ သူဆေးရုံကနေ အလုပ်ထွက်တော့မယ့်အကြောင်း ဆေးရုံကိုလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် တဦးကိုလဲ ပြောပါသေးတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ ကျမကတော့ ဘယ်တော့မှ ထီပေါက်မှာမဟုတ်ပါဘူး၊ ဘယ်တော့မှ မပြည့်မယ့် မက်နေကျ အိပ်မက်တခုပါပဲလို့လဲ ပြောခဲ့သေးတာပါ။

ဒေါ်လာသန်း ၇၈၅ သန်းထီဆု ဆေးရုံအလုပ်သမတဦးတည်း ဆွတ်ခူး
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG