သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ငလျင် ၂ ဦးသေ


ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူများ (ဧပြီ ၁၄၊ ၂၀၁၆)
ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူများ (ဧပြီ ၁၄၊ ၂၀၁၆)

ကြာသပတေးနေ့ညနေက ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ၂ဦးသေဆုံးပြီး၊ ၄၅ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ငလျှင် ဗဟိုချက် အနီးမှာတည်ရှိပြီး၊ ထိခိုက်မှုအများဆုံးဖြစ်တဲ့ Mashiki မြို့က ဖြစ်ပါတယ်။

ဂျပန်ငလျင်
ဂျပန်ငလျင်

ဂျပန်နိုင်ငံ ကျူရှူးကွန်းပေါ်က Kumamoto ခရိုင်မှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျှင် စတင် လှုပ်ခတ်ပြီးတဲ့နောက် အများအပြား ထပ်လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကနဦး လှုပ်တဲ့ ငလျှင်ကြောင့် အနည်းဆုံး အိမ် ၁၉လုံး ပြိုလဲခဲ့ပြီး၊ ကြောက်ရွံ့နေတဲ့လူတွေဟာ ပြိုကျနေတဲ့ အိမ်တွေထဲမှာ ပိတ်မိနေကြဆဲပဲလို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

ဂျပန်ငလျင်
ဂျပန်ငလျင်

ကနဦး လှုပ်ခတ်ခဲ့တဲ့ ငလျှင်ရဲ့ ဗဟိုချက်ဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော လည်ပတ်နေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ကီလို မီတာ ၁၂၀ ကွာဝေးပြီး၊ အဲဒီ နျူကလီးယား စက်ရုံဟာ ပုံမှန် လည်ပတ်နေဆဲပဲလို့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

XS
SM
MD
LG