သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟာရီကိန္း အိုင္ဒါ မိုင္ ၁၅၀ ႏႈန္းနဲ႔ လူဝီစီယားနား ကုန္းတြင္း၀င္ေရာက္


ဟာရီကိန္း အိုင္ဒါဟာ အႏၲရာယ္ႀကီးတဲ့ ျပင္းအား အဆင့္ ၄ ဟာရီကိန္း အျဖစ္နဲ႔ ပင္လယ္ေကြ႔ကမ္း႐ိုးတန္း ျပည္နယ္ Louisiana ကို တနဂၤေႏြေန႔မွာဝင္ေရာက္လာပါၿပီ။

ဟာရီကိန္း အိုင္ဒါဟာ အႏၲရာယ္ႀကီးတဲ့ ျပင္းအား အဆင့္ ၄ ဟာရီကိန္း အျဖစ္နဲ႔ ပင္လယ္ေကြ႔ကမ္း႐ိုးတန္း ျပည္နယ္ Louisiana ကို တနဂၤေႏြေန႔မွာဝင္ေရာက္လာပါၿပီ။ ဒါဟာ ျပည္နယ္တြင္း အပ်က္အစီးမ်ားခဲ့ရတဲ့ Katrian ဟာရီကိန္း ဝင္ေရာက္ခဲ့တဲ့ ၁၆ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေန႔လည္း ျဖစ္ပါတယ္။

သမၼတ ဂိ်ဳးဘိုင္ဒန္က တနဂၤေႏြေန႔မွာပဲ ဒီဟာရီကိန္းအတြက္ Louisiana နဲ႔ Mississippi ျပည္နယ္ေတြကို အေရးေပၚ အေျခေနေၾကညာေၾကာင္း ဝါရွင္တန္ဒီစီက ဗဟိုအစိုးရ အေရးေပၚစီမံခန္႔ခြဲေရးဌာန FEMA ဌာနခ်ဳပ္မွာ လက္မွတ္ေရးထိုးၿပီး အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

ဟာရီကိန္း အိုင္ဒါဟာ ေလတိုက္ႏႈန္း တနာရီကို မိုင္ ၁၅၀ ဝန္းက်င္နဲ႔ ဝင္ေရာက္လာတာလို႔ NHC အေမရိကန္အမ်ိဳးသား ဟာရီကိန္းစင္တာက သတင္းထုတ္ျပန္ပါတယ္။ ဟာရီကိန္း သတိေပးခ်က္ေတြကို Louisiana ျပည္နယ္ Intracoastal City ကေန ပုလဲျမစ္ဝနဲ႔ New Orleans ၿမိဳ႕ေတြမွာ ထုတ္ျပန္ထားပါတယ္။

၂၀၀၅ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔ကဝင္ေရာက္ခဲ့တဲ့ Katrina ဟာရီကိန္းတုန္းက ျပင္းအား အဆင့္ ၃ ပဲ ရွိၿပီး Louisiana ျပည္နယ္တြင္း လူေပါင္း ၁၈၀၀ ေက်ာ္ ေသဆံုးခဲ့ရသလို၊ ေရကာတာက်ိဳးေပါက္ၿပီး New Orleans မွာ ဆိုးဝါးတဲ့ ေရႀကီးေရလွ်ံမႈေတြ ၾကံဳခဲံရတာပါ။

Louisiana ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး John Bel Edwards က ျပည္နယ္အတြက္ အေရးေပၚ အေျခေနေၾကညာခဲ့သလို ရွာေဖြေရးနဲ႔ ကယ္ဆယ္ကူညီေရး အတြက္ ကမ္း႐ိုးတန္းတေလွ်ာက္ ျပည္တြင္းကာကြယ္ေရးနဲ႔ ရံတပ္ဖြဲ႔ဝင္ ၅၀၀၀ အသင့္ခ်ထားတယ္လို႔ ေၾကညာထားပါတယ္။ မုန္တိုင္း ျဖတ္သြားၿပီးေနာက္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြ အတြက္ ျပင္ဆင္ဖို႔ မီးသမား တေသာင္းလည္း အသင့္ရွိေနတယ္လို႔ ေျပာပါတယ္။ ဟာရီကိန္း အိုင္ဒါ မဝင္ေရာက္ခင္မွာပဲ မုန္တိုင္းဝင္ႏိုင္ေျခရွိတဲ့ လမ္းေၾကာင္း တေလွ်ာက္မွာ ေနထိုင္သူေတြ ေဘးလြတ္ရာ ေျပာင္းေရႊ႕ၾကဖို႔လည္း သတိေပးထားတာပါ။

--------------

ဟာရီကိန်း အိုင်ဒါ မိုင် ၁၅၀ နှုန်းနဲ့ လူဝီစီယားနား ကုန်းတွင်းဝင်ရောက်

ဟာရီကိန်း အိုင်ဒါဟာ အန္တရာယ်ကြီးတဲ့ ပြင်းအား အဆင့် ၄ ဟာရီကိန်း အဖြစ်နဲ့ ပင်လယ်ကွေ့ကမ်းရိုးတန်း ပြည်နယ် Louisiana ကို တနင်္ဂနွေနေ့မှာဝင်ရောက်လာပါပြီ။ ဒါဟာ ပြည်နယ်တွင်း အပျက်အစီးများခဲ့ရတဲ့ Katrian ဟာရီကိန်း ဝင်ရောက်ခဲ့တဲ့ ၁၆ နှစ်မြောက် နှစ်ပတ်လည် နေ့လည်း ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်က တနင်္ဂနွေနေ့မှာပဲ ဒီဟာရီကိန်းအတွက် Louisiana နဲ့ Mississippi ပြည်နယ်တွေကို အရေးပေါ် အခြေနေကြေညာကြောင်း ဝါရှင်တန်ဒီစီက ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးဌာန FEMA ဌာနချုပ်မှာ လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဟာရီကိန်း အိုင်ဒါဟာ လေတိုက်နှုန်း တနာရီကို မိုင် ၁၅၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတာလို့ NHC အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ပါတယ်။ ဟာရီကိန်း သတိပေးချက်တွေကို Louisiana ပြည်နယ် Intracoastal City ကနေ ပုလဲမြစ်ဝနဲ့ New Orleans မြို့တွေမှာ ထုတ်ပြန်ထားပါတယ်။

၂၀၀၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ကဝင်ရောက်ခဲ့တဲ့ Katrina ဟာရီကိန်းတုန်းက ပြင်းအား အဆင့် ၃ ပဲ ရှိပြီး Louisiana ပြည်နယ်တွင်း လူပေါင်း ၁၈၀၀ ကျော် သေဆုံးခဲ့ရသလို၊ ရေကာတာကျိုးပေါက်ပြီး New Orleans မှာ ဆိုးဝါးတဲ့ ရေကြီးရေလျှံမှုတွေ ကြုံခဲံရတာပါ။

Louisiana ပြည်နယ်အုပ်ချုပ်ရေးမှုး John Bel Edwards က ပြည်နယ်အတွက် အရေးပေါ် အခြေနေကြေညာခဲ့သလို ရှာဖွေရေးနဲ့ ကယ်ဆယ်ကူညီရေး အတွက် ကမ်းရိုးတန်းတလျှောက် ပြည်တွင်းကာကွယ်ရေးနဲ့ ရံတပ်ဖွဲ့ဝင် ၅၀၀၀ အသင့်ချထားတယ်လို့ ကြေညာထားပါတယ်။ မုန်တိုင်း ဖြတ်သွားပြီးနောက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ အတွက် ပြင်ဆင်ဖို့ မီးသမား တသောင်းလည်း အသင့်ရှိနေတယ်လို့ ပြောပါတယ်။ ဟာရီကိန်း အိုင်ဒါ မဝင်ရောက်ခင်မှာပဲ မုန်တိုင်းဝင်နိုင်ခြေရှိတဲ့ လမ်းကြောင်း တလျှောက်မှာ နေထိုင်သူတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့လည်း သတိပေးထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG