သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်မှာ အင်အားပြင်း ငလျင်တွေထပ်လှုပ်


အာဖဂနစ္စတန်မှာ အင်အားပြင်း ငလျင်တွေထပ်လှုပ်၊ အောက်တိုဘာ ၁၅၊ ၂၀၂၃
အာဖဂနစ္စတန်မှာ အင်အားပြင်း ငလျင်တွေထပ်လှုပ်၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

အာဖဂနစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ ဒီကနေ့ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ငလျင်ဒဏ်ကနေ ပြန်လည် နာလန်ထူဖို့ ကြိုးပမ်းနေရတဲ့ Herat ပြည်နယ်မှာ ဓာတ်အားတွေ ခေတ္တပြတ်တောက် သွားပါတယ်။

Herat ပြည်နယ် ပြင်ပမှာ ဗဟိုပြုပြီး အင်အား ၆.၃ နဲ့ ၅.၅ ပြင်းအားရှိတဲ့ ငလျင်တွေ မိနစ် ၂၀ ခြားပြီး လှုပ်ခဲ့တာလို့လည်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကပ်လျက်ရှိနေတဲ့ Badghis နဲ့ Farah ပြည်နယ်တွေမှာလည်း ငလျင်ရိုက်ခတ်ခဲ့ပြီး၊ ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၂ ဦးသေပြီး၊ ၁၀၀ ကျော်ကို Herat ပြည်နယ် ဆေးရုံကို ပို့ခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ပထမအကြိမ် ငလျင်လှုပ်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်သွားတယ်လို့လည်း ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။ Herat ပြည်နယ်မှာ ပြင်းအား ၆.၃ ရှိတဲ့ ငလျင်ဒဏ် ပထမဆုံးခံခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်ကစပြီး အာဖဂနစ္စတန် အနောက်ပိုင်းမှာ အင်းအားပြင်း ငလျင်တွေ၊ နောက်ဆက်တွဲ လှုတ်ခတ်မှုတွေနဲ့ ဆက်တိုက် ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ငလျင်နဲ့ ပတ်သက်လို့ စနေနေ့က ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ရာမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး ကြုံခဲ့ရတဲ့ ကပ်ဘေးကြောင့် ကျေးရွာအမြောက်အများ ရွာလုံးကျွတ် ပျက်စီးခဲ့ရပြီး၊ အမျိုးသမီးနဲ့ မိန်းကလေး တဝက်ကျော် အပါအဝင် လူ ၁၄၀၀ နီးပါး သေဆုံးပြီး၊ အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။

အာဖဂနစ္စတန်မှာ အင်အားပြင်း ငလျင်တွေထပ်လှုပ်
please wait

No media source currently available

0:00 0:00:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG