သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် အိန္ဒိယမှာ လူ ၉၀ ထက်မနည်း သေဆုံး


Uttar Pradesh ပြည်နယ် မြောက်ပိုင်း မိုးသည်းထန်စွာရွာသွန်း ( မေ ၂-၂၀၁၈)
Uttar Pradesh ပြည်နယ် မြောက်ပိုင်း မိုးသည်းထန်စွာရွာသွန်း ( မေ ၂-၂၀၁၈)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ မနေ့ညတုန်းက ပြင်းထန်တဲ့ မုန်တိုင်းနဲ့ မိုးရွာသွန်းမှုတွေကြောင့် အိမ်တွေ၊ သစ်ပင်တွေ ပြိုလဲရာက လူ ၉၀ ကျော်ထက်မနည်း သေဆုံးပြီး၊ ၁၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒီကနေ့မှာပဲ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုလိုက်ကြပါတယ်။

ကမ္ဘာကျော် Taj Mahal ဂူဗိမ္မာန်ရှိရာ Agra မှာတော့၊ တနာရီ မိုင် ၈၀ နှုန်းနဲ့ လေပြင်းဒဏ်ခံခဲ့ရပြီး၊ ထိခိုက်ပျက်စီးမှု ပြင်းထန်ခဲ့တာကြောင့် ၄၃ ဦး သေဆုံးခဲ့ကြောင်း Uttar Pradesh ပြည်နယ် အရေးပေါ်ကယ်ဆယ်ရေး ကော်မရှင်နာမင်းကြီး Sanjay Kumar ကပြောပါတယ်။ Taj Mahal ဂူဗိမ္မာန်ကတော့ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး။

Uttar Pradesh ပြည်နယ် မြောက်ပိုင်းမှာလည်း အနည်းဆုံး လူ ၆၄ ယောက် သေဆုံးပြီး၊ ၆၇ ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အိန္ဒိယနိုင်ငံအနောက်ပိုင်း Rajasthan ပြည်နယ်မှာလည်း လူ ၂၇ ဦး သေဆုံးပြီး၊ ၁၀၀ လောက် ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယနိုင်ငံက သတင်းတွေက ဖော်ပြကြပါတယ်။ သေဆုံးသူ အများစုဟာ အိမ်တွေပြိုကျတာ၊ မိုးကြိုးပစ်ခံရတာကြောင့်လို့လည်း ဆိုပါတယ်။ မုန်သုန်ရာသီဝင်ဖို့ သီတင်း ၆ ပတ်လောက် လိုသေးတဲ့ အချိန်မှာပဲ မိုးသက်မုန်တိုင်းနဲ့ ရုတ်တရက် ကြုံခဲ့ရပြီး အသေအပျောက် များခဲ့တာလည်း ဖြစ်ပါတယ်။

ဆင်းရဲသားတွေရဲ့ ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ နေအိမ်တွေအပေါ် အမြစ်ကနေ ကျွတ်လဲကျတဲ့ သစ်ပင်တွေ ပိကျခဲ့တာတွေ ရှိခဲ့သလို၊ ပြည်နယ်ရဲ့ နေရာတော်တော်များများက လျှပ်စစ်မီးနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကြိုးတွေဟာလည်း ပြတ်တောက်ကုန်ခဲ့ကြောင်း Uttar Pradesh ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေး ကော်မရှင်နာမင်းကြီးက ပြောပါတယ်။

မုန်တိုင်းကြောင့် အိန္ဒိယမှာ လူ ၉၀ ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG