သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာေျဖရွင္းေရး ႏုိ္င္ငံတကာကိုယ္စားလွယ္ထားဖို႔ PPST စီစဥ္ေန


PPST အြန္လိုင္းအစည္းအေဝး (၂၈-၀၅-၂၁/ဓာတ္ပံု-NCA S-EAO/fb)

{{Zawgyi/Unicode}}

ျမန္မာ့ႏိုင္ငံေရးျပႆနာကို အာဆီယံအပါအဝင္ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ကိုယ္စားလွယ္တေယာက္ထားဖုိ႔ စီစဥ္ေနတယ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ (PPST) ကေျပာလိုက္ပါတယ္။ ျမန္မာ့အေရး ဝိုင္းေျဖ႐ွင္းေပးဖုိ႔ NCA လက္မွတ္ထိုးစဥ္က အသိသက္ေသလုပ္ခဲ့တဲ့ ႏိုင္ငံေတြဆီကိုလည္း စာေပးပို႔ ေတာင္းဆိုထားတယ္လို႔ NCA လက္မွတ္ထိုး ၆ ႏွစ္ျပည့္မွာ PPST ကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းအျပည့္အစုံကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ လက္႐ွိျဖစ္ေနတဲ့ ႏိုင္ငံေရးအၾကပ္အတည္းကို ဝိုင္းဝန္းအေျဖရွာဖို႔ အာဆီယံအပါအဝင္ ႏိုင္ ငံတကာအသိုင္းအဝိုင္းရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကို ႀကိဳဆိုေၾကာင္းနဲ႔ တတ္ႏိုင္သမွ် ပူးေပါင္း၊ ေဆာင္ ႐ြက္သြားမယ္လို႔ အပစ္အခတ္ရပ္စဲေရး NCA စာခ်ဳပ္မွာ လက္မွတ္ထိုးထားၾကတဲ့ တုိင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႔က လက္မွတ္ထိုးတာ ၆ ႏွစ္ျပည့္တဲ့ ဒီေန႔ ေအာက္တုိဘာ ၁၅ ရက္မွာ ေျပာလုိက္တာပါ။

ျမန္မာ့အေရးကို အားလုံး ဝန္းရံေျဖရွင္းေပးဖို႔အတြက္ လက္မွတ္ထိုးစဥ္က အသိသက္ေသအျဖစ္ ပါဝင္ခဲ့တဲ့ ႏိုင္ငံေတြကို စာေပးပို႔ၿပီး ေတာင္းဆိုခဲ့ေၾကာင္းနဲ႔ ကိုယ္စားလွယ္တေယာက္ထားၿပီး ဆက္သြယ္ေဆာင္ ႐ြက္ဖုိ႔ စီစဥ္ေနေၾကာင္း NCA လက္မွတ္ထိုးအဖြဲ႔ေတြ စုဖြဲ႔ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ရဲ႕ ေျပာခြင့္ရ ရဲေဘာ္မ်ိဳးဝင္းက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီႏိုင္ငံေရးျပႆနာကို အားလုံးဝန္းရံ ေျဖရွင္းေပးဖို႔အတြက္ေပါ့ေနာ္၊ အာဆီယံအပါအဝင္ ႏိုင္ ငံတကာ အသိသက္ေသအားလုံးကို စာပို႔ၿပီးေတာ့မွ ေတာင္းဆိုထားတယ္၊ ေဆြးေႏြးေနတယ္၊ ညႇိႏႈိင္းေနတယ္။ တခ်ိဳ႕တုံ႔ျပန္မႈေတြလည္း ေကာင္းတာေပါ့ေနာ္၊ ႏိုင္ငံတကာရဲ႕ တုံ႔ျပန္မႈ၊ ပံ့ပိုးမႈ၊ ေဆာင္႐ြက္မႈေတြ။ အဲဒီအတြက္ကိုလည္းပဲ တာဝန္ယူေဆာင္႐ြက္ဖို႔ PPST အေနနဲ႔ ကိုယ္စားလွယ္တဦး ခန႔္အပ္ၿပီးေတာ့မွ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ကို ႀကိဳးပမ္းေနတာရွိပါတယ္။”

သမၼတဦးသိန္းစိန္လက္ထက္ တႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ထိုးစဥ္က ကုလသမဂၢ၊ EU ဥေရာပသမဂၢ၊ အာဆီယံ၊ တ႐ုတ္၊ ဂ်ပန္၊ အိႏၵိယႏိုင္ငံေတြက သက္ေသအျဖစ္ လက္မွတ္ေရးထုိးခဲ့ၾကပါတယ္။
ကုလသမဂၢ၊ အီးယူ၊ အေမရိကန္၊ တ႐ုတ္ စတဲ့ ႏိုင္ငံတကာရဲ႕ဝန္းရံပံ့ပိုးမႈက အေရးပါေပမဲ့ လက္ေတြ႔မွာ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံမလာႏိုင္တာက အခက္အခဲတခုလို႔ သူကျမင္ပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ေပၚေပါက္လာတဲ့ အေထြေထြအၾကပ္အတည္းကို ေျဖရွင္းႏိုင္ဖို႔အတြက္ ဘုံႏိုင္ငံေရးရည္မွန္းခ်က္ ၇ ခ်က္ကိုလည္း NCAလက္နက္ကိုင္ ၁၀ ဖြဲ႔က ဒီေန႔ ပူးတြဲထုတ္ျပန္ထားပါတယ္။ ဒီအခ်က္ေတြထဲမွာ စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့သူေတြကို အျမန္ဆုံးျပန္လႊတ္ဖို႔နဲ႔ ႏိုင္ငံေရးအမျမင္မတူညီမႈေတြကို အျမန္ဆုံး ေဆြးေႏြးအေျဖရွာဖို႔ တိုက္တြန္းထားတာပါ။

“ႏိုင္ငံေရးဆႏၵရွိမွပဲ ေတြ႔ဆုံေဆြးေႏြးေရးက ေအာင္ျမင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီတိုင္းျပည္အတြက္ေတာ့ က်ေနာ္တို႔ ယုံၾကည္ထားတာကေတာ့ ျပည္သူလူထုအတြက္ေရာ အားလုံးအတြက္ေရာ အေကာင္းဆုံးနည္းလမ္းကေတာ့ ေစ့စပ္ေဆြးေႏြး အေျဖရွာဖို႔အတြက္က အျဖစ္သင့္ဆုံးပဲလို႔ က်ေနာ္တို႔ ယုံၾကည္ၿပီးေတာ့ အားလုံးဝိုင္းၿပီးေတာ့ ဒီအေျခအေနေရာက္ေအာင္ ႀကိဳးပမ္းၾကရမွာေပါ့ေနာ္။”

PPST အဖဲြ႔ဝင္ NCA လက္မွတ္ထိုးထားတဲ့ လက္နက္ကိုင္အဖဲြ႔ ၁၀ ဖဲြ႔လံုးက စာခ်ဳပ္ပါအႏွစ္သာရအတိုင္း ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းမယ္ဆိုတဲ့ အေျခခံမူကို ဆက္လက္ ဆြဲကိုင္ရပ္တည္ သြားမယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီကို ႏိုင္ငံေရးအရ အသိအမွတ္မျပဳႏိုင္တဲ့အတြက္ NCA နဲ႔ဆိုင္တဲ့လုပ္ငန္းေတြ၊ ႏိုင္ငံေရး ေဆြးေႏြးမႈေတြကို ယာယီရပ္ဆိုင္းထားမယ္ဆိုၿပီး အဖြဲ႔ဝင္ေတြက အေစာပိုင္းမွာ သေဘာထားအသီးသီး ထုတ္ျပန္ခဲ့တာရွိပါတယ္။ ဒါေပမဲ့ NCA ပါ သေဘာတူညီခ်က္ေတြက ပ်က္ျပယ္သြားၿပီလို႔ေတာ့ ေျပာဆိုၾကတာ မရွိေသးဘဲ ႏိုင္ငံေရးနည္းလမ္းအတိုင္း ေျဖရွင္းေပးဖို႔ စစ္ေကာင္စီကို တိုက္တြန္းေနၾကတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းလုိ႔ျဖစ္ေပၚလာတဲ့ ႏုိင္ငံေရးျပႆနာေတြကို အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္အတိုင္း ေျဖ႐ွင္းႏုိင္ဖို႔အတြက္ အေမရိကန္အပါအဝင္ ကုလသမဂၢ၊ ဥေရာပသမဂၢ စတဲ့ ႏိုင္ငံတကာက ဆက္လက္တိုက္တြန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

မြန်မာ့ပြဿနာဖြေရှင်းရေး နိုင်ငံတကာကိုယ်စားလှယ်ထားဖို့ PPST စီစဉ်နေ

မြန်မာ့နိုင်ငံရေးပြဿနာကို အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိုယ်စားလှယ်တယောက်ထားဖို့ စီစဉ်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကပြောလိုက်ပါတယ်။ မြန်မာ့အရေး ဝိုင်းဖြေရှင်းပေးဖို့ NCA လက်မှတ်ထိုးစဉ်က အသိသက်သေလုပ်ခဲ့တဲ့ နိုင်ငံတွေဆီကိုလည်း စာပေးပို့ တောင်းဆိုထားတယ်လို့ NCA လက်မှတ်ထိုး ၆ နှစ်ပြည့်မှာ PPST ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဝိုင်းဝန်းအဖြေရှာဖို့ အာဆီယံအပါအဝင် နိုင် ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်းနဲ့ တတ်နိုင်သမျှ ပူးပေါင်း၊ ဆောင် ရွက်သွားမယ်လို့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ထိုးတာ ၆ နှစ်ပြည့်တဲ့ ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်တာပါ။
မြန်မာ့အရေးကို အားလုံး ဝန်းရံဖြေရှင်းပေးဖို့အတွက် လက်မှတ်ထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတွေကို စာပေးပို့ပြီး တောင်းဆိုခဲ့ကြောင်းနဲ့ ကိုယ်စားလှယ်တယောက်ထားပြီး ဆက်သွယ်ဆောင် ရွက်ဖို့ စီစဉ်နေကြောင်း NCA လက်မှတ်ထိုးအဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီနိုင်ငံရေးပြဿနာကို အားလုံးဝန်းရံ ဖြေရှင်းပေးဖို့အတွက်ပေါ့နော်၊ အာဆီယံအပါအဝင် နိုင် ငံတကာ အသိသက်သေအားလုံးကို စာပို့ပြီးတော့မှ တောင်းဆိုထားတယ်၊ ဆွေးနွေးနေတယ်၊ ညှိနှိုင်းနေတယ်။ တချို့တုံ့ပြန်မှုတွေလည်း ကောင်းတာပေါ့နော်၊ နိုင်ငံတကာရဲ့ တုံ့ပြန်မှု၊ ပံ့ပိုးမှု၊ ဆောင်ရွက်မှုတွေ။ အဲဒီအတွက်ကိုလည်းပဲ တာဝန်ယူဆောင်ရွက်ဖို့ PPST အနေနဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ပြီးတော့မှ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက်ကို ကြိုးပမ်းနေတာရှိပါတယ်။”

သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးစဉ်က ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေက သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ တရုတ် စတဲ့ နိုင်ငံတကာရဲ့ဝန်းရံပံ့ပိုးမှုက အရေးပါပေမဲ့ လက်တွေ့မှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံမလာနိုင်တာက အခက်အခဲတခုလို့ သူကမြင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ဘုံနိုင်ငံရေးရည်မှန်းချက် ၇ ချက်ကိုလည်း NCAလက်နက်ကိုင် ၁၀ ဖွဲ့က ဒီနေ့ ပူးတွဲထုတ်ပြန်ထားပါတယ်။ ဒီအချက်တွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့နဲ့ နိုင်ငံရေးအမမြင်မတူညီမှုတွေကို အမြန်ဆုံး ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားတာပါ။

“နိုင်ငံရေးဆန္ဒရှိမှပဲ တွေ့ဆုံဆွေးနွေးရေးက အောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်အတွက်တော့ ကျနော်တို့ ယုံကြည်ထားတာကတော့ ပြည်သူလူထုအတွက်ရော အားလုံးအတွက်ရော အကောင်းဆုံးနည်းလမ်းကတော့ စေ့စပ်ဆွေးနွေး အဖြေရှာဖို့အတွက်က အဖြစ်သင့်ဆုံးပဲလို့ ကျနော်တို့ ယုံကြည်ပြီးတော့ အားလုံးဝိုင်းပြီးတော့ ဒီအခြေအနေရောက်အောင် ကြိုးပမ်းကြရမှာပေါ့နော်။”
PPST အဖွဲ့ဝင် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံးက စာချုပ်ပါအနှစ်သာရအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံမူကို ဆက်လက် ဆွဲကိုင်ရပ်တည် သွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုနိုင်တဲ့အတွက် NCA နဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ နိုင်ငံရေး ဆွေးနွေးမှုတွေကို ယာယီရပ်ဆိုင်းထားမယ်ဆိုပြီး အဖွဲ့ဝင်တွေက အစောပိုင်းမှာ သဘောထားအသီးသီး ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ NCA ပါ သဘောတူညီချက်တွေက ပျက်ပြယ်သွားပြီလို့တော့ ပြောဆိုကြတာ မရှိသေးဘဲ နိုင်ငံရေးနည်းလမ်းအတိုင်း ဖြေရှင်းပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလို့ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေကို အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်အပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ စတဲ့ နိုင်ငံတကာက ဆက်လက်တိုက်တွန်းနေကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #NCA #PPST #voaburmese #စစ်အာာသိမ်းမှု #ငြိမ်းချမ်းရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG