သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ က်င္႔သံုးမယ္ဆိုတဲ႔ PR စနစ္အေပၚ သံုးသပ္သူတခ်ိဳ႕အျမင္


{{Zawgyi/Unicode}}

အာဏာသိမ္း စစ္ေကာင္စီ က ခန္႔အပ္ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္သစ္က ဒီလႏိုဝင္ဘာ ၅ရက္ လာမယ္ ေသာၾကာေန႔မွာ လႊတ္ေတာ္တြင္း အခ်ဳိးက် ကိုယ္စားျပဳ PR စနစ္ေျပာင္းလည္း က်င့္သုံးဖို႔အတြက္ ႏိုင္ငံေရးပါတီေတြကို ဖိတ္ၾကားထားပါတယ္။ ႏိုင္ငံေရး ေလ့လာသူတခ်ဳိ႕ကေတာ့ သိပ္အယုံအၾကည္မရွိေၾကာင္း သုံသပ္ေျပာဆိုေနၾကပါတယ္။ ေဒါက္တာတင့္ေဆြ နဲ႔ေဒါက္တာ ရိုဒင္ဂါကို ေမးျမန္းၿပီး ဗြီအိုေအအဖြဲ႔သား ကိုခင္ေမာင္စိုးမင္း က တင္ျပထားပါတယ္။

စစ္ေကာင္စီက ျပဳလုပ္မဲ့ အဲဒီ လႊတ္ေတာ္တြင္း အခ်ဳိးက် ကိုယ္စားျပဳမႈ PR စနစ္ဟာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ကို ႏိုင္ငံေရးမွာ မပါႏိုင္ေအာင္ ပိတ္ဆို႔ထားတဲ့စနစ္တခုသာျဖစ္တယ္လို႔ အခုအခါ အေမရိကန္ျပည္ေထာင္စုမွာေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံေရးေလ့လာသုံးသူတဦးလည္းျဖစ္၊ တခ်ိန္က ၁၉ ၉ ဝ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္တဦးလည္းျဖစ္ခဲ့တဲ့ ေဒါက္တာ တင့္ေဆြ က ေျပာပါတယ္။

" ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္ေကာင္စီက အာဏာသိမ္းေတာ့ အရပ္သားထဲက ႏိုင္ငံေရးပါတီေတြက ဦးခင္ေမာင္ေဆြ တို႔ ဦးသိန္းညြန္႔ တို႔ သူတို႔ပါလာေတာ့ သူတို႔ပါလာေတာ့ PR စနစ္ကို ဇြတ္လုပ္ခ်င္လို႔ပါလာတာလို႔ က်ေနာ္အစကတည္းက တြက္ခဲ့ပါတယ္။ NLD မႏိုင္ေရးကို ရည္ရြယ္ၿပီးလုပ္တဲ့ နည္းလမ္းေတြထဲက အခု PR စနစ္ဟာ တခုသာျဖစ္တယ္။ အဆန္းမဟုတ္ပဲနဲ႔ ျပည္သူလူထုကိုယ္စားျပဳမႈ၊ ဒီမိုကေရစီစစ္မွန္မႈ၊ တုိင္းရင္းသားေတြအခြင့္အေရးရမႈဆိုတဲ့ ေကာင္းမြန္မြန္ျမတ္တဲ့ ရည္ရြယ္ခ်က္မပါပဲနဲ႔ သူတို႔ခိုင္းတာရမဲ့လူပါေရးကို ဦးတည္တဲ့ အစီအစဥ္တခုသာျဖစ္ပါတယ္"

ဒါနဲ႔ပတ္သက္လို႔ပဲ အေမရိကန္ ျပည္ေထာင္စု ကြန္ကရက္မွာ Burma Bill လို႔ေခၚတဲ့ ျမန္မာျပည္ဆိုင္ရာ ဥပေဒတရပ္ အတည္ျပဳေရး ေဆာင္ရြက္ေနတဲ့အထဲမွာ ပါဝင္တဲ့Burmese American Communities Institute ျမန္မာႏိုင္ငံသားမ်ား အေရးေဆာင္ရြက္ေနတဲ့အဖြဲ႔ ရဲ႕ ဥကၠဌ ခ်င္းတိုင္းရင္းသား ေဒါက္တာ ရိုဒင္ဂါ ရဲ႕ အျမင္သေဘာထားကို ေမးျမန္ၾကည့္ပါတယ္။ စစ္ေကာင္စီက စိတ္ႀကိဳက္ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္က ျပဳလုပ္တဲ့ PR စနစ္ဟာ စစ္တပ္ကို ေထာက္ခံတဲ့ပါတီေတြ အႏိုင္ရရွိဖို႔ျဖစ္တယ္လို႔ သူကေျပာပါတယ္။

" PR System Proportional Representation ေပါ့ ။ ဒီဟာက စစ္တပ္ကို ေထာက္ခံတဲ့ပါတီေတြ အႏိုင္ရရွိဖို႔ အေျခခံဥပေဒလည္းမဖ်က္သိမ္းေသးဘူးဆိုေတာ့ စစ္တပ္က ၂၅ ရာခိုင္ႏႈန္းရွိေနေသးတယ္။ သူတို႔အလိုအရေပါ့ေနာ္။ အဲဒါ NLD မပါပဲနဲ႔ ၂၆ ရာခုိင္ႏႈန္းေလာက္ သူတို႔စိတ္တိုင္းက် သူတို႔ဖက္ပါတဲ့ပါတီေတြနဲ႔ေပါင္းၿပီးေတာ့ ထာဝရအာဏာဆုပ္ကိုင္ႏိုင္ဖို႔ေပါ့ေနာ္ "

စစ္ေကာင္စီ က ခန္႔အပ္ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္သစ္ ကျပဳလုပ္တဲ့ လႊတ္ေတာ္အခ်ဳိးက် ကုိယ္စားျပဳ PR စနစ္ ေဆြးေႏြးပြဲကို တုိင္းရင္းသားႏိုင္ငံေရးပါတီေတြကိုလည္း ဖိတ္ၾကားထားပါတယ္။ ဒီ PR စနစ္ဟာ တိုင္းရင္းသားလူနည္းစုေတြအတြက္ကိုေရာ အက်ဳိးရွိႏိုင္ပါသလား ေဒါက္တာတင့္ေဆြ ခင္ဗ်ာ။

"တုိင္းရင္းသားႏိုင္ငံေရးပါတီေတြဟာ လႊတ္ေတာ္မွာ ကိုယ္စားျပဳခြင့္ရွိသင့္ပါတယ္။ သုိေသာ္လည္း တုိင္းရင္းသားႏိုင္ငံေရးပါတီအမ်ားစုဟာ ေဒသတြင္းကို ကိုယ္စားျပဳတဲ့စနစ္ကို အဲဒီေလာက္ပဲရည္ရြယ္ၾကတာမ်ားပါတယ္။ ျပည္ေထာင္စုတခုလုံးကို ရည္ရြယ္တဲ့ တိုင္းရင္းသားပါတီဆိုတာ ေတာ္ေတာ္နည္းတယ္။ ဒါ့ေၾကာင့္ အရင္ကလည္း PR စနစ္မရွိေပမယ့္လည္း လႊတ္ေတာ္မွာ တိုင္းရင္းသားအမတ္ေတြ တုိင္းရင္းသားပါတီေတြဟာ အတန္အသင့္ကုိယ္စားျပဳမႈခြင္ရခဲ့ၿပီးသားျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ စစ္ေကာင္စီလက္ထဲမွာ အဲဒီစနစ္နဲ႔လုပ္လို႔ရွိရင္ တိုင္းရင္းသားေတြၾကားထဲမွာကိုပဲ ပိုၿပီးေတာ့ စိတ္ဝမ္းကြဲမဲ့အေနအထားကို က်ေနာ္ကေတာ့ စိုးရိမ္တယ္ခင္ဗ်။ လုံးဝမျဖစ္သင့္တဲ့ စနစ္လို႔ပဲ သုံးသပ္ပါတယ္ခင္ဗ်"

ေဒါက္တာတင့္ေဆြ ကေတာ့ PR စနစ္ေၾကာင့္္ တိုင္းရင္းသားေတြအၾကားမွာေတာင္ စိတ္ဝမ္းကြဲမႈေတြျဖစ္လာႏိုင္တယ္လို႔ သူသေဘာထားကို ေျပာေတာ့ ခ်င္းတိုင္းရင္းသား တဦးျဖစ္တဲ့ ေဒါက္တာ ရိုဒင္ဂါ ရဲ႕ အျမင္ကိုလည္း သိပါရေစ။

" တိုင္းရင္းသားပါတီလို႔ဆိုတဲ့အခါမွာ တကယ္တန္း တိုင္းရင္းသားကို ကုိယ္စားျပဳသလား၊ ကရင္ ခ်င္းအမ်ဳိးသားပါတီဆိုၿပီး နာမည္တပ္လိုက္တယ္။ ဒါေပမယ့္ သူတို႔ရည္ရြယ္ခ်က္က ဒီမိုကေရစီအေရးအတြက္မဟုတ္ပဲနဲ႔ ကိုယ္က်ဳိးရွာတဲ့ပါတီေတြလည္း အမ်ားႀကီးရွိတာကို၊ ဒီ Principle တကယ္ရွိတဲ့ တိုင္းရင္းသားပါတီ ္ျဖစ္ျဖစ္ ဘယ္ပါတီျဖစ္ျဖစ္ ဒီဟာကို တက္ေရာက္ၿပီးေတာ့ စစ္တပ္နဲ႔ပူးေပါင္းမယ္လို႔ေတာ့ မထင္ဘူး။ PR System ေတြလုပ္မယ္ဆိုတဲ့ဟာကေတာ့ တိုင္းရင္းသားေတြရဲ႕လိုအပ္ခ်က္ ဘယ္လိုမွျဖည့္ဆည္းေပးႏိုင္လိမ့္မယ္လို႔မထင္ပါဘူး"

ဒီလ ႏိုဝင္ဘာ ၅ရက္ေန႔ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္အသစ္က လြတ္ေတာ္အခ်ဳိးက် ကိုယ္စားျပဳPR စနစ္နဲ႔ ေဆြးေႏြးပြဲကို ႏိုင္ငံေရးပါတီတခုကို ကိုယ္စားလွယ္္ ၂ဦး နဲ႔ အစိုးရမဟုတ္တဲ့ အရပ္ဖက္အဖြဲ႔အစည္းေတြကုိ ဖိတ္ၾကားထားပါတယ္။စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္လ ၂၆ ရက္ေန႔က ပယ္ဖ်က္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ စစ္တပ္က အာဏာသိမ္းရာမွာလည္း ေရြးေကာက္ပြဲမဲမသမာမႈေတြရိွတယ္လို႔ အေၾကာင္းျပပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အာဏာသိမ်း စစ်ကောင်စီ က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်သစ်က ဒီလနိုဝင်ဘာ ၅ရက် လာမယ် သောကြာနေ့မှာ လွှတ်တော်တွင်း အချိုးကျ ကိုယ်စားပြု PR စနစ်ပြောင်းလည်း ကျင့်သုံးဖို့အတွက် နိုင်ငံရေးပါတီတွေကို ဖိတ်ကြားထားပါတယ်။ နိုင်ငံရေး လေ့လာသူတချို့ကတော့ သိပ်အယုံအကြည်မရှိကြောင်း သုံသပ်ပြောဆိုနေကြပါတယ်။ ဒေါက်တာတင့်ဆွေ နဲ့ဒေါက်တာ ရိုဒင်ဂါကို မေးမြန်းပြီး ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

စစ်ကောင်စီက ပြုလုပ်မဲ့ အဲဒီ လွှတ်တော်တွင်း အချိုးကျ ကိုယ်စားပြုမှု PR စနစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို နိုင်ငံရေးမှာ မပါနိုင်အောင် ပိတ်ဆို့ထားတဲ့စနစ်တခုသာဖြစ်တယ်လို့ အခုအခါ အမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံရေးလေ့လာသုံးသူတဦးလည်းဖြစ်၊ တချိန်က ၁၉ ၉ ဝ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ခဲ့တဲ့ ဒေါက်တာ တင့်ဆွေ က ပြောပါတယ်။

" ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းတော့ အရပ်သားထဲက နိုင်ငံရေးပါတီတွေက ဦးခင်မောင်ဆွေ တို့ ဦးသိန်းညွန့် တို့ သူတို့ပါလာတော့ သူတို့ပါလာတော့ PR စနစ်ကို ဇွတ်လုပ်ချင်လို့ပါလာတာလို့ ကျနော်အစကတည်းက တွက်ခဲ့ပါတယ်။ NLD မနိုင်ရေးကို ရည်ရွယ်ပြီးလုပ်တဲ့ နည်းလမ်းတွေထဲက အခု PR စနစ်ဟာ တခုသာဖြစ်တယ်။ အဆန်းမဟုတ်ပဲနဲ့ ပြည်သူလူထုကိုယ်စားပြုမှု၊ ဒီမိုကရေစီစစ်မှန်မှု၊ တိုင်းရင်းသားတွေအခွင့်အရေးရမှုဆိုတဲ့ ကောင်းမွန်မွန်မြတ်တဲ့ ရည်ရွယ်ချက်မပါပဲနဲ့ သူတို့ခိုင်းတာရမဲ့လူပါရေးကို ဦးတည်တဲ့ အစီအစဉ်တခုသာဖြစ်ပါတယ်"

ဒါနဲ့ပတ်သက်လို့ပဲ အမေရိကန် ပြည်ထောင်စု ကွန်ကရက်မှာ Burma Bill လို့ခေါ်တဲ့ မြန်မာပြည်ဆိုင်ရာ ဥပဒေတရပ် အတည်ပြုရေး ဆောင်ရွက်နေတဲ့အထဲမှာ ပါဝင်တဲ့Burmese American Communities Institute မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်နေတဲ့အဖွဲ့ ရဲ့ ဥက္ကဌ ချင်းတိုင်းရင်းသား ဒေါက်တာ ရိုဒင်ဂါ ရဲ့ အမြင်သဘောထားကို မေးမြန်ကြည့်ပါတယ်။ စစ်ကောင်စီက စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်တဲ့ PR စနစ်ဟာ စစ်တပ်ကို ထောက်ခံတဲ့ပါတီတွေ အနိုင်ရရှိဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။

" PR System Proportional Representation ပေါ့ ။ ဒီဟာက စစ်တပ်ကို ထောက်ခံတဲ့ပါတီတွေ အနိုင်ရရှိဖို့ အခြေခံဥပဒေလည်းမဖျက်သိမ်းသေးဘူးဆိုတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတယ်။ သူတို့အလိုအရပေါ့နော်။ အဲဒါ NLD မပါပဲနဲ့ ၂၆ ရာခိုင်နှုန်းလောက် သူတို့စိတ်တိုင်းကျ သူတို့ဖက်ပါတဲ့ပါတီတွေနဲ့ပေါင်းပြီးတော့ ထာဝရအာဏာဆုပ်ကိုင်နိုင်ဖို့ပေါ့နော် "

စစ်ကောင်စီ က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်သစ် ကပြုလုပ်တဲ့ လွှတ်တော်အချိုးကျ ကိုယ်စားပြု PR စနစ် ဆွေးနွေးပွဲကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားထားပါတယ်။ ဒီ PR စနစ်ဟာ တိုင်းရင်းသားလူနည်းစုတွေအတွက်ကိုရော အကျိုးရှိနိုင်ပါသလား ဒေါက်တာတင့်ဆွေ ခင်ဗျာ။

"တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ လွှတ်တော်မှာ ကိုယ်စားပြုခွင့်ရှိသင့်ပါတယ်။ သိုသော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီအများစုဟာ ဒေသတွင်းကို ကိုယ်စားပြုတဲ့စနစ်ကို အဲဒီလောက်ပဲရည်ရွယ်ကြတာများပါတယ်။ ပြည်ထောင်စုတခုလုံးကို ရည်ရွယ်တဲ့ တိုင်းရင်းသားပါတီဆိုတာ တော်တော်နည်းတယ်။ ဒါ့ကြောင့် အရင်ကလည်း PR စနစ်မရှိပေမယ့်လည်း လွှတ်တော်မှာ တိုင်းရင်းသားအမတ်တွေ တိုင်းရင်းသားပါတီတွေဟာ အတန်အသင့်ကိုယ်စားပြုမှုခွင်ရခဲ့ပြီးသားဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ စစ်ကောင်စီလက်ထဲမှာ အဲဒီစနစ်နဲ့လုပ်လို့ရှိရင် တိုင်းရင်းသားတွေကြားထဲမှာကိုပဲ ပိုပြီးတော့ စိတ်ဝမ်းကွဲမဲ့အနေအထားကို ကျနော်ကတော့ စိုးရိမ်တယ်ခင်ဗျ။ လုံးဝမဖြစ်သင့်တဲ့ စနစ်လို့ပဲ သုံးသပ်ပါတယ်ခင်ဗျ"

ဒေါက်တာတင့်ဆွေ ကတော့ PR စနစ်ကြောင့် တိုင်းရင်းသားတွေအကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေဖြစ်လာနိုင်တယ်လို့ သူသဘောထားကို ပြောတော့ ချင်းတိုင်းရင်းသား တဦးဖြစ်တဲ့ ဒေါက်တာ ရိုဒင်ဂါ ရဲ့ အမြင်ကိုလည်း သိပါရစေ။

" တိုင်းရင်းသားပါတီလို့ဆိုတဲ့အခါမှာ တကယ်တန်း တိုင်းရင်းသားကို ကိုယ်စားပြုသလား၊ ကရင် ချင်းအမျိုးသားပါတီဆိုပြီး နာမည်တပ်လိုက်တယ်။ ဒါပေမယ့် သူတို့ရည်ရွယ်ချက်က ဒီမိုကရေစီအရေးအတွက်မဟုတ်ပဲနဲ့ ကိုယ်ကျိုးရှာတဲ့ပါတီတွေလည်း အများကြီးရှိတာကို၊ ဒီ Principle တကယ်ရှိတဲ့ တိုင်းရင်းသားပါတီ ်ဖြစ်ဖြစ် ဘယ်ပါတီဖြစ်ဖြစ် ဒီဟာကို တက်ရောက်ပြီးတော့ စစ်တပ်နဲ့ပူးပေါင်းမယ်လို့တော့ မထင်ဘူး။ PR System တွေလုပ်မယ်ဆိုတဲ့ဟာကတော့ တိုင်းရင်းသားတွေရဲ့လိုအပ်ချက် ဘယ်လိုမှဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့မထင်ပါဘူး"

ဒီလ နိုဝင်ဘာ ၅ရက်နေ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်က လွတ်တော်အချိုးကျ ကိုယ်စားပြုPR စနစ်နဲ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတခုကို ကိုယ်စားလှယ် ၂ဦး နဲ့ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားပါတယ်။စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့က ပယ်ဖျက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းရာမှာလည်း ရွေးကောက်ပွဲမဲမသမာမှုတွေရှိတယ်လို့ အကြောင်းပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG