သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရာနတ် မူခါဂျီး အိန္ဒိယ သမ္မတသစ်ဖြစ်

Pranab Mukherjee Indian Former Finance Minister
Pranab Mukherjee Indian Former Finance Minister
အိန္ဒိယနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အာဏာရ ညွှန့်ပေါင်းအဖွဲ့က ပရာနတ်မူခါဂျီး (Pranab Mukherjee) အနိုင်ရသွားပြီဖြစ်ပါတယ်။ အိန္ဒိယ Congress ပါတီ ခေါင်းဆောင်ဟာ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော် ဥပဒေပြု အမတ်တွေရဲ့ ထောက်ခံမဲ လုံလောက်စွာ ရပြီး အိန္ဒိယနိုင်ငံရဲ့ ၁၃ ယောက်မြောက် သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။

နယူးဒေလီ မြို့တော်က သူ့နေအိမ် အပြင်ဘက်မှာ တနင်္ဂနွေနေ့က သူ့ကိုထောက်ခံသူ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ ပရာနတ်မူခါဂျီး ဟာ အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး ဘဏ္ဏာရေးဝန်ကြီး ဌာနမှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာအရင်က နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ Pratibha Patil ရဲ့နေရာကို ဆက်ခံရမှာလည်း ဖြစ်ပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG