သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆင်နယ် ချယ်လ်ဆီး ၃ ဂိုး ၁ ဂိုး

အာဆင်နယ် ချယ်လ်ဆီး ၃ ဂိုး ၁ ဂိုး
အာဆင်နယ် ချယ်လ်ဆီး ၃ ဂိုး ၁ ဂိုး

အင်္ဂါနေ့ မနက်ခင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အခုလို အနိုင်ရရှိသွားတဲ့အတွက် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ တော်တော်ကြီး ကစားယူရမယ့် အနေအထားကို ရောက်ရှိသွားပါတယ်။

အာဆင်နယ်အတွက် ဂိုးတွေကို အဲလက်စ် ဆောင်း (Alex Song)၊ ဆက်စ် ဖာဂရီဂတ်စ် (Cesc Fabregas) နဲ့ သီယို ဝေါလ်ကော့ (Theo Walcott) တို့က ပထမပိုင်းမှာတင် သုံးဂိုး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ တလုံးတည်းသော ဂိုးကိုတော့ ဘရာနီစလပ်ဗ် အိုင်ဗန်နိုဗစ်ချ် (Branislav Ivanovic) က ဒရော့ဂ်ဘာ (Drogba) ဖရီးကစ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ၅၇ မိနစ်မှာ ခေါင်းတိုက် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းက အနိုင်မရရှိသေးတဲ့အတွက် မန်နေဂျာ ကားလို့ အန်ဆယ်လော့တီ (Carlo Ancelotti) အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။

This item is part of
XS
SM
MD
LG