အင်္ဂလန် ပရီမီယာလိဂ်ဘောလုံးပွဲတွေကို စနေနေ့က ကစားကြတာမှာ မန်ချက်စတာယူနိုက်တက် နဲ့ နယူးကာဆယ်တို့ ဂိုးမရှိသရေကျ သွားပါတယ်။ ပထမပိုင်းမှာ ၀ိန်းရူနီ ၁ ဂိုးသွင်းခဲ့ပေမယ့် ဒိုင်က လူကျွံတယ်လို့ သတ်မှတ်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ အိမ်ရှင် မန်ယူရော၊ နယူးကာဆယ်ပါ ဂိုးသွင်းခွင့်တွေရခဲ့ကြပေမယ့် ၂ သင်းစလုံး ဂိုးဝင်အောင် မသွင်းနိုင်ဘဲ နောက်ဆုံးမှာ ဂိုးမရှိသရေနဲ့ ပြီးသွားခဲ့ပါတယ်။
ကျန်ပွဲစဉ်တွေမှာတော့ ခရစ်တယ်ပဲလေ့စ်က အက်စတွန်ဗီလာကို ၂ ဂိုး ၁ ဂိုး အနိုင်ရပြီး ဘုန်းမောက်ကလည်း ၀က်စ်ဟမ်းကို အဝေးကွင်းမှာ ၄ ဂိုး ၃ ဂိုး နဲ့ နိုင်သွားပါတယ်။ ဒါ့အပြင် နောရစ်ခ်ျ နဲ့ စတုတ်ခ်စီးတီး ၁ ဂိုးစီသရေကျခဲ့သလို၊ ဆန်းဒါးလန်နဲ့ ဆွမ်စီးလည်း ၁ ဂိုးစီ သရေကျပါတယ်။
လက်စတာစီးတီးနဲ့ တော့တင်ဟမ်တို့ ကစားတဲ့ပွဲမှာတော ၁ ဘက် ၁ ဂိုးစီ သရေဖြစ်သွားတဲ့အတွက် စပါးစ်အသင်းဟာ ၃ ပွဲကစားပြီးတဲ့အချိန်မှာ ၁ ပွဲမှာ အနိုင်မရသေးဘဲ သရေ ၂ ပွဲ နဲ့ ၂ မှတ်ရထားပါတယ်။
လက်ရှိအနေအထားအရ လက်စတာ နဲ့ မန်ယူက ၇ မှတ် နဲ့ ဇယားထိပ်က ဦးဆောင်နေပါတယ်။ ဒီကနေ့မှာတော့ West Brom နဲ့ Chelsea ၊ Everton နဲ့ Man City ၊ Watford နဲ့ Southamton တို့ ကစားကြမှာပါ။
စပိန်လာလီဂါမှာတော့ Espanol က Getafe ကို ၁ ဂိုး ဂိုးမရှိ၊ Atletico Madrid က Las Palmas ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး Deportivo နဲ့ Sociedad ၊ Rayo နဲ့ Valencia ပွဲတွေကတော့ ဂိုးမရှိ သရေတွေကျသွားပါတယ်။