သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလဂ် ထိပ်ဆုံးအသင်းတွေ အောင်ပွဲဆက်


နယူးကက်စ်တဲလ် ဂိုးသမား Martin Dubravka
နယူးကက်စ်တဲလ် ဂိုးသမား Martin Dubravka

စနေနေ့ကကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ နိုင်ပွဲဆက်ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးက နိုင်ပွဲပြန်ရပါတယ်။

လီဗာပူးလ်က အဝေးကွင်းမှာ လက်စ်တာစီးတီးကို ၂ ဂိုး ၁ ဂိုး၊ ချယ်လ်ဆီးက အိမ်ကွင်းမှာ ဘုန်းန်မောက်သ်ကို ၂ ဂိုး ဂိုးမရှိ၊ မန်စီးတီးက အိမ်ကွင်းမှာ နယူးကက်ဆယ်လ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရကြတာပါ။

တခြားပွဲတွေမှာတော့ ဆောက်သမ်ပ်တန်က အဝေးကွင်းမှာ ခရစ္စတယ်လ် ပဲလေ့စ်ကို ၂ ဂိုး ဂိုးမရှိ၊ Wolves က အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၁ ဂို ဂိုးမရှိနဲ့ အသီးသီးအနိုင်ရပါတယ်။

အဲဗာတန်နဲ့ ဟပ်ဒါစ်ဖီးလ်ဒ်တို့ တဘက် ၁ ဂိုးစီနဲ့ သရေကျပြီး ဘရိုက်တန်နဲ့ ဖူလ်ဟမ်းက တဘက် ၂ ဂိုးစီနဲ့ သရေကျပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွက် လေးပွဲစီကစားပြီးတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်က ၄ ပွဲစလုံးနိုင် ၁၂ မှတ်၊ ရဂိုးကွာခြားချက်နဲ့ ဇယားထိပ်၊ ချယ်လ်ဆီးက လီဗာပူးလ်နဲ့ အမှတ်တူပေမယ့် ပေးဂိုးများတာကြောင့် ဒုတိယ၊ မန်စီးတီးက ၃ ပွဲနိုင်၊ ၁ ပွဲသရေ ၁၀ မှတ်နဲ့ တတိယ အသီးသီးရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းက ၃ ပွဲကစား ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၃ မှတ်နဲ့ နံပါတ် ၁၄ မှာ ရောက်နေပြီး ပွဲစဉ် ၄ အဖြစ် ဘန်န်လေအသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားရပါမယ်။ တနင်္ဂနွေနေ့ တခြားပွဲတွေမှာတော့ ကားဒစ်ဖ် စီးတီးနဲ့ အာဆင်နယ်လ်၊ ဝတ်တ်ဖို့ဒ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG