သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ် စနေ ပွဲရလဒ်များ


ပရီးမီးယားလိဂ် ဆွမ်ဆီးနှင့် ချယ်လ်ဆီးပွဲ။ ဧပြီ ၂၈၊ ၂၀၁၈။
ပရီးမီးယားလိဂ် ဆွမ်ဆီးနှင့် ချယ်လ်ဆီးပွဲ။ ဧပြီ ၂၈၊ ၂၀၁၈။

စနေနေ့ကကစားတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာ ခရစ္စတယ်လ် ပဲလေ့စ်က လက်စတာ စီးတီးကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်၊ အဲဗာတန်က ဟတ်ဒါစ်ဖီးလ်ဒ်ကို အဝေးကွင်း မှာ ၂ ဂိုးပြတ်၊ ဝက်စ်ဘရွမ်းမ်က နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ဆောက်သမ်ပ်တန်က ဘုန်းမောက်သ်ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ ချယ်လ်ဆီးက ဆွမ်ဆီး စီးတီးကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရသွားပါတယ်။

လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ စတုတ်စီးတီးကို အနိုင်မကန်နိုင်ဘဲ ဂိုးမရှိ သရေကျ သွားပြီး ဘန်လေအသင်းဟာလည်း အိမ်ကွင်းမှာ ဘရိုက်တန်ကို ဂိုးမရှိ သရေကျသွားပါ တယ်။

တနင်္ဂနွေနေ့မှာတော့ မန်စီးတီးက ဝက်စ်ဟမ်းမ်ကို အဝေးကွင်းကန်ရမှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဒ်က အိမ်ကွင်းမှာ အာဆင်နယ်နဲ့ ကန်ဖို့ရှိပါတယ်။

အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၅ သင်းအဖြစ် ရပ်တည်နေကြတဲ့ထဲ မန်စီးတီးက ၃၄ ပွဲကစား အမှတ် ၉၀၊ မန်ချက်က ၃၄ ပွဲကစား ၇၄ မှတ်၊ လီဗာပူးလ်က ၃၆ ပွဲကစား ၇၂ မှတ်၊ တော့တမ်ဟမ်က ၃၄ ပွဲကစား ၆၈ မှတ်၊ ချယ်လ်ဆီးက ၃၅ ပွဲကစား ၆၆ မှတ် အသီးသီး ရထားကြပါတယ်။

XS
SM
MD
LG