စနေနေ့က ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ခရစ္စတယ်လ် ပဲလေ့စ်က အဝေးကွင်းမှာ စတုတ် စီးတီးကို ၂ ဂိုး ၁ ဂိုး၊ ဘုန်းမောက် က အိမ်ကွင်းမှာ ဆွမ်ဆီး စီးတီးကို ၁ ဂိုး ဂိုးမရှိ၊ ဝက်စ် ဟမ်းမ်က အဝေးကွင်းမှာ လက်စ်တာ စီးတီးကို ၂ ဂိုး ဂိုးမရှိ၊ ဝတ်ဖို့ဒ်က အိမ်ကွင်းမှာ နယူးကက်ဆယ်လ်ကို ၂ ဂိုး ၁ ဂိုး၊ ဝက်စ် ဘရွမ်းမ်က အိမ်ကွင်းမှာ တော်တမ်ဟမ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင် ရကြပြီး အဲဗာတန်ကတော့ အိမ်ကွင်းမှာ ဆောက်သမ်ပ်တန်နဲ့ တဘက် ၁ ဂိုးစီ သရေကျပါတယ်။
သောကြာနေ့ကကစားတဲ့ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ပွဲမှာတော့ အိမ်ရှင် ဘရိုက်တန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘရိုက်တန်အသင်းဟာ မန်ယူအသင်းကို အနိုင်ရတာ ၁၉၈၂ ခုနှစ်ကတည်းကဆိုရင် ဒီတကြိမ်ဟာ ပထမ ဆုံးပါ။ ဒီပွဲမှာ အနိုင်ရလိုက်တာကြောင့် ဘရိုက်တန်အသင်းဟာ တန်းဆင်းဇုံထဲကနေ လွတ်သွားပြီး လာမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲရာသီမှာ ဆက်ပြီး ယှဉ်ပြိုင်ခွင့်ရသွားပါပြီ။
(ဒီကနေ့) တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲတွေကတော့ မန်စီးတီးနဲ့ ဟပ်ဒါစ်ဖီးလ်ဒ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်၊ အာဆင်နယ်လ်နဲ့ ဘန်လေပွဲတွေဖြစ်ပါတယ်။
လက်ရှိအမှတ်ပေးဇယားအရ ထိပ်ဆုံးငါးသင်းရဲ့ ရမှတ်တွေကတော့ မန်စီးတီးက ၃၅ ပွဲကစား ၉၃ မှတ်၊ မန်ယူက ၃၆ ပွဲကစား ၇၇ မှတ်၊ လီဗာပူးလ်က ၃၆ ပွဲကစား ၇၂ မှတ်၊ တော်တမ်ဟမ်က ၃၆ ပွဲကစား ၇၁ မှတ်နဲ့ ချယ်လ်ဆီးက ၃၅ ပွဲကစား ၆၆ မှတ် အသီးသီးရထားကြပါတယ်။