သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေ ပရီးမီးယားလိဂ် ချယ်လ်ဆီးနဲ့ လီဗာပူးလ် နိုင်ပွဲဆက်


ကားဒစ်ဖ် စီးတီးနှင့်ပွဲတွင် သူ့အတွက် ဒုတိယဂိုးကို သွင်းယူလိုက်သည့် ချယ်လ်ဆီးအသင်းသား Eden Hazard (ယာ)။ ၁၅ စက်တင်ဘာလ ၂၀၁၈။
ကားဒစ်ဖ် စီးတီးနှင့်ပွဲတွင် သူ့အတွက် ဒုတိယဂိုးကို သွင်းယူလိုက်သည့် ချယ်လ်ဆီးအသင်းသား Eden Hazard (ယာ)။ ၁၅ စက်တင်ဘာလ ၂၀၁၈။

စနေနေ့က ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ ငါးပွဲဆက်တိုက် အနိုင်ရတာ ကြောင့် နောက်က ကပ်လိုက်နေတဲ့ မန်စီးတီးအသင်းထက်အသာရပြီး ဇယားထိပ်မှာ ဆက်ရှိနေကြပါတယ်။

လီဗာပူးလ်က အဝေးကွင်းမှာ စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ကားဒစ်ဖ် စီးတီးကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်တာပါ။ မန်စီးတီးအသင်းဟာလည်း အိမ်ကွင်းမှာပဲ ဖူလ်ဟမ်းမ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။

ဒီနှစ်ဘောလုံးရာသီ အဖွင့်ကတည်းက ရုန်းကန်နေရတဲ့ Jose Mourinho ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အဝေးကွင်းပွဲအဖြစ် အမှတ်ပေးဇယားအဆင့် ၄ မှာရောက်နေတဲ့ ဝတ်တ်ဖို့ဒ်အသင်းနဲ့ကစားတာမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ငါးပွဲကစားပြီးချိန် အဆင့် ၈ မှာရောက်လာပါတယ်။

အမှတ်ပေးဇယား အဆင့် ၅ မှာရှိတဲ့ ဘုန်းမောက်သ်အသင်းဟာလည်း အိမ်ကွင်းမှာ လက်စတာစီးတီးကို ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး အဆင့် ဆက်ထိန်းနိုင်လိုက်ပါတယ်။

တခြားပွဲတွေမှာတော့ အာဆင်နယ်လ်က နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ ခရစ္စတယ်လ် ပဲလေ့စ်က ဟပ်ဒါစ်ဖီးလ်ဒ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြပါတယ်။

စနေ ပရီးမီးယားလိဂ် ချယ်လ်ဆီးနဲ့ လီဗာပူးလ် နိုင်ပွဲဆက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG