သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ် ပွဲဦးထွက်ရလဒ်များ


 ဘောလုံးယှဉ်လုနေသည့် မန်ယူအသင်းခေါင်းဆောင် Paul Pogba နှင့် လက်စတာစီးတီးမှ Ricardo Pereira ။ သြဂုတ် ၁၁၊ ၂၀၁၈။
ဘောလုံးယှဉ်လုနေသည့် မန်ယူအသင်းခေါင်းဆောင် Paul Pogba နှင့် လက်စတာစီးတီးမှ Ricardo Pereira ။ သြဂုတ် ၁၁၊ ၂၀၁၈။

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေကို သြဂုတ်လ ၁၁ ရက် စနေနေ့က စတင် ယှဉ်ပြိုင်ကစားကြတာမှာ မန်ချက်စတာ ယူနိုက်တက်က လက်စတာစီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ စပါးက နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး၊ ချယ်လ်ဆီးက ဟတ်ဒါစ်ဖီးလ်ဒ်ကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိ၊ ဘုန်းန်မောက်သ်က ကားဒစ်ဖ်စီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ ဝတ်တ်ဖို့ဒ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိ၊ ခရစ္စတယ်လ်ပဲလေ့စ်က ဖူလ်ဟမ်းမ်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိ အသီးသီး အနိုင်ရ သွားကြပါတယ်။

ဝို့ဗ်စ်နဲ့ အဲဗာတန်တို့ပွဲမှာတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်တွေအဖြစ် ဆောက်သမ်ပ်တန်နဲ့ ဘန်လေ၊ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းမ်၊ အာဆင်နယ်လ်နဲ့ ပြီးခဲ့တဲ့ပြိုင်ပွဲရာသီ ချန်ပီယံံ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲဦးထွက်ရလဒ်များ
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG