သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဂျွန်မက်ကိန်း ဂုဏ်ပြုအခမ်းအနား ဒေါ်နယ်ထရမ့်ပ် ကို မဖိတ်


အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အောက်မေ့ဖွယ်အခမ်းအနားမှာ ဒုတိယသမ္မတ Mike Pence အမှတ်တရစကား ပြောကြားစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၈)
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အောက်မေ့ဖွယ်အခမ်းအနားမှာ ဒုတိယသမ္မတ Mike Pence အမှတ်တရစကား ပြောကြားစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၈)

ကွယ်လွန်သူ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ် အလောင်း ထည့်ထားပြီး အမေရိကန်အလံ လွှမ်းခြုံထားတဲ့အခေါင်းကို ဝါရှင်တန်မြို့တော်က အမေရိကန် ကွန်ဂရက် လွှတ်တော် ခန်းမကြီးအတွင်းမှာ ဆင်ယင်ထားပြီး သောကြာနေ့ကလုပ်တဲ့ အမှတ်တရ ဂုဏ်ပြုအခမ်းအနားမှာ ဒုတိယသမ္မတ Mike Pence တက်ရောက်ပြီးတော့ ဂုဏ်ပြုစကား ပြောကြားပါတယ်။

သက်တမ်းရှည် လွှတ်တော်အမတ်တဦးဖြစ်သူ မက်ကိန်းဟာ “သူကိုယ်တိုင်ထက် ပိုပြီး ကြီးကျယ်တဲ့ အကြောင်းရပ်အတွက် တာဝန်ထမ်းဆောင်ခဲ့သူ” စစ်သူရဲကောင်းဖြစ်တယ်လို့ ဒုသမ္မတ Pence ကပြောပါတယ်။

အဲဒီခန်းမကြီးထဲမှာကျင်းပတဲ့အခမ်းအနားကို လွှတ်တော်အမတ် ရာပေါင်းများစွာ တက်ရောက်ပါ တယ်။ ကွယ်လွန်သူ အမေရိကန်နိုင်ငံသားတယောက်ကို အဲဒီ လွှတ်တော်ခန်းမကြီးထဲမှာ ထားပြီး ဂုဏ်ပြုတာဟာ မစ္စတာ မက်ကိန်းနဲ့ဆိုရင် စုစုပေါင်း ၃၁ ယောက် ပဲရှိပါသေးတယ်။

သောကြာနေ့ကလုပ်တဲ့ အမှတ်တရ ဂုဏ်ပြုအခမ်းအနား ဒါမှမဟုတ် (ဒီကနေ့) စနေနေ့မှာလုပ်မယ့် နာရေး အခမ်းနားတွေကို တက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဖိတ်ကြားတာမရှိပါဘူး။ ဒါဟာ သမ္မတထရမ့်ပ်ကို ပြစ်တင်ရှုတ်ချတဲ့သဘောအဖြစ် အများက မြင်ကြပါတယ်။ မစ္စတာထရမ့်ပ်နဲ့ မစ္စတာမက်ကိန်းတို့အကြား အခြေအတင်ဖြစ်တာဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကတည်းက စခဲ့တာပါ။ ဗီယက်နမ်စစ်ပွဲ ကာလ အတွင်း မစ္စတာမက်ကိန်း ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကို သမ္မတထရမ့်ပ်က လှောင်ပြောင်ပြောဆိုဖူးသလို စစ် သူရဲ ကောင်းတဦးလည်း မဟုတ်ဘူးလို့ ပြောဖူးပါတယ်။

သောကြာနေ့ကလုပ်တဲ့ ဂုဏ်ပြုအခမ်းအနားပြီးတဲ့နောက်ပိုင်းမှာ အများပြည်သူအနေနဲ့ မစ္စတာ မက်ကိန်းကို နောက်ဆုံးအကြိမ် ဂုဏ်ပြုကြဖို့အတွက် ဖွင့်ပေးပါတယ်။

(ဒီကနေ့မှာတော့) စနေနေ့မှာတော့ ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းကြီး မှာ အမှတ်တရ အောက်မေ့ ဖွယ်အခမ်းအနား ကျင်းပမှာဖြစ်ပြီး သမ္မတဟောင်းတွေဖြစ်တဲ့ ဂျော့ဂျ် ဒဗလျူ ဘုရှ်နဲ့ ဘရာ့ခ် အိုဘားမားတို့က မစ္စတာမက်ကိန်း အတွက် အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောကြားကြမှာ ဖြစ်ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG