သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အချုပ်အခြာ အာဏာ ရုရှားလေးစားဖို့ အိုဘားမား ပြောကြား


အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီလ ၂၈၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီလ ၂၈၊ ၂၀၁၄)
ယူကရိန်းနိုင်ငံကို ရုရှားက စစ်ရေးအရ ကျူးကျော်မယ် ဆိုရင် ပေးဆပ်ရတဲ့ တန်ဘိုး ရှိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ရုရှားက ဘယ်လိုမျိုး ချိုးဖောက်တာမဆို အကြီးအကျယ် မတည်မငြိမ် ဖြစ်စေ လိမ့်မယ်လို့ သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ခရိုင်းမီးယားဒေသမှာ ရုရှားစစ်ဘက်ရဲ့လှုပ်ရှားမှု ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်က အထူးစိုးရိမ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ယူကရိန်းလူထုအနေနဲ့ သူတို့ရဲ့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ဖို့လိုအပ်တယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း ပြောချင်တယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်မစွက် ဘူးဆိုတာ ရုရှားက သန္နိဋ္ဌာန်ပြုထားပြီးဖြစ်တယ်လို့လည်း ပြန်သတိပေးခဲ့ပါတယ်။
ရုရှား တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ ခရိုင်းမီးယားဒေသထဲကို ဝင်သွားကြ ပြီလို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Yuriy Sergeyev က အမေရိကန်သမ္မတ စကားမပြောခင်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးအပေါ်အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။

အဲဒီမြို့ရဲ့ အဓိကလေဆိပ်ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
XS
SM
MD
LG