သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူ႔ပါတီေ႐ြးေကာက္ပြဲ အေျခအေနေကာင္းလို႔ သမၼတဘိုင္ဒန္ေျပာ


USA-ELECTION/STAKES

အေမရိကန္အစိုးရသက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ (၄) ရက္ပဲ လိုေတာ့ခ်ိန္မွာ၊ သမၼတဘန္ဒန္က သူ႔ပါတီ အႏိုင္ရႏိုင္ေခ် မ်ားတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ေ႐ြးေကာက္ပြဲဝင္တဲ့ ဒီမိုကရက္တစ္ (Democratic) ပါတီ ကိုယ္စားလွယ္ေလာင္းေတြအတြက္ သမၼတကိုယ္တိုင္ မဲဆြယ္ေဟာေျပာပြဲေတြအတြက္ (၃) ရက္ခရီးထြက္ေနတဲ့ သမၼတက ခ်ီကာဂို (Chicago) ၿမိဳ႕ကို ေသာၾကာေန႔က မသြားခင္ အခုလိုေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

"ဒီတေခါက္ ကြၽန္ေတာ္တို႔ ႏိုင္မွာပါ။ အႏိုင္ရႏိုင္ေခ် မ်ားေနတဲ့အေပၚေက်နပ္မႈရွိပါတယ္။ ေအာက္လႊတ္ေတာ္ မဲဆြယ္ပြဲတိုင္းကိုေတာ့ ကြၽန္ေတာ္ မေရာက္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ အထက္လႊတ္ေတာ္မွာ ေနာက္ထပ္တစ္ေနရာရၿပီး ဆက္ထိန္းႏိုင္မယ္ထင္တယ္။ ေအာက္လႊတ္ေတာ္မွာလည္း ႏိုင္ဖို႔ အလားအလာရွိေနတယ္ ထင္ပါတယ္။” လို႔ သမၼတ Biden ေျပာၾကားသြားတာပါ။

လူထုသေဘာထား စစ္တမ္းအမ်ားစုမွာေတာ့ အတိုက္အခံ ရီပတ္ဘလစ္ကင္ (Republican) ပါတီဘက္က အားသာႏိုင္တယ္လို႔ ေဟာကိန္းထုတ္ထားခ်ိန္မွာ သမၼတ Joe Biden က အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ အဂၤါေန႔က်ရင္ ျပည္နယ္ ၅၀ လုံးမွာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲေတြကို က်င္းပမွာျဖစ္ၿပီး အေမရိကန္လႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ေတြမွာ ဘယ္ပါတီက လႊမ္းမိုးမလဲႏိုင္မလဲဆိုတာ အဆုံးအျဖတ္ သိရမွာျဖစ္ပါတယ္။ အာဏာရ ဒီမိုကရက္တစ္ပါတီဘက္ကေတာ့ သေႏၶသားဖ်က္ခ်မႈကို အတိုက္အခံ Republican ပါတီဘက္က ကန႔္ကြက္ေနတဲ့မူနဲ႔ သမၼတေဟာင္း Donald Trump ရဲ႕ အလိမ္အညာေတြေၾကာင့္ ဒီမိုကေရစီစနစ္ကို ကာကြယ္ႏိုင္ဖို႔ သူတို႔ကို မဲေပးဖို႔ မဲဆြယ္ေနပါတယ္။

Republican ပါတီဘက္ကေတာ့ ေငြေၾကးေဖာင္းပြဲမႈ ရာဇဝတ္မႈ ျပႆနာေတြကို အဓိကေထာက္ျပၿပီး သူတို႔ကို မဲေပးဖို႔ မဲဆြယ္ေနပါတယ္။ မၾကာခင္ သတင္းပါတ္ေတြအထိ လူထုသေဘာထား စစ္တမ္းေတာ္ေတာ္မ်ားမ်ားမွာ Democratic ပါတီက အေျခအေန အေတာ္ေလးေကာင္းခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ Republican ပါတီဘက္ကလည္း အားသာလာတာ ေတြ႔ေနရပါတယ္။

==== Unicode ====

အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ (၄) ရက်ပဲ လိုတော့ချိန်မှာ၊ သမ္မတဘန်ဒန်က သူ့ပါတီ အနိုင်ရနိုင်ချေ များတယ်လို့ ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ ဒီမိုကရက်တစ် (Democratic) ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် သမ္မတကိုယ်တိုင် မဲဆွယ်ဟောပြောပွဲတွေအတွက် (၃) ရက်ခရီးထွက်နေတဲ့ သမ္မတက ချီကာဂို (Chicago) ပြည်နယ်ကို သောကြာနေ့က မသွားခင် အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီတခေါက် ကျွန်တော်တို့ နိုင်မှာပါ။ အနိုင်ရနိုင်ချေ များနေတဲ့အပေါ်ကျေနပ်မှုရှိပါတယ်။ အောက်လွှတ်တော် မဲဆွယ်ပွဲတိုင်းကိုတော့ ကျွန်တော် မရောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အထက်လွှတ်တော်မှာ နောက်ထပ်တစ်နေရာရပြီး ဆက်ထိန်းနိုင်မယ်ထင်တယ်။ အောက်လွှတ်တော်မှာလည်း နိုင်ဖို့ အလားအလာရှိနေတယ် ထင်ပါတယ်။” လို့ သမ္မတ Biden ပြောကြားသွားတာပါ။

လူထုသဘောထား စစ်တမ်းအများစုမှာတော့ အတိုက်အခံ ရီပတ်ဘလစ်ကင် (Republican) ပါတီဘက်က အားသာနိုင်တယ်လို့ ဟောကိန်းထုတ်ထားချိန်မှာ သမ္မတ Joe Biden က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင် ပြည်နယ် ၅၀ လုံးမှာ လွှတ်တော် ရွေးကောက်ပွဲတွေကို ကျင်းပမှာဖြစ်ပြီး အမေရိကန်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဘယ်ပါတီက လွှမ်းမိုးမလဲနိုင်မလဲဆိုတာ အဆုံးအဖြတ် သိရမှာဖြစ်ပါတယ်။ အာဏာရ ဒီမိုကရက်တစ်ပါတီဘက်ကတော့ သန္ဓေသားဖျက်ချမှုကို အတိုက်အခံ Republican ပါတီဘက်က ကန့်ကွက်နေတဲ့မူနဲ့ သမ္မတဟောင်း Donald Trump ရဲ့ အလိမ်အညာတွေကြောင့် ဒီမိုကရေစီစနစ်ကို ကာကွယ်နိုင်ဖို့ သူတို့ကို မဲပေးဖို့ မဲဆွယ်နေပါတယ်။

Republican ပါတီဘက်ကတော့ ငွေကြေးဖောင်းပွဲမှု ရာဇဝတ်မှု ပြဿနာတွေကို အဓိကထောက်ပြပြီး သူတို့ကို မဲပေးဖို့ မဲဆွယ်နေပါတယ်။ မကြာခင် သတင်းပါတ်တွေအထိ လူထုသဘောထား စစ်တမ်းတော်တော်များများမှာ Democratic ပါတီက အခြေအနေ အတော်လေးကောင်းခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ Republican ပါတီဘက်ကလည်း အားသာလာတာ တွေ့နေရပါတယ်။

XS
SM
MD
LG