သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် အိုင်ယာလန်အနောက်ပိုင်းကို သွားရောက်

ဒပ်ဘလင်မြို့ အိုင်ယာလန်လွှတ်တော်အတွင်း မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (ဧပြီ ၁၄၊ ၂၀၂၃)
ဒပ်ဘလင်မြို့ အိုင်ယာလန်လွှတ်တော်အတွင်း မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (ဧပြီ ၁၄၊ ၂၀၂၃)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ အိုင်ယာလန်ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ အနောက်ဘက်ကမ်းရိုးတမ်းဒေသ Mayo အရပ်ကို သွားရောက်နေပါတယ်။ သူ့အဘိုးထိုင်ခဲ့တဲ့ အရပ်က ရိုမန်ကက်သလစ် ခရစ်ယန်ဘုရားကျောင်းတခုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ Mayo Roscommon Hospice တို့ကို သွားရောက်မှာဖြစ်ပါတယ်။ Ballina မြို့က သမိုင်းဝင် Saint Muredach 's Catherdral ဘုရားရှိခိုးကျောင်းရှေ့မှာ မိန်းခွန်းပြောကြားဖို့ရှိပါတယ်။

မနက်ဖြန် စနေနေ့ အစောပိုင်းမှာ ဂျိုးဘိုင်ဒန်ဟာဟာ အမေရိကန် ပြည်ထောင်စုကို ပြန်လည်ထွက်ခွာလာမှာ ဖြစ်ပါတယ်။ မနေ့ ကြာသပတေးနေ့ကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် (Dublin) မြို့တော်က ပါလီမန် အဆောက်အအုံမှာ အမေရိကန်ရဲ့ စတုတ္ထမြောက် သမ္မတ အနေနဲ့ စကားပြောကြားခဲ့ပါတယ်။ အိုင်ယာလန်အနေနဲ့ ယူကရိန်း ခုခံစစ်ကို ပံ့ပိုးကူညီနေတာကို မီးမောင်းထိုးပြပြီး အမေရိကန်နဲ့ မဟာမိတ်တွေ အပါအဝင် ကမ္ဘာကြီးက ဂုဏ်ယူနေတဲ့အကြောင်း ပြောပါတယ်။

နေတိုးအဖွဲ့ဝင်မဟုတ်ပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ အိုင်ယာလန်အနေနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း လျှောက်လှမ်းနေပေမဲ့ လွတ်လပ်မှုနဲ့ အာဏာရှင်စနစ်ကြားမှာ ဘယ်အခါမှ ကြားနေခြင်းမရှိတဲ့အပေါ်မှာလည်း ၁၉၆၃ ခုနှစ်က သမ္မတကနေဒီ ပြောခဲ့တဲ့ စကားကို ကိုးကားပြီး အခု ဂျိုဘိုင်ဒန်ကလည်း ပြောပါတယ်။

သမ္မတဘိုင်ဒန် အိုင်ယာလန်အနောက်ပိုင်းကို သွားရောက်
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG