သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသားများလွတ်လာ

PRISONERS RELEASE
1/30 PRISONERS RELEASE
အသေးစိတ် ဖတ်ရှုရန် Show less
MYANMAR POLITICAL PRISONERS
2/30 MYANMAR POLITICAL PRISONERS
အသေးစိတ် ဖတ်ရှုရန် Show less
3/30
အသေးစိတ် ဖတ်ရှုရန် Show less
4/30
အသေးစိတ် ဖတ်ရှုရန် Show less
MYANMAR POLITICAL PRISONERS
5/30 MYANMAR POLITICAL PRISONERS
အသေးစိတ် ဖတ်ရှုရန် Show less
6/30
အသေးစိတ် ဖတ်ရှုရန် Show less
7/30
အသေးစိတ် ဖတ်ရှုရန် Show less
8/30
အသေးစိတ် ဖတ်ရှုရန် Show less
9/30
အသေးစိတ် ဖတ်ရှုရန် Show less
10/30
အသေးစိတ် ဖတ်ရှုရန် Show less
11/30
အသေးစိတ် ဖတ်ရှုရန် Show less
12/30
အသေးစိတ် ဖတ်ရှုရန် Show less
13/30
အသေးစိတ် ဖတ်ရှုရန် Show less
14/30
အသေးစိတ် ဖတ်ရှုရန် Show less
15/30
အသေးစိတ် ဖတ်ရှုရန် Show less
16/30
အသေးစိတ် ဖတ်ရှုရန် Show less
17/30
အသေးစိတ် ဖတ်ရှုရန် Show less
18/30
အသေးစိတ် ဖတ်ရှုရန် Show less
19/30
အသေးစိတ် ဖတ်ရှုရန် Show less
20/30
အသေးစိတ် ဖတ်ရှုရန် Show less
21/30
အသေးစိတ် ဖတ်ရှုရန် Show less
22/30
အသေးစိတ် ဖတ်ရှုရန် Show less
PRISONERS RELEASE
23/30 PRISONERS RELEASE
အသေးစိတ် ဖတ်ရှုရန် Show less
24/30
အသေးစိတ် ဖတ်ရှုရန် Show less
25/30
အသေးစိတ် ဖတ်ရှုရန် Show less
26/30
အသေးစိတ် ဖတ်ရှုရန် Show less
27/30
အသေးစိတ် ဖတ်ရှုရန် Show less
28/30
အသေးစိတ် ဖတ်ရှုရန် Show less
29/30
အသေးစိတ် ဖတ်ရှုရန် Show less
30/30
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

သမ္မတဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ မြန်မာနှစ်ဆန်းတရက် ဒီကနေ့မှာ အကျဉ်းသားတွေ ပြန်လွတ်လာပါတယ်။ ယူနတီဂျာနယ်က သတင်းသမား ငါးဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီးတော့ အကျဉ်းကျနေသူတချို့လည်း ပြန်လွတ်လာတာပါ။ လွတ်လာသူတွေထဲမှာ ပုဒ်မ ၄၀၁ အရ လက်မှတ်ထိုးခဲ့ရသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီအတွက် လွတ်မြောက်လာသူအများစုကတော့ ကျန်နေသေးတဲ့ အကျဉ်းသားတွေအတွက် ကော အခု လွတ်မြောက်လာသူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစိုးရကို တောင်းဆိုကြပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ ယူနတီဂျာနယ်က အယ်ဒီတာချုပ်အပါအဝင် သတင်းသမား ၅ ဦး လည်း ပါဝင်တာပါ။ ပခုက္ကူအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ယူနတီဂျာနယ်က သတင်းသမား ကိုရာဇာဦးကတော့ အစိုးရကို ကြိုဆိုလိုက်ပြီး ပုဒ်မ ၄၀၁ အရ နောက်ထပ်ပြစ်မူမကျူးလွန်ပါဘူးဆိုတဲ့ လက်မှတ်ထိုးခဲ့ရပြီးတော့ ပြစ်ဒဏ်ကြွေးကျန်နဲ့ လွတ်လာခဲ့တာကြောင့် အထွေထွေလွတ်ငြိမ်းချမ်းသားခွင့်ပေးနိုင်ဖို့ အစိုးရသစ်အနေနဲ့ ထပ်မံကြိုးစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ထောင်ကလွတ်လာပေမယ့် ကျနော်တို့မှာ ထောင်ကြွေးကျန်တွေကရှိနေတယ်။ လက်ရှိ ဒီ လွတ်မြောက်လာတဲ့ စာနယ်ဇင်းအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပေါ့နော်။ ပြစ်ဒဏ်အားလုံးကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကို ဒါလေးကို ကြိုးစားပြီးလုပ်ပေးဖို့ကို တောင်းဆိုချင်တယ်။ သူတို့မှာလည်းလုပ်ရကိုင်ရတာ ခက်ခဲတဲ့အခြေအနေတွေရှိတယ်ဆိုတော့လေ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဆိုတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ပါမှရမှာကို။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာကလည်း တပ်မတော်ကနေအသာစီးယူထားတဲ့အခြေအနေရှိနေတဲ့အခါကျတော့ ဒီတပ်မတော်နဲ့ သူတို့သေချာ ညှိနှိုင်းပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်မယ့် အခင်းအကျင်းတခုကို ကျနော်တို့ရောက်အောင်လို့သွားစေချင်တယ်ပေါ့နော်။ ဒါမှသာ ကျနော်တို့တွေလည်း ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချစွာနဲ့ သံသယကင်းကင်းနဲ့ ကျနော်တို့ယုံကြည်တဲ့ ဒီသတင်းစာလုပ်ငန်းကို ဆက်လုပ်နိုင်မယ်၊ စာနယ်ဇင်းလုပ်ငန်းကို ဆက်လုပ်နိုင်မှာပေ့ါနော်။”

ရန်ကုန်အင်းစိန်ထောင်မှာတော့ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်၊မနော်အုန်းလှ၊ ဒေါက်တာမြတ်နုခိုင်၊ ကိုတင်ထွဋ်ပိုင်တို့အပါအဝင် ၁၆ ဦး လွတ်မြောက်လာခဲ့တာပါ။ အင်းစိန်က လွတ်မြောက်လာသူတွေကလည်း အကျဉ်းထောင်တွင်း ကျန်နေသေးတဲ့ ကဗျာဆရာမောင်ဆောင်းခ အပါအဝင် တရားမဝင်အသင်းတွေနဲ့ ဆက်သွယ်မူတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးစေချင်တယ်လို့ ပြန်လွတ်လာတဲ့ မနော်အုန်းလှကပြောပါတယ်။

“ထောင်ထဲမှာ ကျန်တဲ့လူတွေကတော့ စိတ်မကောင်းကြဘူးပေါ့။ မတရားအသင်းတို့ပါတာပေါ့ စောဝါးလေးတို့ဆိုရင်လေ။ သူတို့က ပြစ်မှု၊ ပြစ်ဒဏ်တွေကို တကယ်တမ်းကျရင်တော့ စိစစ်ပြီးမှ ဖမ်းလာတယ်လို့ပြောတယ်။ ဒါပေမယ့်လို့ သူတို့ကို လူသတ်မှုတွေနဲ့ ပုဒ်မတပ်ထားတယ်။ သူတို့ဆိုရင်လည်း နှစ်အများကြီးကြာပြီပေါ့နော်။ ငြိမ်းချမ်းရေးလည်းစကားပြောနေပြီ သူတို့ကိုလည်း ထည့်သွင်းစဉ်းစားပေးပါလို့ ကျမထောင်ပိုင်ကိုတော့ ပြောထားတယ်။”

မန္တလေး အိုးဘိုထောင်မှာလည်း လက်ပံတောင်းအရေးလှုပ်ရှားသူ ကိုအောင်စိုးနဲ့ ဗကသကျောင်းသားတဦးအပါအဝင် ၄ ဦး လွတ်မြောက်လာသလို မုံရွာထောင်ကစာရေးဆရာ ထင်လင်းဦးလည်း လွတ်မြောက်လာတာပါ။ လွတ်မြောက်လာတဲ့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုအောင်စိုးကတော့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ထိန်းသိမ်းခံထားရတချို့ဟာ အပြစ်မရှိပဲ ထိမ်းသိမ်းခံထားရတာဖြစ်လို့ ပြန်လွှတ်ပေးစေချင်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ကို လွှတ်ပေးလိုက်တဲ့အတွက်ကတော့ ကျနော်တို့ကတော့ အစိုးရကို ကြိုလည်းကြိုဆိုပါတယ်။ အထဲမှာရှိသေးတဲ့ တခြားသောအကျဉ်းသားတွေ ရှိသေးတယ်လေ။ ကျောက်ဆည်ကဖြစ်တဲ့ အဲဒီလူတွေလည်းအများတွေ့တယ်။ ရခိုင်ကနေပြီးတော့ မိတ္ထီလာ၊ မိတ္ထီလာကနေ ထန်းကုန်း၊ ထန်းကုန်းကနေပြီးတော့ မန္တလေးအထိပေါ့နော်၊ လူမျိုးရေးပဋိပက္ခ တွေနဲ့ ကျနေတဲ့လူတွေလည်းရှိတယ်။ သူတို့က တကယ်မလုပ်ပဲနဲ့၊ လုပ်တဲ့လူတွေက လွတ်နေတယ်၊ မလုပ်တဲ့လူတွေက ပြစ်ဒဏ်ခံစားနေရတယ်။ သူတို့တွေနဲ့ တခြားသော ပြစ်ဒဏ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ဘယ်လိုပေးမလဲ ဆိုတာလေးကို ပေးပေးဖို့ အတွက်ကိုတော့ ကျနော်ပြောချင်ပါတယ်။”

လွတ်ငြိမ်းချမ်းသားခွင့်ထဲမှာ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သူတိုရဲ့မြေယာတွေကိုသိမ်းယူတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးတဲ့နောက် သူတို့ ရွာကို ရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာကနေ ရဲတွေနဲ့ပဋိပက္ခဖြစ်ပြီး ထိန်းသိမ်းခံခဲ့ရတဲ့ နေပြည်တော် ဝဲကြီးကျေးရွာသားတွေလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီထဲက ဝဲကြီးရွာသား ကိုဇော်လတ်က အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီနေ့လွတ်တဲ့အတွက် လက်ရှိနိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ လက်ရှိ အစိုးရကို ကျေးဇူးလည်းတင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”

ဝဲကြီးရွာသား ၂၀ ကျော် ဖမ်းဆီးခံရပြီး ၁၆ ဦးလောက်ကို ရဲဘက်စခန်းတွေကိုပို့ခဲ့တာပါ။ ရဲဘက်စခန်းကနေ ပြန်လွတ်လာခဲ့တဲ့ ဝဲကြီးရွာသူတဦးက အခုလိုပြောပါတယ်။

“ကျမတို့ကို ရမည်းသင်းထောင်မှာထားတယ်။ ရမည်းသင်းကနေ ၉ လပိုင်း ၁၇ ရက်နေ့မှာ အိုးဘိုထောင်ကို တညအိပ်ပြီးမှ ၁၉ ရက်နေ့မှာ ရဲဘက်စခန်းကိုပို့လိုက်တယ်။ ရဲဘက်ကနေ လူအင်အားလိုတယ်တောင်းတော့ ထောင်ပိုင်ဆီကို အိုးဘိုထောင်ကလှမ်းတောင်းတော့၊ ထောင်ကို လူပေါင်း ၂၀ ဆိုရင် ၂၀၊ ၁၅ ယောက်ဆို ၁၅ ယောက်ပေါ့နော်၊ အဲလိုထောင်ပိုင် ကနေထည့်တဲ့အထဲမှာ ကျမတို့ပါ ပါလာတယ်။ ကနေ့လွတ်တဲ့အထိဆိုရင် ၆ လခွဲလောက် လုပ်ခဲ့ရတယ်။ ကျမတို့က ကျောက်တွေကို တာယာခွက်တွေနဲ့ ရွက်ရတယ်၊ ကျောက်ရွက်ရတယ်။”

အလားတူပဲ ကရင်၊ မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ကလည်း နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွတ်လာခဲ့ပြီး ပေါင်မြို့နယ် ဇင်းကျိုက် ကျောက်ထုစခန်းက အကျဉ်းစခန်းက အကျဉ်းသား ၇ ဦးလောက်လည်းပြန်လွတ်ခဲ့ပါတယ်။ပြည်မြို့က အကျဉ်းသား ၆ ဦးလည်း လွတ်မြောက်လာခဲ့ပါတယ်။

AAPP လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေး မှူး ကိုတိတ်နိုင်ကတော့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိတဲ့အထဲမှာ ဒီကနေ့ သမ္မတ အမိန့်အရ ၈၃ ဦးကို လွှတ်ပေးတယ်လို့ဆိုပေမယ့် သူတို့စာရင်းအရတော့ ၆၃ ဦးပဲ လွတ်လာ တာကို သိထားရကြောင်းနဲ့ အမူတွဲတူတချို့ မလွတ်သေးဘူူးလို့ ဆိုပါတယ်။

နှစ်ဆန်းတရက်နေ့နောက်ပိုင်း နောက်ထပ် လွတ်မလွတ်ဆိုတာကိုတော့ သူတို့အနေနဲ့ မသိရှိရ သေးကြောင်းနဲ့ အစိုးရအနေနဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့စာရင်းကို တရားဝင် ထုတ်ပြန်ပေးစေချင်ကြောင်း ပြောပါတယ်။

XS
SM
MD
LG