သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် လာအို သွားမည်


သမ္မတ ဦးထင်ကျော်
သမ္မတ ဦးထင်ကျော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ဟာလာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်တို့ရဲ့ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက ကြေညာပါတယ်။

လာအိုနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

လာမယ့် မေလ ၅ ရက်ကနေ ၉ ရက်နေ့အထိ လာအိုနိုင်ငံ ၊ Luang Prabang မြို့မှာ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၊ အာဆီယံ အဆင့်မြင့် အရာရှိစည်းဝေးပွဲနဲ့ အာဆီယံ ဒေသတွင်း ညီလာခံတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

သမ္မတ ဦးထင်ကျော်အနေနဲ့ အာဆီယံ စည်းဝေးပွဲကို တက်ဖို့အတွက် သွားခြင်း ဟုတ်မဟုတ်နဲ့ ခရီးစဉ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ သမ္မတရုံးက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG