သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ရုရှားကိုထွက်ခွာ


(Photo: Myanmar President Office)
(Photo: Myanmar President Office)

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် ရုရှားနဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ကြား ဆက်ဆံရေး အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကိုတက်ဖို့ သမ္မတ ဦးထင်ကျော်ဟာ ဗုဒ္ဓဟူးနေ့မနက်က ရန်ကုန်မြို့ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒါဟာ သမ္မတတာဝန် ယူပြီးကတည်းက ဦးထင်ကျော်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့အတူ စီမံကိန်းဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တော့ လိုက်မသွားပါဘူး။

သမ္မတ ဦးထင်ကျော်ကို ရန်ကုန်လေဆိပ်မှာ လိုက်ပါ ပို့ဆောင်သူတွေထဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ NLD နာယက သူရဦးတင်ဦးတို့နဲ့အတူ အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့တဲ့အထဲ ထိပ်တန်းကရှိနေတဲ့ Steve Law ခေါ် ဦးထွန်းမြင့်နိုင်လည်း ထူးခြားစွာ ပါဝင်နေတာကို Facebook လူမှုကွန်ယက်မှာ တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ အခု ရုရှားခရီးစဉ် မတိုင်လေးမှာပဲ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်တရပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပါတယ်။ ဒီသဘောတူညီချက်ကို အခုခရီးစဉ်အတွင်း လက်မှတ် ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားတာတွေ က ရှိနေဆဲဖြစ်ပေမယ့် ရုရှားကတော့ မြန်မာကို စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၉ နဲ့ ၂၀ နှစ်ရက်ကြာ ကျင်းပမှာပါ။ မေလ ၂၂ ရက်နေ့ကျရင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ မြန်မာနိုင်ငံကို လာရောက်ဖိုှ့ရှိပါတယ်။

ဒီ ထိပ်သီးစည်းဝေးပွဲအတွင်း တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေကြောင်းဒေသမှာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ သဘောတူညီချက်ကို ရုရှားဖက်က အပြီးသတ် ရေးဆွဲလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဗွီအိုအေ-ခမာဌာနက ကြိုတင် ရရှိတဲ့ မူကြမ်းထဲမှာ ဖော်ပြထားပါတယ်။

သမ္မတဦးထင်ကျော် ရုရှားကိုထွက်ခွာ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG