အာရွခရီး ဒုတိယခရီးတစ္ေထာက္အျဖစ္ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒင္ဟာ ဂ်ပန္ႏိုင္ငံကို ဒီကေန႔ တနဂၤေႏြေန႔မွာ ေရာက္ရွိသြားပါတယ္။ တိုက်ိဳၿမိဳ႕အျပင္က ယိုကိုတာေလတပ္စခန္းကို ေရာက္ရွိခဲ့တာပါ။
မနက္ဖန္ တနလၤာေန႔မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ဂ်ပန္ဘုရင္တို႔ကို သမၼတဘိုင္ဒင္က ေတြ႔ဆုံမွာ ျဖစ္ပါတယ္။ အဂၤါေန႔မွာေတာ့ Quad လို႔ သိၾကတဲ့ Australia, India, Japan တို႔ ပါဝင္တဲ့ (၄) ႏိုင္ငံ ထိပ္သီးအစည္းအေဝးကို တက္ေရာက္မွာပါ။
ဒီခရီးဟာ သမၼတ ျဖစ္ၿပီးတဲ့ေနာက္ ဂ်ိဳးဘိုင္ဒင္ရဲ႕ ပထမဆုံး အာရွခရီးစဥ္လည္း ျဖစ္ပါတယ္။ ဒီခရီးစဥ္မွာ ေျမာက္ကိုရီးယားက ညဴကလီယာစြမ္းရည္ရွိတဲ့ ဒုံးက်ည္၊ ဒါမွမဟုတ္ ဗုံးကို စမ္းသပ္ျပေလမလားလို႔ အေမရိကန္ တာဝန္ရွိသူေတြက စိုးရိမ္ေနၾကပါတယ္။ အထူးသျဖင့္ သမၼတဘိုင္ဒင္ ေတာင္ကိုရီးယား ေရာက္ေနတုန္း အဲဒီလို စမ္းသပ္မႈ ျဖစ္ေပၚလာမလားလို႔ ပူပန္ခဲ့ၾကေပမဲ့ မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ ၿခိမ္းေျခာက္မႈကေတာ့ ရွိေနဆဲပါလို႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပး Jake Sullivan က သတင္းေထာက္ေတြကို ေျပာပါတယ္။
တကယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္းက ႐ိုးသားမယ္ဆိုရင္ ေတြ႔ဆုံဖို႔ ျပင္ဆင္ထားပါတယ္လို႔ သမၼတဂ်ိဳးဘိုင္ဒင္က ေတာင္ကိုရီးယားႏိုင္ငံခရီးမွာ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ေျမာက္ကိုရီးယားက တုံ႔ျပန္မႈ မရွိဘဲ၊ ကိုဗစ္ကပ္ေဘးနဲ႔ ပတ္သက္ၿပီး အကူအညီေပးဖို႔ ကမ္းလွမ္းခဲ့တာေတြကိုလည္း လ်စ္လ်ဴျပဳထားခဲ့ပါတယ္။ အဆင့္တစ္ေတာင္ မေရာက္ေသးပါဘူးလို႔ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးအရာရွိ Jake Sullivan က သတင္းေထာက္ေတြကိုေျပာၿပီး၊ သမၼတဘိုင္ဒင္ကေတာ့ စကားလုံးတစ္လုံးပဲ ေျပာစရာရွိပါတယ္လို႔ ဆိုပါတယ္။ အဲဒီစကားလုံးကေတာ့ “ဟဲလို” ပဲ ျဖစ္ပါတယ္လို႔ ဆိုပါတယ္။
===Unicode ===
အာရှခရီး ဒုတိယခရီးတစ်ထောက်အဖြစ် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိသွားပါတယ်။ တိုကျိုမြို့အပြင်က ယိုကိုတာလေတပ်စခန်းကို ရောက်ရှိခဲ့တာပါ။
မနက်ဖန် တနင်္လာနေ့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဂျပန်ဘုရင်တို့ကို သမ္မတဘိုင်ဒင်က တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ Quad လို့ သိကြတဲ့ Australia, India, Japan တို့ ပါဝင်တဲ့ (၄) နိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာပါ။
ဒီခရီးဟာ သမ္မတ ဖြစ်ပြီးတဲ့နောက် ဂျိုးဘိုင်ဒင်ရဲ့ ပထမဆုံး အာရှခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြောက်ကိုရီးယားက ညူကလီယာစွမ်းရည်ရှိတဲ့ ဒုံးကျည်၊ ဒါမှမဟုတ် ဗုံးကို စမ်းသပ်ပြလေမလားလို့ အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် သမ္မတဘိုင်ဒင် တောင်ကိုရီးယား ရောက်နေတုန်း အဲဒီလို စမ်းသပ်မှု ဖြစ်ပေါ်လာမလားလို့ ပူပန်ခဲ့ကြပေမဲ့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပါလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က သတင်းထောက်တွေကို ပြောပါတယ်။
တကယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ရိုးသားမယ်ဆိုရင် တွေ့ဆုံဖို့ ပြင်ဆင်ထားပါတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က တောင်ကိုရီးယားနိုင်ငံခရီးမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိဘဲ၊ ကိုဗစ်ကပ်ဘေးနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာတွေကိုလည်း လျစ်လျူပြုထားခဲ့ပါတယ်။ အဆင့်တစ်တောင် မရောက်သေးပါဘူးလို့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Jake Sullivan က သတင်းထောက်တွေကိုပြောပြီး၊ သမ္မတဘိုင်ဒင်ကတော့ စကားလုံးတစ်လုံးပဲ ပြောစရာရှိပါတယ်လို့ ဆိုပါတယ်။ အဲဒီစကားလုံးကတော့ “ဟဲလို” ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။