သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပို အားထုတ်ကြဖို့ မြေကမ္ဘာနေ့မှာ တိုက်တွန်း


Earth Day
Earth Day

ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာန့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစိုးရတွေနဲ့ မူဝါဒချမှတ်သူတွေ ပိုပြီးကြိုးစားကြဖို့ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက တိုက်တွန်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ အင်မတန်ပူပြင်းတဲ့ အပူဒဏ်ခံစားနေကြရသလို၊ ထိုင်းနိုင်ငံမှာ စံချိန်တင်အပူချိန်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှာ လူသေဆုံးတဲ့အထိ အပူလှိုင်းဒဏ် ခံစားနေကြရချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရေး တိုက်တွန်းနေကြတာပါ။ ကမ္ဘာကြီးပူနွေးပြီး ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုရဲ့ သက်ရောက်မှုကို ခံစားရသူတွေအရေးဆောင်ရွက်မယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သမ္မတအမိန့်ကို အမေရိကန်သမ္မတ Joe Biden က သောကြာနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အမိန့်အရ အစိုးရဌာနအားလုံးအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုကို အမေရိကန် လူမှုအသိုင်းအဝိုင်းတွေ မခံစားကြရအောင် ကြိုတင်ကာကွယ်ရမယ့် တာဝန်ရှိမှာဖြစ်ပြီး၊ ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့ဌာနတိုင်း တာဝန်ခံ၊ တာဝန်ယူမှုရှိစေမယ့် အမိန့်ဖြစ်တယ်လို့ သမ္မတ Biden ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ မြေကမာ္ဘနေ့အထိန်းအမှတ်အဖြစ် သမ္မတ Biden က သမ္မတအမိန့် ထုတ်ပြန်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနဲ့ ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုရဲ့ ဂယက်ကို အဓိက ခံစားကြရသူအားလုံးရဲ့ ဘဝတွေ တိုးတက်စေဖို့ရည်ရွယ်တဲ့ အမိန့်ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လောက်သက်ရောက်စေသလဲဆိုတာ သိပ္ပံနည်းကျလေ့လာထားတဲ့အချက်အလက်တွေအရ နားလည်အောင်လုပ်ပြီး ဆိုးကျိုးတွေ မဖြစ်စေအောင် အစိုးရဌာနတွေအားလုံးက ကာကွယ်ဆောင်ရွက်သွားရတော့မှာဖြစ်ပါတယ်။

သမ္မတအမိန့်အတိုင်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် အိမ်ဖြူတော်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မျှတမှုရှိစေရေး ရုံခန်းကိုလည်း ဖန်တီးမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု၊ လူမျိုး အသားအရောင် ကွဲပြားမှုတွေပေါ် မူတည်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ၊ သဘာဝရဲ့ ဆိုးကျိုးဂယက်တွေ ခံစားရတာမျိုး မဖြစ်စေအောင် ဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG