သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘာားမား ကင်ညာရောက်ရှိ


အမေရိကန်သမ္မတ Barack Obama (ဝဲ) နဲ့ ကင်ညာ Uhuru Kenyatta
အမေရိကန်သမ္မတ Barack Obama (ဝဲ) နဲ့ ကင်ညာ Uhuru Kenyatta

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကင်ညာသမ္မတ Uhuru Kenyatta နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ အကြမ်းဖက်သမား နှိမ်နင်းရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ကင်ညာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတာကို သူ့အနေနဲ့သိရှိကြောင်း မစ္စတာ အိုဘားမားက ဆွေးနွေးပွဲအပြီးမှာ ပြောဆိုပါတယ်။

အဲဒီလိုဆက်ဆံရေးတိုးမြှင့်သွားဖို့ကင်ညာသမ္မတနဲ့လည်း သဘောတူညီခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အာဖရိကမှာ စွန့်ဦးတီထွင်ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကိုင်ခြင်းအားဖြင့် အဟန့်အတားတွေကို ကျော်လွှား နိုင်မှာဖြစ်သလို ယဉ်ကျေးမှုတွေလည်း ပေါင်းကူးစပ်ယှက်မိမှာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ ဒီကနေ့အစောပိုင်းတုန်းက သမ္မတ Barack Obama က ပြောပါတယ်။

ကမ္ဘာ့စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များ ညီလာခံအတွင်း အာဖရိကမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့တဲ့အပြင် အာဖရိကမှာသာမဟုတ်ဘဲ အနာဂတ်မှာ အာဖရိကဟာကမ္ဘာကြီးရဲ့အချက်အချာကျတဲ့ ဗဟိုချက်မဖြစ်ဖို့လိုတယ်လို့လည်း သမ္မတက ပြောပါတယ်။ အာဖရိကမှာ ပထမဆုံးအနေနဲ့ကျင်းပတဲ့ရင်းနှီးညီလာခံကို ကင်ညာသမ္မတ Uhuru Kenyatta နဲ့ သမ္မတအိုဘားမားတို့ ခေါင်းဆောင်ပြီး ပူးတွဲကျင်းပတာ ဖြစ်ပါတယ်။

XS
SM
MD
LG