သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အီသီယိုးပီးယားရောက်


အီသီယိုပီးယားနိုင်ငံတော်အလံ (ဝဲ) နဲ့ အမေရိကန်အလံ (ဗဟို)မှာတွေ့ရစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)
အီသီယိုပီးယားနိုင်ငံတော်အလံ (ဝဲ) နဲ့ အမေရိကန်အလံ (ဗဟို)မှာတွေ့ရစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၅)

အမေရိကန်သမ္မတ Barack Obama ဟာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးနဲ့ တောင်ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ကိစ္စ တွေကို ၂ ရက်ကြာ အာရုံစိုက် ဆွေးနွေးပြောဆိုဖို့အတွက် အီသီယိုးပီးယားနိုင်ငံကို ဆိုက်ရောက် သွားပြီ ဖြစ်ပါတယ်။

သမ္မတအိုဘားမားကို အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် Addis Ababa က နိုင်ငံတကာလေဆိပ်မှာ အီသီယိုးပီးယား ဝန်ကြီးချုပ် (ဟိုင်လီမာရီယမ် ဒီဆယ်လန်) Hailemariam Desalegn က ကြိုဆိုခဲ့ပြီး အမေရိကန်သံရုံး အမှုထမ်းတွေနဲ့ တွေ့ဆုံဖို့အတွက် အမေရိကန်သံရုံးကို ခေါ်ဆောင်သွားခဲ့ပါတယ်။

သမ္မတအိုဘားမားဟာ တနင်္လာနေ့မှာ အီသီယိုးပီးယားခေါင်းဆောင်တွေနဲ့ ၂ နိုင်ငံရေးရာကိစ္စတွေ တွေ့ဆုံဖို့ စီစဉ်ထားသလို အရှေ့အာဖရိကနိုင်ငံတွေရဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့တွေ့ဆုံပြီး တောင်ဆူဒန်နိုင်ငံက ပဋိပက္ခ အရေးကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။ အီသီယိုးပီးယားနိုင်ငံ ခရီးစဉ်မတိုင်ခင် သမ္မတအိုဘားမားဟာ သူ့ဖခင်ရဲ့ဇာတိ ကင်ညာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒီအရပ်မှာ သူ့အပေါ် ကင်ညာ ဇာတိဖွားတဦးသဖွယ် သဘောထားဆက်ဆံ ခဲ့ကြပါတယ်။

ကင်ညာနိုင်ငံကနေ တနင်္ဂနွေနေ့ ပြန်လည်မထွက်ခွာခင် မိန့်ခွန်းပြောဆိုရာမှာ သမ္မတအိုဘားမားက ကင်ညာနိုင်ငံဟာ အန္တရာယ်တွေရှိသလို အလွန်အလားအလာကောင်းတွေရှိတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီလို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ အိုဘားမားဟာ အီသီယိုးပီးယားနိုင်ငံကို လက်ရှိအမေရိကန်သမ္မတထမ်းဆောင်နေစဉ်အတွင်း ပထမဦးဆုံး သွားရောက်တဲ့ သမ္မတဖြစ်သလို အီသီယိုးပီးယားနိုင်ငံဟာ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အယ်လ်ရှာဘတ်အဖွဲ့ကို ချေမှုန်းရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရေးအပါဆုံး မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG